ကိုယ်နံ့လေးရယ်သင်းစေလို

ဆူးSeptember 26, 20101min843

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း ဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ် တတ်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှ အနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ လိင်အမျိုးအစားအလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက်လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။ ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်းများမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ် လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းတွေကတော ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်စေတဲ့အဓိကအကြောင်းအရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။
လူတိုင်း လူတိုင်းမှာ ကိုယ်စီ အနံ့ရှိကြပါတယ်။ တချို့က ကိုယ်နံ့သင်းကြတယ်။ တချို့ကလည်း အနားပင် မကပ်ချင်လောက်အောင် နံကြတယ်။ တချို့ကျတော့ ကိုယ် ကိုယ်တိုင် အနံ့မကောင်းတာတောင် မသိဘဲ ကိုယ့်အနံ့နဲ့ ကိုယ် ယဉ်နေတတ်တယ်။ အနားမှရှိသူတွေအတွက် အားနာစရာပေါ့။ လူတိုင်းကို သိစေချင်တာက ခန္ဓာကိုယ်က အနံ့ထွက်တယ်ဆိုတာက ပကတိ သဘာဝအခြေအနေတစ်ခုပါ။ အဲဒါအတွက် စိုးရိမ်စရာမရှိပါဘူး။ အနံ့မကောင်းရင် ကောင်းအောင် လုပ်လို့ရပါတယ်။ အောက်ပါနည်းတွေနဲ့ ပျောက်သွားတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ကိုယ်နံ့နံတာကို ဘယ်လိုပျောက်အောင် လုပ်မလဲမပြောခင် ကိုယ်အနံ့ဖြစ်ပေါ်လာပုံလေး အရင်ပြောချင်ပါတယ်။
ကိုယ်အနံ့ဆိုတာ ဘာလဲ။

လူအများစုထင်ကြတာက ချွေးထွက်ရင် ကိုယ်အနံ့ထွက်တတ်တဲ့အတွက် ချွေးကြောင့် အနံ့ထွက်တယ်။ ဒါ့ကြောင့် ဗမာလို ချွေးနံ့နံတယ်လို့ လည်း ပြောကြတာကိုး။ တကယ်က ချွေးက ကိုယ်ခန္ဓာက ထွက်ထွက်ချင်းမှာ ဘာအနံ့မှ မရှိပါဘူး။ သူက ချွေးဂလင်းတွေကနေထုတ်လိုက်တဲ့ ရေနဲ့ အညစ်အကြေးတွေပဲ ပါဝင်ပါတယ်။ လူ့ခနာမှာ ချွေးဂလင်း အမျိုးအစား ၂ မျိုးရှိပါသည်။ apocrine sweat gland လို့ခေါ်တဲ့ အမွှေးအမျှင်များတဲ့ နေရာတွေဖြစ်တဲ့ ချိုင်း ပေါင်ခြံတို့မှာရှိသော ချွေးဂလင်းနဲ့ ပုံမှန် တစ်ကိုယ်လုံးမှာရှိတဲ့ eccrine ချွေးဂလင်းဆိုပြီး ဖြစ်ကြပါတယ်။ သာမန်ချွေးဂလင်းတွေက မွေးကတည်းက ပုံမှန်ချွေးထုတ်ပေမယ့် apocrine gland တွေကတော့ အရွယ်ရောက်တဲ့အချိန် လူပျို အပျို စဖြစ်တဲ့အချိန်မှ စပြီး အလုပ်လုပ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ချွေးနံ့နံတယ် ချိုင်းနံ့နံတယ်ဆိုတာ အရမ်းရှာပါတယ်။ တကယ်လို့နံတယ်ဆိုရင်လည်း ကြီးကြီးမားမားရောဂါတစ်ခုခုကြောင့် သာ ဖြစ်နေတတ်ပါတယ်။ ချွေးအကြောင်း ဆက်ပြောရရင် အရွယ်ရောက်လာတဲ့အခါ ဖွံ့ဖြိုးလာတဲ့ apocrine gland တွေကထွက်တဲ့ ချွေးက သာမန်ချွေးအရည်ထက် ပိုပျစ်တတ်ပါတယ်။ sex hormone တွေ ရဲ့ သက်ရောက်မှုကြောင့်ပါ။ အဲဒီအခါမှာ ချွေးကြောင့် စိုစွတ်နေတတ်တဲ့ နေရာတွေမှာ ဘက်တီးရီးယားပိုးတွေ ပေါက်လာတတ်တယ်။ ချိုင်းတို့ ပေါင်ခွကြားတို့မှာရှိတဲ့ အရေပြားပေါ်မှာပါ။ လူကို ဒုက္ခ သိပ်ပေးလေ့ မရှိပါဘူး။ ဘက်တီးရီးယားတွေက ချွေးကို စားသုံးပြီး ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေကြောင့်သာ ကိုယ်နံ့ဆိုတာ ဖြစ်လာတာပါ။ ဒီအတိုင်းနေရင် တော့ သိပ်မနံပေမယ့် အဲဒီနေရာတွေကို သေချာစွာ သန့်ရှင်းရေး မလုပ်တဲ့အခါ ဘက်တီးရီးယားတွေ ပွားများပြီး အလွန်နံလာတတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ နေထိုင်တဲ့ ဘက်တီးရီးယားချင်း တူချင်မှ တူမည် ဖြစ်သည့်အတွက် ကိုယ်နံ့လည်း မတူနိုင်ပေ။
နောက်ထပ် အနံ့ထွက်စေတဲ့အရာကတော့ အစားအသောက်ပါပဲ။ ဒါကတော့ လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ကိုယ်စားတဲ့အစားအသောက်ရဲ့အနံ့က ချွေးမှ ရတတ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် အူအတွင်းမှ စုပ်ယူလိုက်တဲ့ အာဟာရတွေကို သွေးကတဆင့် အသည်းဆီကို ပုံမှန်အားဖြင့် သယ်ဆောင်ပေးပါတယ်။ အသည်းမှာ processing လုပ်ပြီးရင် စွန့်ပစ်ရမည့် ဒြပ်ပေါင်းတွေကို ချွေးမှလည်း အနည်းငယ် စွန့်ပစ်ပါတယ်။ ဒါကြောင့် အစားအသောက်ပုံစံတူတဲ့လူမျိုးတွေဟာ ကိုယ်နံ့လည်း တူတတ်တာပါပဲ။ တချို့အစားအသောက်တွေဟာ ကိုယ်နံ့နံကို နံပါတယ်။ တစ်ခုသတိထားရမှာက အစားအသောက်ကြောင့် ကိုယ်နံ့နံတာဆိုရင် တကိုယ်လုံးမှာရှိတဲ့ ချွေးဂလင်းတွေက အနံ့ထုတ်တဲ့အတွက် ချိုင်းတို့ ဂုတ်တို့ ပေါင်ခြံတို့သာမကဘဲ တကိုယ်လုံးနံတတ်ပါတယ်။ နောက်တစ်ခုက ဆေးလိပ်။ သူ့ကိုလည်း ခနာကိုက စွန့်ပစ်ရင် အနံ့ဆိုးဆိုးတစ်မျိုးထွက်ပါတယ်။ နောက်ပြီး ဆေးလိပ်သောက်သူတွေက အနံ့ပြင်းတဲ့အစာတွေကို စားရင် ပိုပြီးတော့ ကြာကြာနံပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေဟာ အရေပြားက သွေးကြောတွေကို ကျဉ်းမြောင်းစေသောကြောင့် ဖြစ်ပါတယ်။
နောက်ထပ်ချွေးနံ့ နံစေတဲ့အချက်တစ်ချက်ကတော့ အသည်း နဲ့ ကျောက်ကပ်အစရှိတဲ့ အညစ်အကြေးစွန့်တဲ့ အဂါႍအစိတ်အပိုင်းတွေ ချွတ်ယွင်းခြင်း ဖြစ်ပါတယ်။ သူတို့က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာမှာ အညစ်အကြေးတွေ စုအောင်းနေတတ်ပါတယ်။ အဲဒီအခါမှာလည်း ချွေးမှတဆင့် ဒီအညစ်အကြေးတွေကို စွန့်ပစ်ရတဲ့အတွက် ခန္ဓာကိုယ်မှ တော်တော်နံတတ်ပါတယ်။

ကိုယ်အနံ့မနံအောင် ဘယ်လိုလုပ်မလဲ။
ကိုယ်နံ့နံနေပြီဆိုရင် လူမှုရေးအရသော်လည်းကောင်း မိမိကိုယ်ကို ယုံကြည်မှုအားဖြင့်သော်လည်းကောင်း ကျဆင်းသွားတတ်ပါတယ်။ လူတောမတိုးဝံ့အောင်တောင် ဖြစ်နိုင်ပါတယ်။ သို့သော် အားငယ်မနေဘဲ ငါဒီအနံ့ကို ပျောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

တကိုယ်ရည်သန့်ရှင်းရေး
ပထမဆုံးအချက်ကတော့ ရေပုံမှန်ချိုးရပါမယ်။ ရေချိုးတာများ လွယ်လွယ်လေးလို့ မစဉ်းစားလိုက်ပါနဲ့။ အနည်းဆုံး မိနစ် ၂ဝ ခန့်ကြာအောင် ရေထဲစိမ်ထားဖို့ လိုပါတယ်။ အနောက်တိုင်းသားတွေကို ရေချိုးကန်ထဲမှာ စိမ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်တိုက်ဆပ်ပြာသုံးရာတွင် ဘက်တီးရီးယားပိုးများကို သေစေနိုင်သည်ဟု အာမခံချက်ပါဝင်သော ကိုယ်တိုက်ဆပ်ပြာကို သုံးသင့်တယ်။ တာမွေမီးပွင့်မှာ ဆိုင်းဘုဒ်တွေနဲ့ ကြော်ငြာတဲ့ အပေါစားဆပ်ပြာတွေကို ရှောင်ပါ။ ဆပ်ပြာနဲ့ တစ်ကိုယ်လုံးကို သေချာစွာတိုက်ပါ။ ဆပ်ပြာမြှုပ်များ အရေပြားပေါ်တွင် ၁ မိနစ်ခန့် ကြာအောင် ထားပါ။ ပြီးမှ ရေလောင်းချပါ။ ထို့နောက် ချေးတွန်းတဲ့ ရေမြှုပ်နဲ့ တစ်ကိုယ်လုံးကို သေသေချာချာ ပွတ်တိုက်ပါ။ အထူးသဖြင့် ချိုင်း ပေါင်ခြံ နဲ့ ဂုတ် တကောက်ကြော အစရှိတဲ့ နေရာတွေကို သေချာတိုက်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် အရေပြားပေါ်က ဘက်တီးရီးယားပိုးများ နည်းပါးသွားပါလိမ့်မယ်။ သို့သော် အထက်ပါနည်းလမ်းသည် ဘက်တီးရီးယားအားလုံးကို မသေစေနိုင်ပါ။ ၎င်းတို့က အချိန်တန်လျင် ပြန်ပွားလာမည်သာ ဖြစ်သည်။ ထို့ကြောင့် ပုံမှန်လုပ်ဖို့ လိုပါသည်။ နေ့တိုင်းမလုပ်နိုင်ရင်တောင် ၃ ရက်ခြားလောက်လုပ်စေချင်ပါသည်။ အချို့ကလည်း ထိုသို့ ရေစိမ်နေချိန်အတွင်း ခရမ်းချဉ်သီးအရည်နဲ့ တစ်ကိုယ်လုံးကို စိမ်ပါတယ်။ အနံ့အသက်တွေကို ကင်းဝေးစေတယ်လို့ အယူအဆရှိပါတယ်။

အဝတ်အစား
ကိုယ်က ထွက်တဲ့အနံ့တွေဟာ အကျီတွေမှာလည်း စွဲနေတတ်ပါတယ်။ လူကတော့ သန့်ရှင်းအောင် ပြုလုပ်ပြီး အဝတ်အစားတွေကျတော့ ဘာမှမလုပ်ရင် သိပ်ပြီး အကျိုးထူးမှာ မဟုတ်ပါဘူး။ ကိုယ်ပုံမှန်ဝတ်နေကျအဝတ်အစားတွေကို ရေနွေးနဲ့ ပြုပ်ပါ။ တော်ရုံတန်ရုံအနံ့တော့ ပျောက်နိုင်ပါသည်။ တတ်နိုင်ရင်တော့ အနံ့ချွတ်ဆေးဝယ်ပြီး သုံးနိုင်ပါသည်။ လူကော အဝတ်ပါ သန့်ရှင်းအောင် လုပ်ပါက အနံ့ကင်းဝေးမည်ဖြစ်သည်။

ချိုင်းချွေးနံ့ပျောက်ဆေးများ နှင့် ချိုင်းလိမ်းတောင့်များ
ချွေးနံ့ပျောက်ဆေးတွေရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ချွေးမထွက်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ချွေးမထွက်တော့ တော်ရုံတန်ရံ ုအနံ့မနံတော့ဘူးပေါ့။ ချိုင်းလိမ်းတောင့်တွေကတော့ အဓိက က ရေမွှေးပါဝင်တာပါပဲ။ ရေမွှေးနံ့ကြောင့် ချွေးနံ့ကို အုပ်သွားခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း ချိုင်းလိမ်းတောင့်တွေဟာ ချွေးနံ့ပျောက်ဆေးပါ ပါဝင်တတ်ပါတယ်။ သို့သော် ယာယီမျှသာဖြစ်ပါတယ်။ ဆေးအာနိသင်ပြယ်သွားရင် ချွေးပြန်ထွက်ပြီး နံလာမည်သာ ဖြစ်သည်။ တကိုယ်ရည်သန့်ရှင်းရေးကိုလည်း လုပ်မည်။ ချိုင်းလိမ်းတောင့်ကိုလည်း သုံးမည်ဆိုရင်တော့ ကောင်းပါသည်။ မဟုတ်ပါက တစ်နေ့လုံး ချိုင်းလိမ်းတောင့် ဆောင်နေရမည်ဖြစ်သည်။

အစားအသောက်

အကြမ်းဖျင်းအားဖြင့် မဆလာ နဲ့ အပူအစပ်တွေဟာ ကိုယ်နံ့နံစေပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ အစရှိတဲ့ ဟင်းချက်အသီးအနံ့တွေဟာလည်း အစိမ်းစားမယ်ဆိုရင် နံတတ်ပါတယ်။ အဲဒါတွေကြောင့် နံတယ်လို့ ထင်တယ်ဆိုရင်တော့ အဲဒီအစားအသောက်တွေကို ရှောင်ကြဉ်မှပဲ ရပါမယ်။ နောက်တစ်ချက်က ဝမ်းမချုပ်အောင် ရှောင်ကြဉ်ပါ။ ကိုယ်နေ့တိုင်းစားနေတဲ့အထဲက အသားဟင်းအစား လတ်ဆတ်တဲ့အသီးအရွက်ဟင်းနဲ့ အစားထိုးပါ။ ဝမ်းချုပ်တာကို သက်သာစေသည့်အပြင် အစာခြေလမ်းကြောင်းပါ သန့်ရှင်းပြီးသား ဖြစ်သည့်အတွက် ချွေးနံ့သက်သာပါလိမ့်မည်။ ဆေးလိပ်ကိုပါ တခါတည်းပြောရမယ်ဆိုရင် ဆေးလိပ်သောက်သူတွေကသာ မသိပေမယ့် အနားမှာနေတဲ့လူတွေက သိပါတယ်။ သူတို့ရဲ့ ချွေးသာမက အကျီကပါ အနံ့ဆွဲနေတတ်ပါတယ်။ ကိုယ့်ဆီက အနံ့မထွက်စေချင်ရင်တော့ ဆေးလိပ်ဖြတ်ဖို့သာ ရှိတယ်။ ဆေးလိပ်သောက်ပြီး အနံ့ပျောက်အောင်လုပ်ချင်ရင်တော့ ချွေးအထွက်မခံဘဲ တစ်နေ့လုံး air con အောက်တွင်နေပြီး ရေမွှေးကို လှိုင်လှိုင်သုံးဖို့ရန်သာ ရှိသည်။

ကျန်းမာရေးကြောင့်ဖြစ်ပါက
အထက်ပါ နည်းလမ်းများအားလုံးကို သေသေချာချာပြုလုပ်ပါသော်လည်း ကိုယ်နံ့နံမြဲဆိုပါက ခနာကိုယ်အတွင်း၌ ရောဂါတစ်ခုခုရှိနိုင်ပါသည်။ အသည်း ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေနှင့် ဟော်မုန်းချွတ်ယွင်းတဲ့ရောဂါ များ ရှိနေနိုင်ပါသည်။ ထို့ကြောင့် သေသေချာချာ ရောဂါရှာဖွေကုသဖို့ လိုအပ်ပါသည်။

ချွေးနံ့သက်သာစေမည့် အစားအစာများ
အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန ်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ကောင်းအောင်အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ
ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ်အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတု
မှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ဒါပေမယ့်လက်ပြတ်အကျင်္ ီဝတ်ဆင်ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
– ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာရည်ကို မသုံးဖို့သတိပြုပါ။
– မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။
– ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီးရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
– ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင်လေထွက်ကောင်းတဲ့ဖိနပ်မျိုးကိုစီးပါ။

3 comments

  • kopauk mandalay

    September 26, 2010 at 3:19 pm

    ဒီပိုစ်လေးအတွက် အထူးကျေးဇူးတင်ပါတယ်။
    အရင်က အပေါ်ယံလေးလောက်ဘဲသိတာကနေ အသေးစိတ်သိလာရလို့ပါ။
    ကျနော်ကိုယ်တိုင်ကလဲ အရင်ဘဝက ခွေးဝင်စားမို့လားမသိ အနံ့နဲ့ပါတ်သက်ရင် ခံစားမူ့ကသူများထက်ပိုတယ်။
    ဟင်းက သူများက အနံ့မရသေးဘူး ကျနော့်နှာခေါင်းထဲမှာ အနံ့ကသိုးနေပြီ။
    အရင်ကျနော်ကိုယ်တိုင်လဲဆေးလိပ်သောက်တုန်းက ဒါတောင်စီးကရက်ဘဲသောက်တာနော် ချွေးထွက်ရင် အနံ့ကစိတ်ပျက်စရာ။
    ရေမွှေးလဲ မကြိုက်ဘူး။
    အခုတော့ ဆေးလိပ်မသောက်တော့ ကိုယ့်နံ့ကမပြင်းတော့ဘူး။
    ကို်ူယ်တွေ့နော် ကိုယ်တွေ့။

  • thethtet87

    September 27, 2010 at 1:26 pm

    ကျေးဇူးတင်တယ်ဗျာ။တကယ်အကျိုးရှိပါတယ်။သာမန်လူ
    တစ်ယောက်ဆိုရင်ဒီလောက်ပြောပြနိုင်မှာမဟုတ်ဘူးနော။်

  • kk

    September 27, 2010 at 2:08 pm

    ကောင်းလိုက်တဲ့ post ပါဗျာ၊ တကယ်သေချာလေ့လာပြီးပြောပြထားပေးလို့ ဗဟုသုတ အရမ်းရပါတယ်၊ ကျေးဇူးပါ။

Leave a Reply