ကံကောင်းတတ်ပါစေ(ကျွန်တော့အတွေးလေးပါ)

naywoon niSeptember 25, 20101min1693

* ကျွန်တော့်အတွေးလေးပါ။

လူအတော်များများနဲ့ပါတ်သက်နေလို့ပါ။ဖတ်မိရင်ခင်ဗျားနဲ့လဲသက်ဆိုင်နေလိမ့်မယ်လို့ထင်ပါတယ်။

ဒီကနေ့လူအတော်များများပြောနေကြတဲ့အကြောင်းလေးပါ။
အဲဒါကတော့ကံစီမံရင်ဘာနဲ့မှခံထားလို့မရဘူးဆိုတဲ့အကြောင်းလေးပါ။
ကံကအရာရာကိုစီမံခန့်ခွဲတာလား?
လူက..ကံကိုစီမံခန့်ခွဲမှာလား?
ခင်ဗျားကောဘယ်လိုသဘောရသလဲ?

ကောင်းတာတွေး၊ကောင်းတာပြော။ကောင်းအောင်နေ..ဆိုတဲ့စကားရှိပြီးသားပါ
ဒါဆိုရင်ကံကောင်းတာပေါ့

ပြီးတော့အတိတ်ကံကောင်းတယ်ဆိုတာလေးကလဲတော်တော်စဉ်းစားဖို့ကောင်းပါတယ်။
အတိတ်ကံဆိုတဲ့နေရာမှာပြီးခဲ့တဲ့အတိတ်ကာလတစ်လျှောက်လုံးအကြုံးဝင်တယ်ဆိုတာလူတိုင်းမတွေး
မိကြဘူး။လူတွေအတော်များများတွေးနေကြတာက-ဘာဖြစ်ခဲ့မှန်းမသိတဲ့ဘဝတစ်ခုဆိုတာကိုပဲတွေးနေ
မိကြတာ။အတိတ်ဘဝကတဲ့။

ကျွန်တော်စဉ်းစားမိတာကဒီစာကိုမရေးခင်ကကျွန်တော်ပြုခဲ့တဲံကံကိုပါ။
ကျွနေ်တော်ဒီစာကိုချမရေးခင်ဖတ်မိတဲ့သူတွေအတွက်အကျိုးပြုနိုင်မဲ့စာမျိုးဖြစ်စေဖို့ရှေ့ရှုစဉ်းစားပါတယ်။
အဲ့ဒိကံနဲ့ဒီစာကိုရေးတာပါ။
ကျွန်တော်ဆိုလိုတာကသိမီလိုက်တဲ့အတိတ်ကံကိုပဲပြောချင်တာပါ။
အဲဒိကံကောင်းမှကျွန်တော်ခင်ဗျားတို့ကိုအတွေးကောင်းကောင်းဖြစ်စေမဲံဒီစာကိုဆက်ရေးနိုင်မှာမို့ပါပဲ။
စေတနာစေ့ဆော်မှုတစ်ခုနဲ့ဒီစာကိုရေးနိုင်မှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင်ရှင်းမယ်ထင်ရဲ့။
မရှင်းသေးသူတွေအတွက်အသေးစိတ်လိုက်ဦးစို့
လက်ငင်းကြုံတွေ့နေရတဲ့အတိတ်၊ပစ္စုပ္ပန်`၊အနာဂတ်ဆိုတာနဲ
့ပြောရအောင်………….

အတိတ်ငယ်လေးများကခဏခဏကျန်ခဲ့ပြီးပစ္စုပ္ပန်တွေကအတိတ်တွေဖြစ်ကုန်ကျရင်
ဒီစာကိုဖတ်နေချိန်မှာအတိတ်ဘယ်နှစ်ခုပြီးသွားပြီလဲဆိုတာဘယ်သူပြောနိုင်မှာလဲ?
အဲဒိကာလတွေမှာသင့်အတွေးတွေဟာကုသိုလ်ဖြစ်ခဲ့ရဲ့လား?

“ဟာဒီကောင်ဘာကြောင်နေတာလဲဒီလောက်တော့ငါလဲသိတာပဲဆိုပြီးကျွန်တော့အပေါ်
ဒေါသတွေပဲထွက်နေမလား?
ဒီနေရာမှာရပ်ပြီးပြန်တွေးကြည့်ပါ။

ဒီစာကိုမတွေ့ခင်ကကောသင့်ရဲ့အတွေး၊အပြော၊အနေတွေကိုမှတ်ကျောက်တင်ရဲသလား?
အားလုံးပြီ

3 comments

  • မြစပဲရိုး

    July 10, 2015 at 8:33 pm

    သိပ္ပံပညာထဲ မှာ – အက်တမ်လေး တစ်ခု ဟာ သူနဲ့ ဆက်စပ်မထား တဲ့ အဝေးကြီး က တစ်ခြား အက်တမ်လေး အပြောင်း မှာ သူပါ ပြောင်းသွားနိုင်သတဲ့။
    ဘယ်လို ဆက်စပ်လဲ ဆိုတာ က ဆန်းသား။
    သူတို့ မလဲ မသိနိုင်တဲ့ ရှာဖွေဆဲ ? တွေ အများကြီး ရှိနေသလို ကျွန်မ တို့မှာလဲ ဘဝ မှာ ဖုံးထားတဲ့ ? တွေ အများကြီး ကို မမြင်ကြဘဲ ငါ စွဲ တွေကပ်နေကြတာ ပါ။
    အခုလဲ ကြည့်လေ ဘယ်သူတွေ ဘယ်လို ကြိုးစား ကြိုးစား လူတစ်ယောက် ရဲ့ ရှိခြင်း/မရှိခြင်း အပေါ်မှာ တိုင်းပြည် “ကံကြမ္မာ” မှီနေတာ လက်တွေ့ပေါ့။
    ဒါပေမဲ့ တစ်ဖက်က အရမ်းကြိုးစားလို့ ဒီ လို အခြေမှာ အသာစီး ပို ယူနိုင်မယ် မျှော်လင့်ပါတယ်။
    လူ မရှိ ရင်လဲ ဘယ်လို တောင်ကုန်း ကို တက်သိမ်းနိုင်ပါ့မလဲ။ နော။
    ကံ ရော အလုပ် ရော ဆုံမှတ် တူ မှ အောင်မြင်မှု ရ တာမျိုးများလား တောင် တွေးနေမိတယ် အဘနီ။

  • Mike

    July 13, 2015 at 2:50 pm

    .က ျနော်လည်း မမြင်မသိရတဲ့ အရင်ဘဝကံထက် ခုဘဝအတိတ်က ကိုယ်သိခဲ့၊လုပ်ခဲ့၊ ကြိုးစားခဲ့ရတဲ့
    .ကံ(အလုပ်) ကြောင့် ခုပစ္စုပ်ပန်မှာခံစားနေရတာလို့ပဲမှတ်တယ်ဗျာ

  • မြစပဲရိုး

    April 19, 2016 at 4:05 am

    အမှန်တရား တစ်ရပ်အတွက် မှတ်ကျောက်တင်ခံရဲ ခဲ့တဲ့ အဘနီ ကို ကျွန်မတို့ အမှတ်တရ၊ သတိတရ ရှိနေမှာပါ။
    သွားနှင့်ဦးပေါ့ရှင်။

Leave a Reply