သံကောင် တုတ်ကောင်

ဆူးSeptember 28, 20101min22415

ဟိုတနေ့က ဆူရှိနဲ့ ပတ်သတ်ပြီး တင်လိုက်ပါတယ် နောက်တော့ ကို kai က သံကောင် အကြောင်းပြောလာတာနဲ့ ရှာရင်းနဲ့ စပ်မိစပ်ရာ ရှာတွေ့တာလေး တင်ပြပေးချင်လို့.. ကြည့်ရင်းနဲ့ အသည်းတော့ ယားလာတယ်.. ကြည့်ချင်ရင်တော့ ကြည့်ပေါ့..
ဗိုက်ထဲကနေ အရှင်လတ်လတ် ဖောက်ထွက်လာတာ..

Best Answer – Chosen by Voters
There you go, just click on the link below for a full explanation and a picture. The largest ever recorded in a human being was, I believe, 20 m (about 66 feet), but I cannot remember where I saw the reference, so I cannot provide a source.

Edit:
The second link below references that the longest tapeworm ever passed by a human was 39 m (128 ft.), but I find this doubtful. The third link cites 18 m (59 ft.), which is more believable (and closer to my original recollection).

By the way, removal is typically by killing the worm through medication (the remains are then removed from the body with the rest of the waste) or, in extreme cases, surgery. I have heard tales about removing it orally (by pulling it out through the throat), but I believe this is the stuff of urban legends, not reality.
Source(s):
http://en.wikipedia.org/wiki/Tapeworm
http://sps.k12.ar.us/massengale/invertebrate_notes.htm
http://www.il-st-acad-sci.org/kingdom/records1.html

ဖတ်ကြည့်လိုက်ပါ။

15 comments

  • kai

    September 28, 2010 at 9:18 am

    ပထမ စာဖြစ်တဲ့ “ ဆူရှီစားကြမလား… 😛
    ”က အကြောင်းအရာ မှားယွင်းဟန်ရှိသမို ့အထောက်အထားနဲ့ ရှင်းပြယုံသက်သက်ပါ။ (ပိုစ့်တင်တဲ့သူကို အပြစ်ပြောတာ မဟုတ်ရပါ။ တင်တဲ့အတွက်ကျေးဇူး..)ဆုရှိဆိုတာက ဒီနေ့ ယူအက်စ်မှာ ပိန်ချင်သူတွေ၊ အဟာရကျမ်းမာရေးလိုက်စားသူတွေ အစားများပေါ်ပြူလာဖြစ်လာတဲ့အစားအစာတခုမို ့လည်း မြန်မာတွေစားကြပါစေလို့ တိုက်တွန်းချင်စိတ်နဲ့ စာပြန်ရေးပေးလိုက်တာလည်း ဖြစ်ပါတယ်။
    ပင်လယ်ကမ်းရိုးတမ်းရှည်ကြီးရှိတဲ့ မြန်မာတွေ ပင်လယ်ငါးကိုစားသင့်ပါတယ်။ အဲဒါကြောင့်( ဦး)သိန်းဖေမြင့်က “ခေတ်မှီသူတိုင်းပင်လယ်ငါးစားကြသည်”ရယ်လို့ ဆောင်ပုဒ်တောင်ထုတ်တိုက်တွန်ခဲ့ဖူးတာပါပဲ။ ငါးဟာ လူအတွက် အဟာရလည်းဖြစ်ပါတယ်။ တဆင့်တက်ပြောရရင် ပင်လယ်ရေညှိ၊ရေမှော်၊ခရု၊ကမာတွေလည်း လူနဲ့အင်မတန်သင့်လျှော်တဲ့အစားအစာတွေပါပဲ။ ဒါမျိုးကို စားသင့်ကြပါတယ်။ အဲဒါကြောင့်အခုလို မစားဖို့တားမြစ်စိတ်ဖြစ်စေတဲ့စာမျိုးကို အထောက်အထားရှာပြီး …မှားနေတဲ့ပို ့စ်ဖြစ်ကြောင်းပြတာသက်သက်ပါ။
    ွှအဲ..
    အဲဒီကမှ..သံကောင်..တုတ်ကောင်တွေနဲ့ ပါတ်သက်တာဆိုပါတော့..။ မြန်မာ၊ အာဖရိက.. ကျေးလက်တောရွာတွေမှာ ဗိုက်ကလေးတွေပူနေတဲ့ကလေးတွေ ပြေးမြင်မိတာပါပဲ။ အဲဒီပူပူလေးအထဲ..ဘာတွေရှိတယ်..ထင်ပါသလည်း..။
    အဲဒါမျိုးကိုတော့.. စာဖတ်သူတွေကိုအသိပေးချင်တာပါ။
    အခုလို … ဆူး တင်တဲ့ပိုစ့်မျိုးကကောင်းပါတယ်။ ဒါပေမဲ့…အင်္ဂလိပ်စာဖတ်ဖို့ပျင်းသူတွေအတွက်..ဘာသာလေးသေသေချာချာပြန်ပေးရင် ကျေးဇူးတင်မိမှာပါပဲ..။

    ပြောရရင်..ကြည့်ဖူးတဲ့ တီဗီစီးရီးရှိသေးတယ်..။ အဲဒါတွေလည်း မြန်မာပြည်တီဗီမှာ ပြစေချင်မိတာပဲ။
    http://animal.discovery.com/tv/monsters-inside-me/
    လက်မဆေးလို့။ တောရွာဖက်အလည်သွားရင်း ရေဆင်းကူးမိလို့။ ကလေးကို မြေင်္ကြီးပေါ်ကစားစေလို့။ စသဖြင့် သံကောင်တုတ်ကောင်တွေ ခန္တာကိုယ်ထဲရောက်တဲ့အကြောင်း ဆိုပါတော့..။
    ဗဟုသုတအဖြစ် ကြည့်လိုက်ကြပါဦးခင်ဗျား…။

  • ဆူး

    September 28, 2010 at 10:06 am

    အမှန်အတိုင်းပြောရရင် အင်္ဂလိပ်စာညံ့တဲ့ အတွက် ဘာသာပြန်မှား မှာ စိုးလို့ မပြန်တာပါ။ အခုပေးတဲ့ လင့်က ခုနက ကြည့်ပြီးပြီး.. မြန်မာပြည်က ကွန်နက်ရှင်နဲ့ လုံးဝ ကြည့်လို့ အဆင်မပြေတဲ့ လင့်ကြီးပါ။ အကြာကြီးစောင့်တယ်.. တက်မလာ ဟိုလုပ်ဒီလုပ်မေ့ထားတုန်း အသံထွက်လို့ကြည့်လိုက်တယ် ပြီးတော့ မကြည့်လိုက်ရလို့ အနောက်ပြန်ဆုတ်ကြည့်မယ် ကြံတော့ အနောက်ဆုတ်ရက်သား ဆက်မသွားဘဲ လင့်ကို ချိတ်ဆက်တာ တော်တော် ကြာပါတယ်။

  • ဆူး

    October 31, 2011 at 5:53 pm

    အစားအသောက် ထိန်းပြီး ဝိတ်လျော့ချင်ကြတယ် ဆိုရင်တော့ ဟိဟိ..ကြည့်လိုက် ရင်တော့ တခုခုတော့ သိသွားပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၁နှစ်ကျော်က ပိုစ်လေးပါ။

    • windtalker

      October 31, 2011 at 6:55 pm

      မကြည့်ချင်ပါဘူး
      သိတယ်မို ့လား
      ကိုယ်တို ့က စလင်း အန် စမတ် ဆိုတော့
      လိုသေးဘူးနော
      ဟီဟိ

  • nigimi77

    October 31, 2011 at 8:20 pm

    အဲဒီ ၆ ပေကျော် လူ ့ဘီလူးကြီးက Slim & Smart တဲ့ ။ ဘူးထွား ဝါး ဟား ဟား…………

    • windtalker

      October 31, 2011 at 8:39 pm

      ဟေ့လူ
      ကျုပ် အဲဂလောက် မရှည်ရပါဘူးဗျ ။
      အရပ် က ၆ ပေ ပြည့်တယ် ဆိုရုံကလေးပါ

    • etone

      November 1, 2011 at 2:59 pm

      ကိုပေ ခြောက်ပေကျော်တာမြင်ပြီး ကြိတ်ခိုက်သွားသလား ပြောမရဘူး… ။
      သူကတော့ နှံပြည်စုတ်သာသာရယ် … ဝတ်ထားတဲ့နားကပ်တောင် မနည်းနိုင်အောင် မထားရရှာတာ … ဟဲဟဲ 🙄

  • ဆူး

    November 1, 2011 at 9:52 am

    ၆ပေ မပြည့် လက်တဆစ် သွားကြားထိုးတံဖြစ်
    ဘယ်လောက် စားစား အဟာရ သံကောင်များသို့လား
    ရူပါကပင် အဝလျှင်း ညိုးခြောက်ခြင်း ပိန်လှီရပေတည်းးးးး

    ဘူးးးးးးးးးးး ထွားးးးးးးးးးးး ဝါးးး ဟားးးးးး ဟားးးး

    • windtalker

      November 1, 2011 at 12:33 pm

      ဘူးထွားဝူးဝါးမနေနဲ ့ဦး ဘွားဆူးရဲ ့
      သံကောင်တုတ်ကောင် ဆိုတာ
      ဝဝကစ်ကစ်လေးတွေ မှ
      သိပ်ချစ်တာဆိုကလားဘဲ
      အမည်မသိ ကျမ်းစာစောင် တစ်ခု မှာ အတိအကျ ဖော်ပြထားတာကလား

  • etone

    November 1, 2011 at 3:30 pm

    ဒီနိုင်ငံမှာလည်း သံကောင် တုတ်ကောင်ပေါတဲ့ကလေးတွေ တပုံ တခေါင်းကြီးပဲ .. ။
    ဗိုက်ပူ ၊ နံကားလေးတွေနဲ့ လျှောက်သွားနေကြတာ … ။ မြို့ပြင်ကျတဲ့နေရာမှာ ပိုဆိုးတယ် … ကလေးတွေ သန်ချရမယ့် အချိန်လည်း မသိသလို … လက်ဆေးရကောင်းမှန်းလည်း နားမလည်ဘူးလေ … ။

    • ဆူး

      November 1, 2011 at 4:28 pm

      ကျောင်းတွေမှာတော့ သံချဆေးတွေ လှူတဲ့ အစီအစဉ်တွေတော့ ရှိတယ် ကြားဖူးတယ်။
      လက်ရေဆေးရကောင်းမှန်း မသိတာထက် အညာဒေသတွေဆို ရေရှားတာလည်း ပါလိမ့်မယ် ထင်တယ်။ တချို့ကလေးတွေများ အခြွှေအရံ ၄ယောက် ၅ယောက်လောက်နဲ့ မြေကြီးပေါ်တောင် မဆင်းရဘူး တချို့ ကလေးတွေများဆို သဲတွေ ဖုန်တွေကြားထဲ လူးလိမ့်နေတာ မြင်ရတဲ့ လူတောင် ကလေးကို သနားမိတယ်။

  • Koyin Sithu

    November 1, 2011 at 4:42 pm

    ကျွန်တော်လည်း ဘိုက်ပူ နံကားလေးဖြစ်နေပြီ…
    သံကောင်၊ တုတ်ကောင်ကြောင့်တော့မဟုတ်ဘူး..
    မြန်မာဘီယာကြောင့်ပေါ့လေ… 😀

    • ဆူး

      November 1, 2011 at 4:59 pm

      ဗိုက်ထဲမှာ ဘာရှိမလဲ သိချင်ရင် မူဗွီ ကို သေချာ ဖွင့်ကြည့်လိုက်… ဗိုက်ထဲက တင်မဟုတ်ဘူး ဗိုက်ထဲကပါ အတင်းထိုးထွက်နေတာ မြင်သွားလိမ့်မယ်။

  • Paganini

    December 5, 2011 at 12:10 pm

    သဂျီး ကို မီးဒုတ်ချင် ဒုတ်
    ဆုရှီ နဲ့ စရှိမိ ကိုတော့ ဒုတ်နိုင်ဝူး ..
    မသန့်တာစားရင်တော့ ဘာစားစား ဖြစ်မှာဘဲ …

    အင်း …ညကျရင် ယုရခုချော မှာ မာဂုရိုလေး သွားကိုက်လိုက်ဦးမှ…
    😀

  • hmee

    December 5, 2011 at 2:11 pm

    အမလေး ကြည့်ပြီး ခေါင်းမူးသွားတယ်။ ဗိုက်ကို ဖေါက်ထွက်လာတာ ဗိုက်မှာကျန်ခဲ့တဲ့ အနာကြီးကလည်း လန့်စရာ။ 🙁

Leave a Reply