မျိုးဘာသာ ကြံ့ခိုင်ရေး

Ammit9September 28, 20101min573

၁။ ယနေ့ ဗုဒ္ဓနိုင်ငံတော်၌ ဘာသာမျိုးခြားတို့သည် ဆူနာမီ ရေလှိုင်းကြီးများပမာ လှုပ်ရှားလွှမ်းမိုးလာနေပြီ။
၂။ ယနေ့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအများစုတို့၏ ဘာသာမျိုးချစ်သွေး အေးခဲနေခြင်း၊ အမြင်မကျယ်ခြင်း၊ အရှည်မမျှော်တတ်ခြင်း၊ ရေသာခိုသက်သာလိုခြင်း၊ ခေါင်းရှောင်ခြင်း၊ မညီညွှတ်ခြင်း၊ မရှိဆင်းရဲ မသိမိုက်မဲခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင် လူဦးရေသည် တစ်နေ့တစ်ခြား ဆုတ်ယုတ်လျော့ပါးလျက် ရှိနေသည်။
၃။ ယခု တင်ပြအပ်သော အကြောင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် စားဝတ်နေရး ဆင်းရဲသူတွေက များလာသည်။ စားဝတ်နေရေး ဆင်းရဲသဖြင့် ပညာဗဟုသုတ ရှာဖွေမှု့ နည်းရကား မသိမိုက်မဲသူတွေ များလာသည်။ ဝတ်တတ်စားတတ်ကာမျှ၊ ကာမဂုဏ် ခံစားတတ်ကာမျှ၊ ခေတ်ပညာတတ်ကာမျှဖြင့် “သိမြင်လိမ္မာသူ” ဟု မဆိုနိုင်။
၄။ သိမြင်လိမ္မာမှု မရှသဖြင့် ကလေးမယူနိုင်သော (ယူလျှင်လည်း) တစ်ယောက်၊ နှစ်ယောက်မျှသော ယူသော ဗုဒ္ဓဘာသာဝင် အိမ်ထောင်ရှင်တွေ များလာသည်။
၅။ ယနေ့ ဗုဒ္ဓဘာသာဝင် ယောင်္ကျား လူငယ် လူရွယ်များကလည်း ကာမသုခကို တရားဝင် အိမ်ထောင်ပြုခြင်းဖြင့် တည်တည်တံ့တံ့ မရှာယူကြပဲ ငါးပွက်ရာ ငါးစာချလျက် “အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား” လုပ်နေကြသူတွေများသည်။ ဤနည်းအားဖြင့် လူပျိုကြီး ဖြစ်နေသူတွေများလာသည်။
၆။ ဗုဒ္ဓဘာသာဝင် ယောင်္ကျားများသည် မူးယစ်သောက်စားမှု များခြင်း၊ အလုပ်လက်မဲ့ များခြင်း၊ စီးပွားရေးကို ဇောက်ချ၍ မလုပ်ကိုင်ခြင်း၊ အိမ်ထောင် တစ်ခုကို ပီပီပြင်ပြင် ဦးမဆောင်နိုင်ခြင်း၊ စသည့် ချွတ်ယွင်းချက်များကြောင့် အမျိုးသမီးများ၏ အထင်ကြီးခြင်း၊ လေးစားအားကိုးခြင်း မခံကြရသူတွေ များလာသည်။ ထို့ကြောင့် ရိုးသားတည်တံ့စွာ အိမ်ထောင်ပြုလိုသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ယောင်္ကျားကောင်း ရှာမရကြပဲ ဘာသာမျိုးခြား ယောင်္ကျားများကိုလည်း အိမ်ထောင်ဖက် မပြုလိုကြသဖြင့် အပျိုကြီးတွေ ဖြစ်နေသူတွေ များလာသည်။
ဤမျှမကပဲ ယနေ့ ဗုဒ္ဓနိုင်ငံတော်၌ ရဟန်းသံဃာတော်များ၊ စစ်သားလူပျိုများလည်း မနည်းလှပေ။ မွေးဖွားလာသမျှ ဗုဒ္ဓဘာသာဝင် ကျား-မ ဦးရေတွင် (ကျား) ဦးရေသည် နဂိုကပင် နည်းနေရသည့်အထဲ ရဟန်းသံဃာတော်နှင့် လူပျိုကြီးတွေများနေသဖြင့် အိမ်ထောင်ဖက် မရပဲ ကြားလပ်နေသော အပျိုကြီးတွေ များနေတော့သည်။
၈။ သီလရှင်ဝတ်နေသော အမျိုးသမီးများကို ကျေးဇူးတင်ရပေမည်။ သီလရှင်လည်း မဝတ် မိမိနှင့် ဘာသာမျိုးတူ အိမ်ထောင်ဖက်လည်း မတွေ့သဖြင့် တွေ့စေကာမူ ဘာသာမျိုးခြား ယောင်္ကျားတို့ကို အိမ်ထောင်ဖက်ပြုသူ အမျိုးသမီး အရေအတွက်သည် သိသိသာသာကြီး ဆိုးရွားများပြားလာနေသည်။ ဘာသာ မျိုးခြား ယောင်္ကျားတစ်ယောက်လျှင် ဗုဒ္ဓဘာသာ အမျိုးသမီး လေးငါးဦးကို ပေါ်တင်တစ်မျိုး ကွယ်ရာ တစ်မျိုး ယူထားလေ့ရှိကြ၏။
၉။ ဘာသာခြားတို့က ငွေကြေးပစ္စည်းပေး၌ သိမ်းသွင်းသဖြင့် လည်းကောင်း၊ ကိလေသာဖြင့် ပူဝင်သွေးနှော၌ ဆွဲဆောင်သဖြင့် လည်းကောင်း၊ မသိမိုက်မဲသော ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များစွာတို့သည် ဘာသာမျိုးခြားတို့ လက်တွင်းသို့ ပြိုကျသက်ဆင်းလျှက် ရှိနေသည်မှာ ရေလှိုင်း ပုတ်ခတ်တိုက်စား၍ သဲကမ်းပါးများ တဗြုန်းဗြုန်း ပြိုကျနေသလိုပင်။
၁၀။ ဘာသာမျိုးခြားတို့နှင့် အိမ်ထောင်ဖက် ပြုသူအမျိုးသမီးများသည် မိမိတို့ ဘိုးဘွားလက်ထက် ကတည်းက ကိုးကွယ်လာခဲ့သော အကောင်းဆုံး ဗုဒ္ဓဘာသာဝင် အဖြစ်ကို စွန့်လွှတ်ကြရစမြဲဖြစ်၏။ ကလေးများစွာကိုလည်း မွေးဖွားပေးကြရသည်။ ထို့ကြောင့် သူတို့မှ မွေးဖွားလာသမျှ ကလေးများသည်လည်း ဗုဒ္ဓဘာသာဝင် အဖြစ်ကို မရကြတာ့ပဲ မြတ်နိုးဖွယ် မြန်မာ့ ဓလေ့ စရိုက်တု့ိ ကင်းမဲ့သည့် လူသားတစ်မျိုး ပွားတိုးလာတော့သည်။

ဤလိုပုံနှင့် မိုးကြီးချုပ်လျှင် နော်လာမည့် နှစ် (၁၀၀) အတွင်း ဗုဒ္ဓနိုင်ငံတော် လုံးဝ ကွယ်ပျောက်သွားနိုင်သည်။ ဘာကြောင့်ဆိုသော် ထိုအခါ ဗုဒ္ဓဘာသာဝင် အင်အားက ချွတ်ခြုံကျသွားမည် ဖြစ်သောကြောင့်တည်း။ ဘာသာလူမျိုးခြားတု့ိသည် ဆူနာမီရေလှိုင်းကြီးများပမာ လှုပ်ရှားလွှမ်းမိုးလာနေသည်ကို ယနေ့ ဗုဒ္ဓဘာသာနိုင်ငံတော်၏ ပြည်နယ် အသီးသီး၊ မြို့ကြီး အဖြာဖြာတု့ိသို့ ခရီးလှည့်လည်ကြည့်လျှင် သင်ကိုယ်တိုင် ကြုံတွေ့မြင်သိရမည် ဖြစ်သည်။
ယနေ့ ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ် ကျား-မ တို့သည် ကွန်ဒုံးသုံး၍ ကာမေသုမိစ္ဆာကံ ကျူးလွန်ခြင်း၊ ကျူးလွန်ပြီး ပဋ္ဋိသန္ဓေဆေးစားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း တို့ဖြင့် ယခု ဘဝ အမျိုးဘာသာလည်းပျောက်၊ သေရင် သူတို့ကိုယ်တိုင်လည်း အပါယ်ရောက်အောင် မျက်ကန်းတစ္ဆမကြောက် အမှောက်အမှားတွေ ပြုလုပ်လျှက် နေကြ၏။
ယနေ့ ဗုဒ္ဓဘာသာဝင်တို့သ်ည ကိုယ့်အမျိုးဘာသာ တိုးတက်ကြီးပွားရေးကို ရှေးမရှု့ပဲ ဖြတ်လမ်းနည်းကြိုက် အလွယ်လိုက်၍ ဆက်လက်ကာ ရေစုန်မျောနေကြဦးမည်လော။ ယနေ့ ဗုဒ္ဓဘာသာဝင်တု့ိသည် အမျိုးဘာသာတည်းဟူသော ကရဝိတ်လှေဖောင်တော်ကြီးကို ရွက်စုံလွှင့်၊ တက်ကုန်ဖွင့်၍ အားကုန်ပင့်ကာ တညီတညာတည်း သံပြိုင်ဟစ်ကြွေး အောင်သံပေး၍ လှော်ခတ်ဆန်တက်ကြမည်ဆိုလျှင် ဟို…. ရေဆန်အထက်ဆီက ကုန်းမို့မို့နှင့် မှိုင်းညို့ညို့ ကျွန်းသာယာအောင်စခန်း၌ အောင်နန်းစိုက်ဖို့ အချိန်မှီပါသေးသည်။
တောတွင်းက ဆင်၊ ကျား၊ သမင်များနှင့် ကျေးငှက်တိရစ္ဆာန်များကိုလည်းကောင်း မျိုးတုံးပျောက်ကွယ်သွားမှာစိုး၍ ယနေ့ ထိန်းသိမ်းစောင့်ရှောက်ကြရတုံသေး၏။ ဗုဒ္ဓသာသနာတော်ကြီးမြတ်ကြီးကို နှစ်ပေါင်းထောင်ချီ၍ အရှည် တည်တံ့အောင် ထမ်းဆောင်လာခဲ့ကြသော ကျေးဇူးကြီးမားလှသည့် မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာအား ကမ္ဘာတည်သရွေ့ ရေရှည်တည်တံ့အောင် အဘယ့်ကြောင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ မသင့်အံ့နည်း။

အို….ဗုဒ္ဓဘာသာဝင် အပေါင်းတို့—
၁။ အမျိုးသားများ သောက်စားပျော်ပါးမှု ကင်းစွာဖြင့် စီးပွားရေးကို ကြိုးစားလုပ်ကိုင်ကြလော့၊ စီးပွားရေး ရှယ်ယာအဖွဲ့များ ဖွဲ့၍ ရေရှည်တည်တံ့စေရန် သစ္စာရှိကြလော့၊ သည်းခံ ခွင့်လွှတ်ကြလော့၊ အချင်းချင်း လှီးစား ဖြတ်စား မလုပ်ကြနှင့်၊ အကြံတူ ရန်သူ မဖြစ်ကြစေနှင့်၊ အကြံတူ အလံထူကြကုန်လော့။
၂။ အမျိုးသားများက ကိုယ့် အမျိုးသမီးများကို အမြဲကြည့်ရှူ့စောင့်ရှောက်ကြလော့၊ အမျိုးသမီးများသည် မသိဉာဏ် အားနည်းကြသဖြင့် ခြောက်လျှင် ကြောက်တတ်ကြ၏။ ချော့လျှင် ပျော့တတ်ကြ၏။ အပြောကောင်းလျှင် ယုံမှတ်ကာ ပုံအပ်တတ်ကြ၏။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ အညှာကို ကျားမည်းများက ကောင်းကောင်းသိနေကြသည်။ ကိုယ့် အမျိုးသမီးများကို ကျားမည်းဆွဲ မခံကြနှင့်။ ကျားမည်းဆွဲမည့်ဘေးမှ အမြန်အကာအကွယ် ပေးကြလော့။
၃။ အပျိုကြီး လူပျိုကြီးများ နည်းပါးစေရန် နည်းလမ်းရှာကြလော့၊ ဗုဒ္ဓဘာသာ မိဘတို့သည် မိမိတို့ သားသမီးများကို အချိန်တန် အရွယ်ရောက်လျှင် မျိုးတူ ဘာသာတူသူတို့နှင့် ထိမ်းမြှားလက်ထပ်ပေးရန် မချွတ်မယွင်း ဆောင်ရွက်ရမည့် မိဘဝတ္တရား တစ်ခုအဖြစ် မြတ်ဘုရားပင် ဟောကြားခဲ့သည် မဟုတ်လော။
၄။ အမျိုးသားတို့သည် မုဆိုးမ၊ တစ်ခုလပ်တို့ကိုလည်း သနားစောင့်ရှောက်သောအားဖြင့် အိမ်ထောင်ဖက် ပြုသင့်ကြ၏။ မုဆိုးဖိုနှင့် မုဆိုးမ၊ တစ်ခုလပ်ဖို-မ သင့်တော်သူချင်းလည်း အရွယ်ရှိသေးလျှင် အိမ်ထောင် ပြုသင့်ကြသည်။
၅။ အိမ်ထောင်ရှင်များ ကလေးများများ ယူကြလော့။
၆။ ကလေးလူငယ်များအား ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ သင်တန်းများ နေရာ အနှံ့အပြား ဖွင့်လှစ်သင်ကြားပေးကြလော့။ ကလေးလူငယ်များ၏ နှလုံးသားမှာ ဘုရားတည် ပေးကြကုန်လော့။ ပညာရေးကို ဝိုင်းဝန်းကူညီအားပေးကြလော့။
ဆင်းရဲသူများ စားဝတ်နေမှု့ အဆင်ပြေအောင် ဝိုင်းဝန်းကူညီ ထောက်ပံ့ကြလော့။
ဆင်းရဲသူများ ဘာသာ မပြောင်းစေရန် ဥစ္စာပေး ပညာပေးကာ သာသနာပြုကြလော့။
မိဘမဲ့ ကလေးဂေဟာ၊ မူကြိုကျောင်း၊ ဘုန်းကြီးကျောင်း၊ ပညာဒါနကျူရှင်များဖွင့်လှစ်၍ ကုသိုလ်ယူ သာသနာ ပြုကြလော့။
၁၀။ သက်ကြီးသူ မိဘ ဘိုးဘွားများကို ပြုစုစောင့်ရှောက်ကြလော့။
၁၁။ လူငယ်ပြုပြင်ရေး၊ မျိုးဘာသာ ပြုပြင်ရေါ် စာအုပ်များကို ကျယ်ပြန့်စွာ ဖြန့်ချီကြလော့။
၁၃။ ဗုဒ္ဓနိုင်ငံတော်သည် လူဦးရေ သန်း(၁၃၀၀)ကျော်စီ ရှိသော နိုင်ငံကြီး(၂)ခု အကြားတွင် တည်ရှိနေသည်။ ထို့ကြောင့် မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်ဆိုသည့် စကားအတိုင်း လူမြို မခံရစေရန် ကြိုးစားကြကုန်လော့။

ဤလောက၌ မိမိအမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးထက် သာလွန်မြင့်မြတ်သော အလုပ် မရှိပြီ။

(ကိုယ်တိုင်ရေး မဟုတ်ပါ။ Share လုပ်ခြင်းသာ ဖြစ်ပါသည်။ )

3 comments

  • kyansitthar101

    September 28, 2010 at 6:33 am

    ၁။ အမျိုးသားများ သောက်စားပျော်ပါးမှု ကင်းစွာဖြင့် စီးပွားရေးကို ကြိုးစားလုပ်ကိုင်ကြလော့၊ စီးပွားရေး ရှယ်ယာအဖွဲ့များ ဖွဲ့၍ ရေရှည်တည်တံ့စေရန် သစ္စာရှိကြလော့၊ သည်းခံ ခွင့်လွှတ်ကြလော့၊ အချင်းချင်း လှီးစား ဖြတ်စား မလုပ်ကြနှင့်၊ အကြံတူ ရန်သူ မဖြစ်ကြစေနှင့်၊ အကြံတူ အလံထူကြကုန်လော့။

    သိပ်ကောင်းတဲ့ စာသားပါ။ ကျနော်ဒီစာသားကို အရမ်းကြိုက်တယ်။

  • MandalayThar

    September 28, 2010 at 9:31 am

    အဲ သံသယာ မရှည်ဘူးလားဗျာ။ မိန်းမတွေယူ၊ ကလေးတွေ မွေးကြရင်။ သံယောဇင်တွေ အတတ်နိုင်ဆုံး ဖြတ်ပြီး နိဗာန်ကို ဦးတည်ရမည့် အစား ဘာတွေလဲ။

  • True Faith

    September 28, 2010 at 12:07 pm

    စာရေးသူ တိုက်တွန်းထားတဲ့အချက် ၁၃ ချက်စလုံးဟာ တကယ့်ကို လုပ်ဆောင်သင့်တဲ့ အရာတွေပါ။ သေသေချာချာ စဉ်းစားပါ။

    ရဟန်းသံဃာတွေ၊ ရှေးလူကြီးတွေက ဗုဒ္ဓဘာသာကို ထိမ်းသိမ်း စောင့်ရှောက်ခဲ့လို့သာ ခုချိန်မှာ ခင်ဗျားတို့ ကျုပ်တို့က ရတနာသုံးပါးကို သိခွင့်၊ ကိုးကွယ်ခွင့် ရနေတာပါ။

    ခင်ဗျားတို့ ကျုပ်တို့ လက်ထက်မှာ ဒီတာဝန်ကို မထမ်းဆောင်ဘဲ မေ့လျော့ ပေါ့တန်စွာ နေခဲ့မယ်ဆိုရင် မြန်မာပြည်မှာ လူဖြစ်လာမယ့် နောင်လာနောက်သားတွေအတွက် သံသရာက လွတ်မြောက်ရာ၊ ဘဝရဲ့ အေးချမ်းရာ ဗုဒ္ဓဘာသာကို အမွေအဖြစ် လက်ဆင့်ကမ်းနိုင်မှာ မဟုတ်ပါဘူး။

    ကျုပ်တို့သားမြေးမြစ်တွေကို ကောင်းသော အမွေ ပေးခဲ့ကြရအောင်လားဗျာ…။

Leave a Reply