It’s Easy(2010 Census) – Burmese

kaiMarch 31, 20102min871

The 2010 Census is easy, important and safe. This Burmese-language video shows you how to fill out and mail back your census form. When you take 10 minutes to answer 10 questions, you help your community get what it needs for the next 10 years.

အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်း ပုံစံဖြည့်စွက်နည်း ကို မြန်မာလို ဗီဒီယိုဖြင့်ရှင်းပြထားသည်။
ယခုအချိန်ထိ ဖေါင်မရသေးသူများ နီးစပ်ရာ မြို ့နယ်စာကြည့်တိုက်တွင်တောင်းယူနိုင်သည်။

ဧပြီလကုန်အထိ မဖြည့်ရသေးပါက ဖုံးဆက်မေးမြန်းခံရနိုင်ပါသည်။ ဥပဒေအရ ဖြစ်သဖြင့် ဖြည့်ဖြစ်အောင်ဖြည့်ကြပါရန်။
ယခုစာများကို ဖတ်နိုင်သူတိုင်း BURMESE ဟုဖြည့်ပါ။ မြန်မာဇာတိနွယ်တိုင်း BURMESE ဖြည့်ပါ။
မြန်မာဇာတိနွယ်ဟူသော ခေါင်းစဉ်အောက်တွင်
မြန်မာတိုင်းရင်းသားများဖြစ်ေ
သာ ကချင်၊ကယား၊ကရင်၊ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ရှမ်း၊ အစရှိသော တိုင်းရင်းသားမျိုးနွယ်အားလုံးအားလည်းကောင်း

မြန်မာပြည်ဖွား အမိ(သို ့)အဖ တဦးဦးမှတဆင့် အမေရိကန်ပြည်ထောင်စုတွင်မွေးဖွားသော အမေရိကန်လူမျိုး (ပထမမြန်မာမျိုးဆက်)အားလည်းကောင်း။
မြန်မာပြည်ဖွား အမိ(သို ့)အဖ တဦးဦးမှတဆင့် အမေရိကန်ပြည်ထောင်စု ပြင်ပ(အခြားတနိုင်ငံ)တွင်မွေးဖွားသော မြန်မာနွယ်ဖွားအားလည်းကောင်း။
မြန်မာပြည်ပေါက် တရုတ်၊ အိနိ္ဒယ၊ ဘင်္ဂလီ စသော နွယ်ဖွားများအားလုံးအားလည်းကောင်း
မြန်မာRefugee(ပြောင်းခိုသူ)အဖြစ် စာရင်းပေါက်သူ မည်သည့်ဇာတိနွယ်မဆိုအားလည်းကောင်း သတ်မှတ်မည်ဖြစ်ပါသည်။

အထူးမှတ်ချက်။  ။ မြန်မာပြည်ပေါက် တရုတ်နွယ်ဖွားများအနေနှင့် CHINESE ဟုမဖြည့်မိစေရန် အထူးအကြံပေးလိုပါသည်။ သင်တို့သည် တရုတ်နွယ်ဖွား မြန်မာများသာဖြစ်ကြသည်။
သင်တို့သည် မြန်မာ့လေကိုရှု၊ ရေကိုသောက် မြန်မာ့မြေကြီးတွင် မွေးဖွားခဲ့သည်။ သင်တို့တွင် မြန်မာ့ဇာတိသွေးသာရှိသည်။
BURMESE ဟုသာဖြည့်ရမည်ဖြစ်ပါသည်။

One comment

  • kai

    April 1, 2010 at 10:14 pm

    Bureau officials say those who have still not received a form may pick one up at local questionnaire centers, which include most library branches. Lists can be found here: http://2010.census.gov/2010census/take10map/

    After April 12, those still wanting a form may call 1-866-872-6868 to ask that one be mailed to them.

Leave a Reply