မတူသောသဘောထား

ရွှေ မင်း သားSeptember 26, 20101min954

လူတိုင်းတွင်သဘောထား အကြိုက်ချင်းမတူညီနိုင်ပါ။ သူ့ အကြိုက်နှင့် ကိုယ့်အကြိုက် မတူညီသည့် အပေါ်တွင်သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာမည်။ တချို့သောသူများက စိတ်ချောက်ချားဖွယ် ရုပ်ရှင် များကို ကြိုက်မည်။ တချို့ က ပစ်ခိုက်တိုက်ခိုက်ကြသည့် အက်ရှင်ကားကို ကြိုက်မည်။ ခရီးတစ်ခုကို သွားမည်ဆိုပါစို့ ။ တစ်ဦး က အေ လမ်းမှသွားချင်သည်။ နောက်တစ်ဦး က  ဘီ လမ်းမှသွားချင်သည်။ သူတို့ သည် အကောင်းဆုံးဆိုသော လမ်းများကို ကိုယ်စီ ရွေးချယ်ထားကြသည်။
တစ်ဦးက ရွာလမ်းဘေးအတိုင်း သွားတာ အကောင်းဆုံးဟုပြောမည်။ နောက်တစ်ဦး က အမြန်လမ်းက သွားရင် အကောင်းဆုံးဟုပြောမည်။
အကောင်းဆုံးလမ်းကို အဓိပါယ်ဖွင့် ဆိုမှုပေါ်တွင် မူတည်မည်။
အကောင်းဆုံးလမ်းသည် အမြန်ဆုံး ရောက်သောလမ်းဖြစ်သည်။
အကောင်းဆုံးလမ်းသည် ရှုခင်းအလှပဆုံးလမ်းဖြစ်သည်။
အကောင်းဆုံးလမ်းသည် သွားလာရေးလွယ်ကူသော လမ်း ဖြစ်သည်။
အကောင်းဆုံးလမ်းသည် ယာဉ်ကြော ရှင်းသော လမ်းဖြစ်သည်။
အကောင်းဆုံးလမ်းသည် အတိုဆုံးလမ်း ဖြစ်သည်။
ထို့ကြောင့် အကောင်းဆုံးလမ်းကို အဓိပ္ပါယ် တိတိကျကျ ရှင်းရှင်းလင်းလင်း ဖွင့် ရန် မလွယ်ချေ။ ကွဲပြားချားနားသော ထင်မြင်ချက်များ ပေါ်ထွတ်လာမည်။ အားလုုံးသော ထင်မြင်ချက်များတွင် ကျိုးကြောင်းဆီလျှော် ကြသည်။
လူတစ်ဦးသည် ပန်းခြံ တစ်ခုတွင် သူမြင်ခဲ့သော ရှုထောင့်တစ်ခုကိုပြောမည်။ နောက်တစ်ဦးသည်လဲ သူမြင်ခဲ့သော နောက်ရှုထောင့် တစ်ခုကိုပြောမည်။ သူတို့နှစ်ဦးလုံးသည် သူတို့မြင်ခဲ့သော ရှုထောင့်များကို ဖွဲနွဲ့ပြီးပြောကြမည်။ အားလုံး ကျိုးကြောင်းဆီလျှော် မည်။ အကျိုးအကြောင်း ခိုင်လုံ ကြမည်။
ငွေချေးသူနှင့် ငွေထုတ်ချေးသူ ကိုကြည့်မည်ဆိုပါစို့ ။ သူတို့၏အတိုးနှုန်းမှာ သာမန် မျှတသော အတိုးနှုန်းဖြစ်ချင် ဖြစ်မည်။ သို့သော် ငွေချေးသူက အတိုးနှုန်း နည်းချင်သည်။ ငွေထုတ်ချေးသူ အတိုးနှုန်းများချင်သည်။ သူတို့တွင် ကိုယ်စီအကြောင်းပြချက် ရှိကြသည်။ သူတို့၏ သဘောထားကွဲလွဲ ချက်မှာ ကြီးမားသည်။ ဆန့်ကျင် ဘက် ဖြစ်နေမည်။ သူတို့၏ အမြင် နှစ်မျိုးလုံး မှန်နေမည်။
ဖန်ခွက်ထဲတွင် ဝိုင်တစ်ဝက်ထည့်ထားလျှင် တစ်ဦးက ဝိုင်တစ်ဝက်လျော့နေသည်။ အပြည့်မရှိ ဟုဆိုမည်။ နောက်တစ်ဦးက ဝိုင် တစ်ဝက်ရှိသည်။ တဝက်ပြည့်နေသည်။ စသဖြင့် သဘောထားများကွဲ လွဲမည်။
ထို ဝိုင်ထည့်ထားသော ဖန်ခွက် ကို ဖန်ခွက်ထုတ်လုပ်သူ တစ်ယောက်ကြည့်လျှင် ဖန်ခွက်က ထူသည်။  ဟုပြောမည်။ ဝိုင်လုပ်သူက ကြည့်လျှင် ဝိုင် အရေအသွေးကို ကြည့်မည်။ ဖန်ခွက်ထုတ်လုပ်သူက ဖန်ခွက်လုပ်သော အတွေ့အကြုံ သူတွင်ရှိသည်။ ဝိုင်လုပ်သူက ဝိုင်လုပ်သော အတွေ့အကြုံရှိ သည်။ သူတို့ သုံးသပ်ချက်များ သူတို့ ရဲ့ အမြင်များ မ မှားနိုင် ။ သို့ သော်  အမြင်များလဲ မတူနိုင်။
အိမ်ထောင်ရေးအဆင်မပြေသော အိမ်ထောင်သည် တစ်ယောက်သည ် သူတွင် အိမ်ထောင်ရေး အဆင်မပြေသော အတွေ့ အကြုံ ရှိမည်။
အိမ်ထောင်ရေး  အဆင်ပြေသူ အိမ်ထောင်သည်တစ်ယောက်တွင် အိမ်ထောင်ရေး အဆင်ပြေသော အတွေ့ အကြုံ သူ့တွင်ရှိမည်။
သူတို့သည် အိမ်ထောင်သည်ချင်းတူသော်လဲ အတွေ့အကြုံကွဲလွဲကြသည်။ ထို့အတူ အိမ်ထောင်ရေးနှင့် ပတ်သက်သော အတွေးအခေါ် အမြင်များ မတူညီနိုင်။ အနာဂတ်နှင့်ပါတ်သက်၍ သူတို့နှစ်ဦးသည်  ကြီးမားသော သဘောထားကွဲလွဲမှုများ ထွတ်ပေါ်လာနိုင်သည်။
ကျနော်တို့သည် မိမိပါတ်ဝန်းကျင် အတွေ့အကြုံများ လိုက်၍ တွေးခေါ်ကြံစည်မှုများ သဘောထားများဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူတစ်ဦး နှင့် တစ်ဦး စဉ်းစားပုံ တွေးခေါ်ပုံ သဘောထားများ တူညီကြမည်မဟုတ်ပါ။ ဖန်ခွက် ထုတ်လုပ်သူရဲ့ အမြင် ၊ ဝိုင်လုပ်သူရဲ့ အမြင်၊ အိမ်ထောင်ရေး အဆင်မပြေသူရဲ့ သဘောထား ၊ အိမ်ထောင်ရေး အဆင်ပြေသူရဲ့ သဘောထား မတူညီနိုင်ပါ။

ပျော်ရွင်စရာ ကောင်းသော ဒီဆိုဒ် ဒီနေရာလေးတွင် ကွန်မန့် တွေလိုက်ရေးလို့ သဘောထားမတူတာတွေ တွေ့ရင် စိတ်မဆိုးစေလိုကြောင်း။

မှတ်ချက်။                ။ စိတ်အလှဖြင့် ဘဝကို အလှဆင် စာအုပ်မှ အတွေးလေးပါ။

4 comments

  • search123

    September 26, 2010 at 11:12 am

    နားလည်မှုတွေနဲ့ ပဲ ဘဝ ကိုတည်ဆောက်ကြရတာပါ။ အတွေးချင်းမတူလို့ဆိုပြီး စိတ်ညစ်နေလို့လည်း မဖြစ်တော့။

  • kopauk mandalay

    September 26, 2010 at 3:53 pm

    မတူသော အမြင်ဆိုတာ သေချာပေါက်ရှိရမှာပေါ့။
    တူသောအမြင်ဆိုတာလဲ သေချာပေါက်ရှိနေမှာပဲ။

    မတူတာကို ညှိယူရင်လဲရတယ်။
    မတူတာကို မတူတဲ့အတိုင်းထားရင်လဲရတယ်။
    မတိုက်ခိုက်ရင် ပြီးတာပါဘဲ။
    ငြိမ်းချမ်းစွာနေကြတယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက်မတူသောအမြင်တွေကို
    မသိချင်ယောင်ဆောင်ပြီး ထားကြတာပါ။

  • thethtet87

    September 27, 2010 at 1:20 pm

    လူတိုင်းအတွေးချင်တူးနေရင်တိုးတက်မှုတွေဆိုတာမဖြစ်လာနိုင်တော့ဘူးထင်တယ်။မတူတဲ့အတွေးကိုဆွေးနွေးညှိ
    နှိုင်းရင်းတိုးတက်မှုဆိုတာဖြစ်လာမှာဘဲလေ။

  • michaelaungpu

    September 28, 2010 at 7:27 am

    ဟုတ်ပါတယ် မတူတာတွေကို စာရင်းပြုစုလို ့ မနိုင်အောင်များပါတယ် အထူးသဖြင့်မတူတာတွေကို ငြင်းခုန်ကြမယ့်အစား ဆွေးနွေးညှိုနှိုင်းတာ အကောင်းဆုံးပါဘဲ သဘောတူညီမှုမရခဲ့ကြရင် အမှတ်တေးမထားကြနဲ ့ပေါ့
    သေတာချင်းတူရင်တောင် အချိန်နေရာနဲ ့ပုံသဏ္ဌာန် က
    ကွဲပြားသေးတာပါဘဲ

Leave a Reply