Segway accident

Zaw WonnaSeptember 28, 20101min952

နှစ်ဘီးတပ် တစ်ကိုယ်ရေသုံး Segway ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင် ဖြစ်သော ဗြိတိသျှနိုင်ငံသား James Heselden သည် Segway မတော်တဆဖြစ်မှုကြောင့် သေဆုံးသွားခဲ့သည်။ ပြီးခဲ့သော တနင်္လာနေ့က အင်္ဂလန်တောင်ပိုင်း၊ Yorkshire နယ်၊ Boston Spa ရွာ အနီးရှိ Warfe မြစ်အတွင်းမှ James Heselden နှင့် သူ၏ Segway ကို တွေ့ရှိရသည်။ ရဲများ၏ အဆိုအရ Segway သည် ပေ ၃ဝ ခန့် မြင့်သော တောင်ကမ်းပါးမှ လမ်းချော်၍ မြစ်အတွင်းသို့ ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။
James Heselden သည် အင်္ဂလန်နိုင်ငံမှ အချမ်းသာဆုံး လူပေါင်း ၄၀ဝ အနက်မှ တစ်ဦးဖြစ်ပြီး အောက်ခြေဘဝမှ ကြီးပွားလာခဲ့သူဖြစ်၍ အလှူအတန်း ရက်ရောသူ တစ်ဦးလည်း ဖြစ်သည်။

Source: Time (September 27, 2010)
by Doug Aamoth

2 comments

  • etone

    September 28, 2010 at 5:27 am

    ကိုယ့်အတက်ကိုယ်စူးတယ်လို့ပဲပြောရမလား။ဖြစ်မှဖြစ်ရလေ …

  • michaelaungpu

    September 28, 2010 at 7:04 am

    ဒါလည်းတညိုးကြီးပြန်ဘဲ

Leave a Reply