ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

CharTooLanSeptember 29, 20102min2366

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။လိမ္မာပြီး ဉာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဉာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။
ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။ ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။
တကယ်တော့ လူသားတွေဟာ အသိဉာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဉာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့သတ္တဝါကို ဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ မသတ်ဖြတ်သင့်ပါဘူး။ ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တရားပါ။
ထားကောင်းပါတယ်။ ထားသင့်ပါတယ်။
တကယ်လို့သာ ဒီနေရာမှာ လင်းပိုင်တွေမဟုတ်ဘဲ လူသားစား ငမန်းတွေသာဆို ဒီလူတွေ ဒီလိုလုပ်ရဲပါ့မလား။ စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။ သူ့အလှည့်ကျတော့ အသေအကြေလုပ် ကိုယ့်အလှည့်ကျတော့ နာမှာကြောက် သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ စိတ်မျိုး မမွေးကြပါနဲ့။ ကိုယ်ချင်းစာတရား ထားပြီး အဆင့်မြင့်တဲ့ လူသား ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့။
ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။
နောက်ပြီး ဒီလို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေ ရပ်တန့်သွားဖို့ တထောင့်တနေရာက ကြိုးစားပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို လုပ်ပါ။

by forward mail…

6 comments

  • MyFirstGreen

    September 29, 2010 at 9:05 am

    လောကမှာ အရက်စက်ဆုံးသတ်တဝါက လူလို့ ကြားဖူးပါတယ်။

  • michaelaungpu

    September 29, 2010 at 9:45 am

    ဖတ်တော့ဖတ်ဖူးတယ် ဗာလို
    အဲ့သည်ပွဲကို ကန် ့ကွက်တာတို ့ဘာတို ့ရော ရှိကြဘူးလား
    မြန်မာပြည်မှာတော့ အဲ့သည်ငါးတွေကို သတ်ခွင့်မရှိဘူးလို ့တော့ ပြောတာဘဲ တစ်ချို ့ကဆေးဖက်ဝင်တယ်ဘာတယ်ပေါ့ နားလည်တဲ့လူတွေ ဆရာဝင်လုပ်ကြပါဦး

  • ဆူး

    September 29, 2010 at 11:43 am

    သနားစရာ ငါးသတ္တဝါလေးပါလား။ သူတို့လည်း ဘယ်လိုဝဋ်ကြွေးများ ရှိလို့ ဒီကို လာပြီး အသတ်ခံကြလဲ မသိဘူး။ ဒီလောက် အများကြီးသေကြတာ သူတို့ အသားကိုကော ဘာလုပ်ကြလဲ စားကြလား စားလို့တောင် ကုန်မှာ မဟုတ်ဘူးနော် ဒီလောက် အကောင်ရေတွေ များနေတာ လွင့်ပစ်လိုက်ကြမှာဘဲ.. အာဖရိက က စားရမဲ့ သောက်ရမဲ့တွေ အတွက် အသားဟင်းတခွက် ဖြစ်သွားလဲ အရှုန်းထဲက အမြတ်ထွက်တယ်။

  • Gong Zhu

    October 13, 2010 at 4:33 pm

    အဲ့ဒီ လင်းပိုင်လေးတွေက လူတွေရေနစ်ရင် ကမ်းဘက်ရောက်အောင် ခေါ်ပြီး ကယ်ပေးတယ်တဲ့ …

  • kai

    October 13, 2010 at 6:56 pm

    “A very helpful link was posted – http://www.wdcs.org/

    WDCS has been involved in a campaign against this cruel hunt since they first founded almost 20 years ago.

    From the WDCS website:

    What can you do?

    Please send a politely worded letter to the Faroese government and (copy it to the Danish Foreign Ministry) to express your protests about this hunt. The addresses are provided below. Please make the time to mail a letter, or send a fax, as it has more impact than an email.

    We will not pretend that ending the Faroe Island’s drive hunts is simple. It is a long tradition of this remote and proud community that is proving hard to break. But traditions evolve over time and, rest assured, WDCS will not give up until drive hunting is consigned to the history books in the Faroe Islands.

    Office of the Faroese Government
    Føroya Landstýri
    Tinganes
    P.O. Box 64
    FR-110 Tórshavn
    Tel.: 298 11080
    Fax: 298 19667

    Ministry of Foreign Affairs of Denmark
    2, Asiatisk Plads
    DK-1448 Copenhagen K
    Tel. +45 33 92 00 00
    Fax +45 32 54 05 33
    E-mail um@um.dk

  • etone

    October 14, 2010 at 2:46 am

    kai ရေ ကျေးဇူးတင်ပါတယ် link လေးရတော့ နည်းနည်း complain တတ်လို့ရတာပေါ့ ..။ နှမ်းတပွင့်နဲ့ဆီမဖြစ်ပေမဲ့ mandalay gazette ကလူတွေအားလုံးဝင်ရေးရင် သူတို့ဘက်က တစ်ခုခုတော့စဉ်းစားမယ်ထင်တာပဲ ။ .

Leave a Reply