ဂျပန်နိုင်ငံမှာ ငါးအစိမ်းတွေနဲ့ လုပ်တဲ့ ဆူရှီးကို နှစ်ရှည်လများစားသုံးပြီး ဒီလိုမျိုးရောဂါဖြစ် ကြတာပါ …. အောက်ကပုံကိုကြည့်ပါ ..
ဲဒါကတော့ ဦးခေါင်းပိုင်းမှာပါ အဲဒီလူဟာ ဆူရှီးဆိုင်ဖွင့်ထားပြီး အရမ်းနှစ်ခြိုက်ပါတယ်။ ပင်လယ်ငါးအငန်ပါတဲ့ ဆူရှီးကို နှစ်ခြိုက်စွာ စားသုံးခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ။ ထို့နောက်ပိုင်း ခေါင်းကိုက်ဝေဒနာစွဲကပ်လာခဲ့ပါ တယ်။ ဘာကြောင့်မှန်းလဲမသိ ဘယ်လိုမှလဲ အဖြေရှာမရခဲ့ပါဘူး။ နောက်ဆုံး မခံနိုင်တဲ့အဆုံး ဆေးရုံမှာ သွားရောက်အစစ်ခံခဲ့ပါတယ် ဆေးရုံရောက်လို့ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ဓာတ်မှန်က ဖော်ပြချက်အရ ဦးနှောက်အတွင်းမှာ မဲမဲအရာများရှိနေတဲ့အတွက် ဆက်လက်စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ အဲဒီလို စမ်းသပ်နေဆဲမှာပဲ ဦးခေါင်းပေါ်မှာ ပုံထဲမှာမြင်ရတဲ့လောက်ကောင်လေးတကောင် ကျလာတာကို ဆရာဝန်တဦးက တွေ့ရှိခဲ့တဲ့အတွက် ဒီလိုမျိုးခွဲစိပ်လိုက်တဲ့အခါမှာတော့ မြင်တဲ့အတိုင်းပါပဲ ပင်လယ်ငါး သို့မဟုတ် ငါးတွေအတွင်းမှာ ဆေးပညာအခေါ်အဝေါ် tapeworms and roundworms လို့ခေါ်တဲ့ ပိုးတွေဟာ သူတို့ဥတွေလဲ ရှိနေတတ်ပါတယ်။ အဲဒါတွေကို သေစေဖို့အတွက် 4 deg C – 0 deg C အအေးခန်း သို့မဟုတ် အလွန်ဆူပွက်နေတဲ့ ရေအတွင်းမှာသာ သေစေနိုင်တယ်လို့ ပြောပါတယ်။ ဘယ်လို ရောက်သွားလဲတော့ မသိဘူး။ စားတာများလို့ ရောက်သွားတာလား မသိဘူး။

အခုက မြန်မာ ပြည်မှာ ကိုရီးယား ခေတ်ဖြစ်နေတော့ ဆူရှီကို လူတွေ တော်တော် စားလာကြတယ်။ သတိပြုမိအောင် တင်ပေးလိုက်ပါတယ်။

အခု ပြန်ပြီး ရှာဖွေ လေ့လာကြည့်တော့ အဲဒီ လူက လူသေကြီး ဖြစ်နိုင်ပါတယ်။
ခေါင်း မရိတ်ထားတဲ့ အတွက် အရှင်မှာ ခွဲကြည့်တာ မဖြစ်နိုင်ပါဘူး။
နောက်ထပ် သံကောင် တုတ်ကောင် ဆိုတာကို တင်ထားပါတယ်။ ခေါင်းထဲမှာတော့ မဟုတ်ဘူး ဗိုက်ထဲက ထွက်နေတာပါ။

About ဆူး

has written 398 post in this Website..