အရိပ်

naywoon niSeptember 26, 20101min590

အရိပ်ဆိုတာ
နားခိုရာနေရာတစ်ခုဖြစ်သလို
မလွန့်လူးသားအောင်
ချုပ်ကိုင်ထားတဲ့အရာလဲဖြစ်တယ်…….။
အရိပ်တစ်ခုက
အရိပ်တစ်ခုကိုနားခိုရင်း
ညီမလေးရေ……..
မင်းနဲ့ငါချစ်ခဲ့ကြတာ
သစ်ပင်အရိပ်
ထီးအရိပ်ထက်
မင်းအရိပ်မှာငါခို
ငါ့အရိပ်မှာမင်းခို
အချင်းချင်းချွေးသိပ်
အိပ်မက်တွေမက်ခဲ့ကြတာပေါ့…….။
တစ်ယောက်ကိုတစ်ယောက်
ချုပ်ကိုင်လွှမ်းမိုးမဲ့
လောင်းရိပ်တွေတော့မဖြစ်စေနဲ့ပေါ့……။။

နေဝင်းနီ