ပထမဆုံးအတွေ့အကြုံ

etoneSeptember 28, 20101min915

ယခုကိစ္စသည် သူမဘဝတွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု
ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို
တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန်
အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိ၏ ။
သို့ရာတွင် သူ ကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမ အနားသို့
တိုးကပ်လာလေသည်။”ကြောက်နေသလား “ဟု သူမကို သူမေးသောအခါတွင်
သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။

သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း
သိသာပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ၏ လက်ချောင်းများသည် နေရာမှန်ကို
အလွယ်တကူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။ သူ အထဲထိ နက်နက်
နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး နာကျင်မှုဖြင့် တုန်ခါသွားပြီး
အကြောအခြင်များ ပင် တောင့်တင်းသွားလေသည်။ သို့ရာတွင် သူသည် သူပြောထားသည့်
အတိုင်း အညင်သာဆုံး ပြုလုပ်နေကြောင်း သူမ သိပါသည်။

သူသည် အားငယ်နေသော သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း စိတ်မပူရန်၊
သူ့အနေနှင့် ယခုကိစ္စတွင် အတွေ့အကြုံ အများကြီးရှိကြောင်း ထပ်ပြောပြန်သည်။

သူပြုံးပြလိုက်သောအခါ သူမ စိတ်ကိုလျော့လိုက်ပြီး သူ့အတွက် လွယ်ကူစေရန်
ကျယ်ကျယ် ဟ ထားပေးလိုက်သည်။

သူမသည် သူ့ကို မြန်နိုင်သမျှ မြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန်
အကြိမ်ကြိမ် တောင်းပန် လောဆော်မိလေသည်။ သို့သော် သူသည် သူမ နာကျင်မှု
သက်သာစေရန် အချိန်ယူ၍ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ သူနောက်တကြိမ်
သူမ၏အနီးသို့ တိုးကပ်လာသောအခါတွင် အသားမျှင်များ စုတ်ပြဲသွားသကဲ့သို့
တကိုယ်လုံး နာကျင်မှု ဆိုတဲ့ အရသာကို သူမ ခံစားလိုက်ရသည်။ သွေး အနည်းငယ်
ထွက်လာသည်ကိုလည်း သူမ သိရှိခံစားလိုက်ရသည်။

“အရမ်းနာသလား” ဟု သူက ထပ်မေးပြန်သည်။ သူမမျက်လုံးအိမ်တစ်ခုလုံး
မျက်ရည်များဖြင့် ပြည့်လျှမ်းနေသော်လည်း မနာသယောင် ခေါင်းခါပြကာ
ဆက်လုပ်ရန် သူ့ကို သူမခေါင်းငြိမ့်ပြမိသည်။ သူသည် ကျွမ်းကျွမ်းကျင်ကျင်
ထည့်လိုက်ထုတ်လိုက် ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်း
မသိနိုင်လောက်အောင် သူမ စိတ်လှုပ်ရှားကာ ထုံပေပေဖြစ်နေမိသည်။
အတန်ကြာသောအခါ သူမ အတွင်းထဲမှ အရည်တချို့ တာကျိုးသလို ပေါက်ထွက်လာသည်ကို
ခံစားရပြီး သူသည်အရာတစ်ခုကို အပြင်သို့ ထုတ်လိုက်လေသည်။ သူမသည်
သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို
ဝမ်းသာပျော်ရွှင် နေမိလေသည်။

သူသည် သူမကို နွေးနွေးထွေးထွေး ပြုံးပြရင်း ” တော်တော် ကိုင်ရ
တွယ်ရခက်တဲ့ ကလေးမပဲ “ဟု ရေရွတ်လေသည်။ သူမကလဲ ပြန်ပြုံးပြရင်း

သွားဆရာဝန်အား ကျေးဇူးစကား ဆိုလေသည်။

အထက်ပါတို့သည် သူမဘဝတွင် ပထမဆုံး သွားနှုတ်သည့်နေ့က တွေ့ကြုံခဲ့ရသော
အဖြစ်အပျက်များ ဖြစ်လေသည်။

5 comments

  • bigcat

    September 28, 2010 at 3:47 am

    ဒေါ်အေးသာကျော့။

  • Maung Dae`

    September 28, 2010 at 4:58 am

    တော်သေးတယ် သွားနှုတ်တာကယ်ပေလို့… နိုမို့ ငါထင်တာမှန်ပီ…. (သွားနှုတ်တာလို့ပဲထင်ပါတယ်… ကျန်တာမထင်ရဲပေါင်) 😀

  • michaelaungpu

    September 28, 2010 at 6:53 am

    အမလေး အီးတုံးရယ်
    ရင်တွေပန်းတွေတုံသွားတာပဲ
    ရင်တုံတာကအရေးမကြီးဘူး
    ဟို………….
    ရင်တုံတာကအရေးကြီးတယ်

  • char too lan

    September 28, 2010 at 7:11 am

    လုပ်ချလိုက်ပြန်ပီ အရေးအသားတွေကနော်
    ဟွန် ့!!

  • search123

    September 28, 2010 at 7:40 am

    etone ရယ် လန့်သွားတာပဲ။ နောက်ထပ်ရော သွားတွေ နှူတ်ရသေးလား?

Leave a Reply