သူငယ်ချင်းတို့တွေ လောဘ၊ ဒေါသ၊ မောဟ တွေ ကင်းရှင်းနိုင်ကြပါစေ။

kkSeptember 26, 20101min781

ဒီလိုနဲ့ တစ်ရက်ကုန်သွားပြန်ပြီနော်….

အသက်လဲ တစ်ရက်ပိုကြီးပြီး သေဖို့လဲတစ်ရက်ပိုနီးသွားပြန်ပြီ။

လောဘ၊ ဒေါသ၊ မောဟတွေလဲ ထပ်များလာပြန်ရော…

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ဘုရားစာကို သတိရမိတယ်။

လိုချင်တာတွေ၊

စိတ်ဆိုးတာတွေ၊

မေ့လျော့တာတွေ၊

ကင်းရှင်းတော်မူပါတဲ့ မြတ်စွာဘုရား   …   တဲ့

ကျွန်တော့်မှာတော့ လိုချင်၊ စိတ်ဆိုး၊ မေ့လျော့နေခဲ့တာ နှစ်ပေါင်း တော်တော်များနေပြီ။

သက်တမ်းအားဖြင့်တွက်ရင်တော့ လူ့ဘဝမှာ တစ်ဝက်ကျော်နေထိုင်ခဲ့ပြီးပြီ။

နောက်ထပ်နေရလှ ဒီအခုကုန်လွန်ခဲ့တဲ့အချိန်လောက်ပေါ့…

အခုတလောတော့ တတ်နိုင်သမျှစိတ်ကိုအလွတ်မပေးဘဲ အသိ၊သတိလေး နဲ့နေမိတယ်။

ဒီတော့ဘာထူးခြားလဲဆိုတော့ …

စိတ်ထဲမှာ ပူလောင်မှုတွေလျော့သွားတယ်။

စပြီးပူလောင်တော့မယ်လို့ အသိရှိလိုက်တာနဲ့

ဆက်ပြီးမပူလောင်အောင် သတိနဲ့ ထိန်းမိတယ်။

သောကတွေကိုကြောက်လာပြီ။

ဒါပေမယ့်လဲ သံယောဇဉ်တွေကို မဖြတ်နိုင်သေးသမျှတော့ …….

………………………………………….

………………………………………….



သူငယ်ချင်းတို့တွေလဲ လောဘ၊ ဒေါသ၊ မောဟ တွေ ကင်းရှင်းနိုင်ကြပါစေ။

One comment

  • michaelaungpu

    September 28, 2010 at 7:14 am

    ငါရေးလိုက်တဲ့စာသားလေးကို လူတွေလက်ခံတာကို တွေ ့ လိုက်ရင် ဖြစ်သွားတယ် ပီတိ
    လက်မခံရင်ဖြစ်သွားတယ် အလိုမကျမှု ့
    (အခုတလောတော့ တတ်နိုင်သမျှစိတ်ကိုအလွတ်မပေးဘဲ အသိ၊သတိလေး နဲ့နေမိတယ်)
    (ဒါပေမယ့်လဲ သံယောဇဉ်တွေကို မဖြတ်နိုင်သေးသမျှတော့ …)

    ငါရေးလိုက်တဲ့စာသားလေးကို လူတွေလက်ခံတာကို တွေ ့ လိုက်ရင် ဖြစ်သွားတယ် ပီတိ
    လက်မခံရင်ဖြစ်သွားတယ် အလိုမကျမှု ့

Leave a Reply