ရေလာလာမရောပါနဲ့

naywoon niSeptember 26, 20101min1030

ငါ့အတွေးတွေထဲ
ရေလာလာမရောပါနဲ့
ကမ္ဘာကျော်မဲ့ကဗျာတစ်ပုဒ်လောက်
ရေးထုတ်ပါရစေဦး…။
ငါ့အချစ်တွေထဲလဲ
ရေလာလာမရောနဲ့ဦး
ကမ္ဘမြေကိုအကျိုးပြုမဲ့
လူသားတွေကိုချစ်ခဲ့ပါရစေဦး..။
ငါ့အရက်ခွက်ထဲလည်း
ရေလာလာမရောနဲ့ဦး
အရက်ကောင်ကောင်းတစ်စက်ရဲ့
အရသာလေး
မြည်းစမ်းပါရစေဦး…။
ငါ့အိပ်မက်တွေထဲလဲ
ရေလာလာမရောနဲ့ဦး
ဖူးစသစ်ညီမလေးနဲ့
ခိုင်မြဲတဲ့အချစ်အိမ်လေးတစ်ခု
တည်ဆောက်ပါရစေဦး..။
(အိပ်မက်ထဲမှာပြောတာနော်)
ငါ့ရဲ့……………………
ရေလာလာမရောပါနဲ့
ရေလာလာမရောနဲ့ဦး……….။

နေဝန်းနီ