ဇွဲရှိလာအောင် သင့်ကိုယ်သင် လေ့ကျင်ယူရအောင်

ရွှေ မင်း သားSeptember 26, 20101min603

ဇွဲဆိုသည်မှာ စိတ်ရဲ့ အခြေအနေတစ်ခုဖြစ်တဲ့ အတွက် ဒါကိုလေ့ကျင့်ယူလို့ ရပါတယ်။ သင ်  ဇွဲလုံ့လရှိလာဖို့ အောက်ပါအချက်တွေနဲ့ လေ့ကျင့်လို့ ရပါတယ်။

ရှင်းလင်းတိကျတဲ့ ရည်ရွယ်ချက်။

သင်ဘာလိုချင်တယ် ဆိုတာ ပြတ်ပြတ်သားသား သိနေခြင်းဟာ ဇွဲရှိဖို့ အတွတ် အရေးအကြီးဆုံး အချက်ဖြစ်တယ်။ ပြင်းထန်တဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားနေတဲ့ အရာတိုင်းဟာ အခက်အခဲ တွေကို ကျော်ဖြတ်လွတ်မြောက်စေပါတယ်။

ဆန္ဒ။

ခိုင်မာတဲ့ ဆန္ဒတွေ ပြင်းပြလာတဲ့ အခါမှာ လူတစ်ယောက်ဟာ အရာရာကိုလုပ်ယူနိုုင်တယ်။ အဲဒီထဲမှာ ဇွဲဆိုတာ လဲပါ ပါတယ်။

ကို်ယ့်အားကိုယ် ကိုးတတ်ခြင်း။

သူများအပေါ်မှီခိုတတ်တဲ့သူ၊ သူများရဲ့အတွေးအခေါ်တွေ ဝင်ရောက်နှောက်ယှက်ခံနေရတဲ့သူ ဟာ ဇွဲရှိသူ မဖြစ်နိုင်ပါ။

ထိရောက်သော အစီစဉ်များ။

ထိရောက် ကောင်းမွန်သော အစီစဉ်များဟာလည်း ဇွဲသတ္တိကို ပြုလုပ်ဖန်တီးပေးနိုင်ပါတယ်။ ပြုမူဆောင်ရွက်ချက်တွေကို လက်တွေ့ကျကျ ဆောင်ရွတ်တတ်စေပါတယ်။

သေသေချာချာ သိခြင်း။

တွေးတောနေရုံဖြင့် ဇွဲ ရှိလာမည် မဟုတ်ပါ။ လက်တွေ့ကျကျ ပြုလုပ်တတ်ဖို့ လိုပါတယ်။ လက်တွေ့ကျကျ ပြုလုပ်တတ် ဖို့ဆိုတဲ့ နေရာမှာလည်း ကိုယ်လုပ်ချင်တဲ့ အရာကို ကိုယ်နှံ့စပ်ကျွမ်းကျင်ဖို့ လိုပါတယ်။ ဟိုဟာနိုးနိုး ဒီဟာ နိုးနိုး ထိုင်စဉ်းစားနေလို့ မရပါဘူး။

ပူးပေါင်းဆောင်ရွက်ခြင်း။

တခြားလူတွေအပေါ်မှာ နားလည်ခွင့်လွှတ်သည်းခံခြင်းဖြင့် လိုက်လျောညီထွေဖြစ်အောင် ပူးပေါင်းခြင်းအားဖြင့် လည်း ဇွဲ လုံ့လ ရရှိစေမှာ ဖြစ်ပါတယ်။

ထိုးထွင်းသိမြင်တတ်တဲ့ ဉာဏ်။

အရာရာကို သေသေချာချာ စဉ်းစား လုပ်ကိုင်တတ်တဲ့ ထိုးထွင်းသိမြင်ခြင်းဆိုတာ လူတစ်ယောက်ကို ဇွဲလုံ့လ ရရှိစေမှာဖြစ်ပါတယ်။

အကျင့်။

ဇွဲ ရှိခြင်းမရှိခြင်းဟာ အကျင့် တစ်ခုဘဲ ဖြစ်တယ်။ အကျင့် ဆိုတာ သင့် စိတ်တွင် ဖြစ်တည်မှု တစ်ခုပါ။ စိတ်ဟာ သူ့ကို ဖန်တီး ပြုလုပ်ထားတဲ့ အတိုင်း ပြန်လည်တုံ့ ပြန်တတ်တဲ့ အတွတ်ကြောင့် စိတ်ကို အမြဲတမ်း ကြံ့ ခိုင်အောင်ထားဖို့ လိုပါတယ်။

မှတ်ချက် ။           ။ think and  grow rich စာအုပ် မှ ဖြစ်ပါတယ်။

3 comments

  • kopauk mandalay

    September 27, 2010 at 3:56 pm

    ရှေးတုံးက ပြည်လှဖေ ဆိုထားခဲ့တဲ့သီချင်းလေးမှာ
    “ဇွဲ ဇွဲ ဇွဲ ရှိမှအောင်နို်င်မည်”လို့ လှပပြီးမှန်ကန်တဲ့စာသားလေးပါ
    ပါတယ်။
    ဒါကြောင့်လိုအပ်ပြီးကောင်းတဲ့အကျင့်လေးကို မွေးယူသင့်ပါတယ်။

  • aungkyawkhant

    September 28, 2010 at 5:22 am

    အရမ်းကောင်းတဲ့စာသားလေးတွေပါ……..
    အတွေးလေးတွေလည်းကောင်းပါတယ်…..
    ဇွဲရှိရင်…………အရာအားလုံးဟာ
    အောင်မြင်ခြင်းအတွက်….လမ်းစတခုပါ……
    ဘဝရှင်သန်အောင်မြင်ခြင်ရင်………
    ဇွဲဆိုသောအရာနဲ့ခြေခံလိုက်ပါ……………..

  • thethtet87

    September 28, 2010 at 6:49 am

    သိပ်ကောင်းတဲ့စာသားလေးပါဘဲ။အရမ်းစိတ်ဓါတ်ကျ
    နေတဲ့ကျွန်တော်သူငယ်ချင်းတစ်ယောက်ကိုပေးဖတ်ဖို့
    တောင်စိတ်ကူးထားတယ်။တိုတိုလေးနဲ့လိုရင်းကိုထိ
    အောင်ရေးထားတာ။လူတိုင်းဖတ်သင့်တယ်နော်။

Leave a Reply