အမျိုးသားများအတွက် အသားအရေ ထိန်းသိမ်းနည်းများ

introMarch 31, 20101min703

အမျိုးသားတွေအနေနဲ့ကြည့်ကောင်းနေဖို့ဆိုရင် အဖုအပိမ့်ကင်းစင်သော သန့်စင်တဲ့အသားအရေပိုင်”ဆိုင်ဖို့လည်းလိုအပ်နေပါတယ်။ ဒါကြောင့် အမျိုးသားတိုင်းပြုလုပ်သင့်တဲ့အခြေခံအသားအရေထိန်းသိမ်း”နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

အသားအရေထိန်းပစ္စည်းရွေးဝယ်ရာမှာ

– ခန္ဓာကိုယ်သုံးဆပ်ပြာနဲ့ မျက်နှာသစ်ဆပ်ပြာဝယ်တဲ့အခါ အစိုဓါတ်ထိန်းအလှဆီ (Moisturizer) ပါတာ
ရွေးဝယ်ပါ။

– မျက်နှာသစ်ပြီး လိမ်းမယ့် (Moisturizer) မှာအနည်းဆုံး SPF ၁၅ ဆပါဝင်ဖို့လိုပါတယ်။ ဆောင်းရာသီ
မှာ သင့်အသားအရေက အလွန်အမင်းခြောက်သွေ့နေရင် ခန္ဓာကိုယ်ကိုဂလစ်ဆရင်းအလှဆီလိမ်းပါ

အသားအရေခြောက်သွေ့ခြင်းကင်းဝေးအောင်

– ရေပူနဲ့မချိုးဘဲ ကြက်သီးနွေးရေနဲ့သာချိုးပါ

– ရေချိုးချိန်ဟာ ၁ဝမိနစ်ထက် ပိုမကြာပါစေနဲ့

– ရေချိုးပြီးခန္ဓာကိုယ် လန်းဆန်းစိုပြည်နေတုန်းလိုးရှင်းလိမ်းပါ

အမွှေးအမှင်ရိတ်သင်ရာမှာ

– ရေချိုးပြီးချိန်မှာ အမွေအမှင်ရိတ်ပါ။ဒါမှမဟုတ်အမွေးအမှင်မရိတ်ခင်မိနစ်အနည်းငယ်ပူနွေးစိုစွတ်
တဲ့တဘက်နဲ့မျက်နှာကို သုတ်ပါ။

– အမွေးပေါက်ရာလမ်းအတိုင်းရိတ်တာဟာ ပိုပြီလွယ်ကူပါတယ်။

– အမွေးရိတ်ပြီး ရေများများနဲ့ဆေးချကာတဘက်နဲ့ညင်ညင်သာသာတို့ထိပါ။ကြမ်းကြမ်းတမ်းတမ်း
ပွတ်တိုက်မပစ်ပါနဲ့။

– အမွေးရိတ်ပြီးအရေပြားကျန်းမာအောင် ခရင်မ်လ်ိမ်းပေးပါ။

သင့်အသားအရေဟာ ဝက်ခြံ ပေါက်လွယ်တဲ့ အသားအရေဆိုရင် နေ့စဉ် Benzoyl Peroxide ပါတဲ့
မျက်နှာသစ်ဆေးနဲ့ဆေးကြောပေးနိုင်ပါတယ်။

Ref: forward mail

3 comments

  • susunosuki

    April 16, 2010 at 3:30 pm

    ကျေးဇူးပါ
    ကျွန်တော့်မျက်နှာကို ဘယ်လိုထိန်းသိမ်းရမလဲ အခက်တွေ့နေတာနဲ့အတော်ပါပဲ“
    တစ်ခုတော့ရှိတယ်
    SPF 15 ဆ ဆိုတာ မရှင်းဘူးဗျ

    • PMP

      July 29, 2011 at 10:32 am

      နေလောင်ကာကွယ်တာကိုပြောတာ…ကြားဘူးတာတော့ နေပူထဲမှာနေရင် တစ်နာရီကို SPF 4 လောက် လောင်ကျွမ်းတယ်ဆိုတော့ ၃နာရီကျော် ၄နာရီနီးပါး နေလောင်ဒဏ်ကြောင့်ဖြစ်စေနိုင်တဲ့ အရေပြားရောဂါတွေကို ကာကွယ်ပေးတာကိုပြောတာပါ..

  • laypyay

    May 2, 2010 at 2:19 pm

    ကျေးဇူးပဲ ဗျို့ ကျနော ်လဲ အသားရေ မကောင်းလို့ စိတ်ညစ်နေတာ .. ခုတော့ စမ်းကြည့်လိုက်အုံးမယ် ..။

Leave a Reply