သင့်တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိူင်သလဲ

cobraSeptember 28, 20101min521
တိုင်းပြည်တစ်ပြည် အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုတွင် လူငယ်များ၏ အခန်းဂဏ္ဍသည် လွန်စွာအရေးပါလှသည်။ ယနေ့ ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ်များကို စနစ်တကျ ဖျက်စီးရန် အာဏာရှင်တို့မှ အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိတယ်။ ထို့အတူ ကျွနူ်ပ်တို့မှလည်း အနာဂတ်မျိုးဆက်သစ်များ ၏ အသိညဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမှန်တရားကို မြတ်နိူးတန်ဖိုးထားသည့် လူငယ်မျိုးဆက်များ

ဆက်လက်တည်ရှိနေ ရန် အစွမ်းကုန် ကူညီပေးသင့်သည် ။  အာဏာရှင်တို့ ၏ ယုတ်မာ ပက်စက်မှုကား ပြည်သူလူထု အားလုံးသိပြီးသည့် အတိုင်း

ပြောစရာပင် မလိုတော့ချေ ။   ဒီမိုကရေစီ၏ အဓိပ္ပာယ် နှင့် ရရှိလာမည့် ကောင်းကျိုးများကို ပြည်သူလူထုတိုင်း နားလည်သဘောပေါက်လာ

ကြလျှင်  အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များ အလိုလိုပေါက်ဖွားရှင်သန်လာမည် ဖြစ်သည် ။

ဤနေရာတွင် အဓိကပြောလိုသည်မှာ ပထမဦးစွာ လူငယ်မျိုးဆက်သစ်များကို လမ်းမှန်ပြပေးနိူင်ရန် လွန် စွာ အရေးကြီး ၏ ။

၄-၉-၁ဝ ည က ဖြစ်ပွားခဲ့သော ကိစ္စမျိုးတွင်လူငယ်များ ၏  အသက်ကို တန်ဖိုးမထားဘဲ  ထင်ရာ စိုင်းလိုက်ကြသည့် လူတစ်စုကြောင့်

အပြစ်မဲ့ ပြည်သူလူထု သွေး  မြေကျခဲ့ရပြန်လေပြီ ။ ထိုကိစ္စသည် သာမန်အနေအထားဖြင့်  ကြည့်လျှင် ရန်ဖြစ်ရာမှ စသည်ဟု ဆိုသော်လည်း ပုဂ္ဂိုလ်ရေး ပြဿနာများတွင် လက်နက်ကိုင်ကာ ဖြေရှင်းနိူင်သည့် တိရစာ္ဆန်စိတ်ပေါက်နေကြသော လူများကြောင့် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ် အတွက် လုံခြုံမှု မရှိဟု ပြည်သူလူထု တရပ်လုံး နားလည် သဘောပေါက်သင့်သည် ။

ပြည်သူလူထု ဘဝ အသက်အိုးအိမ် စည်းစိမ်ချမ်းသာ ကို  တိုက်ရိုက်ထိပါးတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေလိုက်ရင် နောင်ဆို

ဒီထက် ဆိုးတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့လာကြမှာ မုချဧကန်ပါဘဲ ။

အာဇာနည်တို့သွေး ၊ ပြည်သူလူထု၏ သွေး ၊ ရဟန်းသံဃာများ၏ သွေး၊ ကျောင်းသားများ၏ သွေး ၊ သွေးမျိုးစုံလည်း မြန်မာမြေကြီးပေါ်မှာ ကျခဲ့ရလေပြီ။

နောင်ထိုသို့ သွေးမြေကျ စတေးခံ ဘဝတွေကို  မလိုလား ကြရင်တော့ အခုချိန်မှာ ပေါင်းစည်းညီညွှတ်ရေး ကို အထူးကြိုးစားကြမှ ဖြစ်မယ် ။

ကျွနူ်ပ်တို့ အနေဖြင့် ယခုချိန်တွင် ပြည်သူဆန္ဒမျာကို ရဲဝင့်စွာ ဖော်ထုတ်သင့်သည် ဟု ထင်မြင်ယူဆမိလေသည် ။ ထိုသို့ ဆန္ဒဖောက်ထုတ် ရာတွင် စုစည်းမှု သည် အရေးကြီးသည်  ။ တနိူင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက် ပိုမိုထိရောက်မည် ဖြစ်သည် ။ ထိုသို့ တနိူင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လိုလျှင် ပထမ ဦးစွာ ပြည်သူများအာ း သတင်းအချက် ပြည့်စုံစွာ ဖြန့်ဖြုးပေးနိူင်ရမည် ။ ထိုသို့ သတင်းအချက်အလက် ပြည့်စုံစွာ ဖြန့်ဖြူးရန် ပြည်တွင်းမှ လူများသည် အဓိက ကျသည် ။   အထူးသဖြင့် လူငယ်များကို  ပြုစုပျိုးထောင်ကာ တိုင်းပြည်အခြေအနေမှန်ကို  သိရှိလာအောင်

အမြန်ဆုံး ဝိုင်းဝန်း ကြိုးစားသင့်ပေသည် ။  တိုင်းပြည်အတွက် အရေးပေါ်တာဝန်ကို ထမ်းဆောင် ရန် လူငယ်မျိုးဆက်သစ်များ အားထားကြရမည်ဖြစ်၍

ယနေ့ တိုင်းပြည်ကို အလွန်ချစ်မြတ်နိူးသည့် လူငယ်မျိုးဆက်တခု အား အောက်ပါမေးခွန်းများကို ကိုယ်တိုင် ဖြေကြား၍ မိမိတို့ သိလိုသော အချက်အလက်နှင့် သဘောထား အမြင်များကို ဝင်ရောက်ဆွေးနွေးပေးကြရန် ကျွနူ်ပ်မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။ ထို့အတူ နိူင်ငံ အကျိုးသယ်ပိုးလိုသော  မြန်မာနိူင်ငံသားများ အားလုံးကိုလည်း နိူင်ရာတာဝန်များ ထမ်းဆောင်ပေးကြရန် အထူးပင် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။

လူတိုင်းတွင် အားနည်းချက် ၊ အားသာချက် တို့ ရှိကြသည်မှာ လောက ဓမ္မတာပင်ဖြစ်သည် ။ မိမိတို့ အကျွမ်းကျင်ဆုံးနှင့် စိတ်အား အထက်သန်ဆုံးသော

ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ကြပါက ပိုမိုထိရောက်မည် မှာ မလွဲဧကန်ပင်ဖြစ်ပါသည် ။

ပြည်သူလူထု ဆိုတာ နိူင်ငံတိုင်းမှာ အင်အား အကြီးဆုံးအဖွဲ့အစည်းပါဘဲ ။ တိုင်းပြည်တပြည် ပြုပြင်ပြောင်းလဲရေးဆိုတာ ပြည်သူလူထုပေါ်မှာ ဘဲ

မူတည်နေတာပါ ။ လူထုအားကို ကျော်လွှားနိူင်တဲ့ အာဏာရှင်ဆိုတာ သမိုင်းမှာ မရှိခဲ့ပါဘူး ။ အားလုံးဝိုင်းဝန်းကြိုးစားမယ်ဆိုရင်  ကျွနူ်ပ်တို့ တိုင်းပြည်အနာဂတ်မှာ အခုလို ဒုက္ခဆိုးမျိုးတွေကို နောက်ထပ် ကြုံတွေ့လာစရာ အကြောင်းမရှိပါဘူး ။

၁ )   ယနေ့ပြည်သူလူထု ကြီးစွာသော ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားနေရသည်မှာ အာဏာရှင်လူတစ်စုကြောင့်ပါဟုဆိုလျှင်   ထိုအာဏာရှင် လူတစ်စုကို ဖယ်ရှားရန် သင့်တွင်ကော တာဝန်ရှိသည်ဟု ထင်မြင်ယူဆမိပါသလား။

၂ ) တာဝန်ရှိသည်ဟု ထင်မြင်ယူဆခဲ့လျှင် မည်သည့်တာဝန်ကို သင်ယူနိုင်ပါတယ်လို့ စဉ်းစားကြည့်ဖူးပါသလား ။

၃ ) သင်ယူနိုင်မည့် တာဝန်အား လက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ဖူးပါသလား ။

၄  ) တိုင်းပြည်နဲ့ ဖွံ့ဖြိုးတက်မှုဟာ  အနာဂတ်မျိုးဆက် လူငယ်များ အပေါ်မှာ မူတည်ပါတယ်ဆိုတာ သင်လက်ခံယုံကြည်ထားလျှင်

ထို အနာဂတ် မျိုးဆက်သစ်များ ယနေ့ လုပ်ဆောင်ရမည့် တာဝန်များကို သင်လမ်းပြခဲ့ဘူးပါသလား  ။

သင်သည် လည်းတိုင်းပြည်ကို ချစ်သော ကြောင့် သင်နိူင်ရာတာဝန်ထမ်းဆောင် လိမ့်မည် ကျွနူ်ပ်သင့်ကို ယုံကြည်ပါသည် ။

အထိရောက်ဆုံး လက်တွေ့လုပ်ဆောင်နိူင်မည့်  နည်းလမ်းများကို  ပြည်သူလူထု အနေနဲ့ အမြန်ဆုံးသိရှိ လိုက်နာ ဆောင်ရွက်နိူင်ရန်

နိူင်ငံရေးပညာရှင်များ အားလုံးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်လိုသူ မြန်မာနိူင်ငံသား  အားလုံးကို  ဝင်ရောက်ဆွေးနွေး အကြံပေးကြပါရန်

လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

One comment

  • michaelaungpu

    September 28, 2010 at 11:34 am

    မြေပေါ်မြေအောက်အဖျက်သမား မြွေပွေးပြောတာကို ဝင်ပြီးထောက်ခံဦးမှ
    ၁ ) ယနေ့ပြည်သူလူထု ကြီးစွာသော ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားနေရသည်မှာ အာဏာရှင်လူတစ်စုကြောင့်ပါဟုဆိုလျှင် ထိုအာဏာရှင် လူတစ်စုကို ဖယ်ရှားရန် သင့်တွင်ကော တာဝန်ရှိသည်ဟု ထင်မြင်ယူဆမိပါသလား။

    ၂ ) တာဝန်ရှိသည်ဟု ထင်မြင်ယူဆခဲ့လျှင် မည်သည့်တာဝန်ကို သင်ယူနိုင်ပါတယ်လို့ စဉ်းစားကြည့်ဖူးပါသလား ။

    ၃ ) သင်ယူနိုင်မည့် တာဝန်အား လက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ဖူးပါသလား ။

    ၄ ) တိုင်းပြည်နဲ့ ဖွံ့ဖြိုးတက်မှုဟာ အနာဂတ်မျိုးဆက် လူငယ်များ အပေါ်မှာ မူတည်ပါတယ်ဆိုတာ သင်လက်ခံယုံကြည်ထားလျှင်

    ထို အနာဂတ် မျိုးဆက်သစ်များ ယနေ့ လုပ်ဆောင်ရမည့် တာဝန်များကို သင်လမ်းပြခဲ့ဘူးပါသလား ။
    တိုင်းပြည်တွက် အရှေ ့ကမသွားရဲရင်တောင် အနောက်ကလိုက်ရဲ ရလိမ့်မည် အနောက်ကမလိုက်ရဲရင်တောင် ညာသံလေးတော့ ပေးနိုင်ရလိမ့်မည် ညာသံလေးမပေးရဲရင်တောင် ကျဆုံးသွားသူတွေတွက် ဝမ်းနည်းပက်လက်လေးတော့ ဖြစ်ပေးကြရန်လိုပါလိမ့်မည်
    ဒီတစ်ခါတော့ မိမိတို ့ ကိုယ်တိုင်ရွေးချယ်ရမယ့် အကြောင်းတစ်ခု ရှိနေပါပြီ ပိုက်ဆံလည်းမကုန်ပါဘူး သေနတ်နဲ ့အပစ်ခံရမှာလည်း ကြောက်စရာမလိုပါဘူး
    (ကိုယ်က ဘယ်လိုပဲပြိုင်ပြိုင် သူက နိုင်နှင့်နေပြီ ) ဖြစ်တဲ့ရွေးကောက် ပွဲကို သောက်ရုးထပြီး ဝင်ပြိုင်ကြတဲ့
    (တစညနဲ ့ ဖွတ်မဟုတ်တဲ့) နိုင်ငံတော်ကို ခေါင်းဆောင် လုပ်ခြင်ပါတယ် ဆိုတဲ့ ပါတီခေါင်းဆောင်တွေကို ဘာမှပြော မနေကြပါနဲ ့တော့ ဘယ်သူ ့ကိုမှ ဘာမှ ခံပြောမနေနဲ ့တော့
    လုံးဝတရားမမျှတတဲ့ဒီရွေးကောက်ပွဲကို ဘာမှသွားပြီးမလုပ်ကြပါနဲ ့ ကိုယ့်အိမ်ထဲမှာ ကိုယ်ငြိမ်ငြိမ်လေးသာ နေကြပေတော့ဗျို ့
    စစ်အာဏာရှင်တွေကနေ အရားဝင်အရပ်သားအာဏာရှင် အစိုးရ ဖြစ်အောင်လုပ်တဲ့သူတွေဟာ အဲ့သည် တစညနဲ ့ ဖွတ် ကိုပြိုင်တဲ့ ကျန်တဲ့ပါတီတွေဘဲလို ့ငါ မိုက်ကယ်အောင်ပု ပြောတယ်ကွာ ဘာဖစ်လဲ ရွှေဘိုသားကွ ဖဲရှုံးရင် လက်သီးပိုပြင်းတယ်

Leave a Reply