၂ လုံးထီ ဘယ်လိုထိုးကြမလဲ … အပျော်နော်

fattySeptember 28, 20101min2739

ပထမ ဂဏန်းတွေရဲ့ဆက်သွယ်ချက်တွေကိုလေ့လာပါ။ ၁ရဲ့ပါဝါ ၆ ၊၁ ရဲ့နက္ခတ် ၈ ဖြစ်ပါတယ်။ ၁ ထွက်ရမယ့်နေရာမှာ ၆ နဲ့ ၈ ထွက်နိုင်တယ်။ ကျန်တာတွေကိုအဲလိုမှတ်ပါ။
၁ = ၆ = ၈
၂ = ရ = ၄ ထွက်ပြီးသားဂဏန်းတွေကိုဥပမာကြည့်ပါ။ မရှင်းရင် ထပ်ပေးပါ မယ် condition ကောင်းတုံးမို့ ကဗျာကယာလုပ်ရတာပါ။
၃ = ၈ = ၅
၄ = ၉ = ၂
၅ = ဝ = ၃
၆ = ၁ = ၉
ရ = ၂ = ဝ
၈ = ၃ = ၁
၉ = ၄ = ၆
ဝ = ၅ = ၇

9 comments

  • ဆူး

    August 25, 2011 at 9:07 pm

    အခု ဒိုင်ပြန်ဖွင့်ရင် ဒါနည်းပညာနဲ့ စမ်းကြည့်မယ်.. မပေါက်ရင်တော့ လွဲမယ် မပြောနဲ့နော်။
    ပညာကို ဆရာစား မချန် ပြောထားတယ် ထင်လို့.. ရှိတာလေး ဩပြီး လက်တည့်စမ်းရမှာ။

  • လူမုန်းစစ်မုန်း

    August 25, 2011 at 9:22 pm

    မမျှော်လင့်နဲ ့တော့ ဗျို ့။ဒိုင်တွေဥပုပ်စောင့်နေတယ်။ခများတို ့တွေငရဲကြီးလိမ့်မယ်ဗျ။စေတနာနဲ ့ပြောတာနော်။

  • fatty

    August 25, 2011 at 9:36 pm

    မဟုတ်ရပါဘူးဗျာ … မဆူးကျနော့ကိုအနိုင်ကျင့်နေတာ အဟောင်းတွေပြန်ရှာပြီး
    အနိုင်ကျင့်နေတယ်ဗျို့လုပ်ကြပါအုံး

  • jaryitt

    August 25, 2011 at 9:58 pm

    ထိုးစရာဒိုင်မရှိပါဘူးဆိုမှ တူကတစ်မှောက်..။ ရှိတဲ့ဒိုင်ကလည်း ဖုန်းမက်ဆေ့နဲ့ပဲ လက်ခံသတဲ့..။ စာရွက်ပေါ် ဂဏန်းမရေးပါတဲ့..။ ထိုးချင်ရင် ထိုးနေကျ သူကတစ်ဆင့် ဖုန်းနံ့ပါတ်ကို သူ့ဆီ add လုပ်ရပါသတဲ့..။ အဟဲ gtalk ပဲ add လုပ်ရတယ် ထင်နေတာ…။ ခုတော့ ဖုန်းပါ အက်ရပါသတဲ့..။ အဲဒိလို မဟုတ်ရင် လက်မခံပါဘူးတဲ့..။ ဘောလုံးပွဲက လည်း ဒီအတိုင်းပဲ..။ သုံးလုံးကော…..။ ခုတော့ တစ်လုံးနှစ်လုံး သုံးလုံး ထိုးဖို့ရာ ဖုန်းတစ်လုံးလောက်ဝယ်ကိုင်ရမလိုဖစ်နေပီ…။ ဘဲ့နှဲ့လဲ…။ နည်းပညာခေတ်ကွ လုပ်ထား…….။ ဖမ်းချင်ရင် လက်ကိုင်ဖုန်းတွေ သိမ်းပြီး မက်ဆေ့တွေ ဖွင့်ကြည့် ဟီးးဟီးး ဖျက်ပစ်ချင်ဖျက်ပစ်ရင် ဘယ်တွေ့မလဲ….။ နော့ မပိုင်လား…………

  • ယမမင်း ကြီး

    August 26, 2011 at 12:05 am

    တကယ်ပေါက်မယ် ဆိုရင်တော့ ယမမင်းကြီးလည်း စိတ်ဝင်စားတာပေါ့။ယမမင်းကြီးလည်း လူသားလောဘ
    လေးရှိတာပေါ့….အဲလေယောင်လို့နှော်..ဟိဟိ။

  • kai

    August 26, 2011 at 2:57 am

    ကံတရားကို သချင်္ာကိန်းနဲ့ တွက်ချက်နေတာပဲ…။ ဖြစ်နိုင်ချေမရှိပါဘူးနော..။
    ခေးရော့ သီအိုရီနဲ့..ချိန်ဆကြည့်ပါ..။
    http://en.wikipedia.org/wiki/Chaos_theory

    မယုံသေးရင်… သိကြားမင်းမေးကြည့့်…။ 🙂

  • icecube

    August 26, 2011 at 7:59 am

    ဘော်လုံးဒိုင်ကို ဖမ်းချင်ရင် သူတို့သုံးနေတဲ့ ဖုံး ကိုယူ မက်ဆေ့ချ် ဖွင့်ရှာရမယ်ပေါ့နော်….
    ဒီနည်းလေးလဲ ကောင်းသားပဲ… မလုပ်ကြပါနဲ့ပြောတာကိုမှ လုပ်ချင်ကြတာ… ခက်ပါတယ်…။

  • မီးမီး သော်

    August 26, 2011 at 9:43 am

    ဘယ်သူကိုမှအားမပေးပါဘူး။မလုပ်ကြပါနဲ့ တော့ လောင်းကစားဆိုတာဘုရားမကြိ ုက်ဘူးနော်

  • nayminn

    August 26, 2011 at 10:43 am

    ပေါက်ဖေါ်ကြီးပါ။ ယုံရင်ကုန်မယ်။ရွာသူရွာသားတွေကို မွဲဆေးလာမပေးပါနဲ့။

Leave a Reply