လူမှုစီးပွား တူသလား

ရွှေ မင်း သားSeptember 28, 20101min471

ကျနော်တို့ပါတ်ဝန်းကျင်တွင် စီးပွားရေးတွင် ကျွမ်းကျင်သူများသည် လူမှုရေးတွင်လဲ ထူးချွမ်သူများလဲ တွေ့ရသည်။
တချို့လဲ စီးပွားရေးမှ စီးပွားရေးဘဲ အာရုံစိုက်ကြပြီး လူမှုရေးကို အရေးမထားသူများလဲ တွေ့ဖူးသည်။
ကျနော် ခေါင်းထဲတွင် အတွေးတစ်ခုရောက်လာသည်။ လူမှုရေးနှင့် စီးပွားရေး ဆက်စပ်မှုရှိသလားဟု အတွေးဝင်လာသည်။
သေသေချာချာစဉ်းစားသော်လဲ အဖြေထုတ်မရပါ။
စီးပွားရေးတွင် တော်သူများသည် ဆက်ဆံရေးလဲ  ကောင်းကြသည်။ သို့သော် ဆက်ဆံရေးကောင်းရုံဖြင့် လူမှုရေး ကောင်းမည်မဟုတ်ပါ။
စီးပွားရေးသမားများသည် ဆက်ဆံရေးကိုတော့ အာရုံစိုက်ကြသည်။ အလေးထားကြသည်။ သို့သော် လူမှုရေးကိုတော့ အလေးထားသူရှိသလို၊ အလေးမထားသူလဲ ရှိပါသည်။

ဥပမာဆိုလျှင် စီးပွားရေးကောင်းသူတစ်ဦးသည် ထိုသူ၏ဆွေမျိုး သားချင်း ဒုက္ခ ရောက်နေသည်ကိုကြုံတွေ့လျှင် အားပေးစကားကို ရွှမ်းရွှမ်းဝေနေအောင် ပြောနိုင်ကြသည်။ သို့သော် ကူညီ မည် မကူညီ ဆိုသည်မှာတော့ မသေချာပါ။
တချို့ စီးပွားရေးသမားများ ကျတော့ မိမိအတွက် အကျိုးရှိမည်သူကိုဘဲ အကူအညီပေးတာလဲ ရှိပါတယ်။ မိမိအတွတ် အသုံးမတဲ့ရင် တော့ မည်သို့ပင် ရင်းနှီးသည်ဖြစ်စေ လှည့်ကြည့်မည်မဟုတ်ပါ။

လူမှုရေးလုပ်ကြသူများတွင် တချို့ က လူမှုရေး သည်းသန့် လုပ်သူနှင့် လူမှုရေးနှင့် စီးပွားရေးတွဲလုပ်သူ များလဲရှိသည်။
လူမှုရေးလုပ်ရာတွင် တချို့ က တကယ်လိုအပ် နေလျှင် လိုအပ်သလို အင်တိုက်အားတိုက် လိုက်လံ ကူညီလုပ်ကိုင်ကြသည်။
အမှန်တကယ ်လိုအပ်သောနေရာတွင် သာ လှူဒန်းကြသည်။ လုပ်အားဒါန ပြုကြသည်။
သို့သော် တချို့သူများသည် လူမှုရေးလုပ်ရာတွင် ကိုယ်ကျိုးမျှော်၍ လုပ်သော လူမှုရေးများလဲ ရှိကြသည်။
လူမှုရေးလုပ်ရင်း စီးပွားရေးလဲ နွယ်လာကြသည်။

တချို့သည် ကျန်းမာရေး အရ ဂေါက် ကစားကြသည်။
ဂေါက်ကစားရင်း လဲ စီးပွားရေးလုပ်ကြသည်။ တစ်ချို့သည် အလှူပွဲ မွေးနေ့ ပွဲ များလုပ်၍ အပေါင်းအသင်းနယ်ချဲ့ ကြသည်။ ထိုမှတဆင့် စီးပွားရေး လမ်းကြောင်းရှာကြသည်။

မည်သို့ပင်ဖြစ်စေ ကျနော် အတွေးမှာ စီးပွားရေးသည် စားဝတ်နေရေးအတွက်လိုအပ်သလို လူမှုရေးသည်လဲ လူမှုပတ်ဝန်းကျင်တွင် လိုအပ်ပေသည်။
သို့သော် စဉ်းစားလေ ရှုပ်ထွေးလေ ဖြစ်နေသည်မှာ ယနေ့ ခေတ်တွင် စီးပွားရေးနှင့် လူမှုရေးသည်  ခွဲ၍မရအောင်ပင် ရောထွေးနေသည်။ ဒီဟာက လူမှုရေး၊ ဟိုဟာက စီးပွားရေးဟုပင် ခွဲခြားမရအောင်ပင် ရှုပ်ထွေးနေသည်။

ကျနော်ဘဲ ဉာဏ် နဲ လို့လားတော့ မသိပါ။

One comment

  • kopauk mandalay

    September 28, 2010 at 3:48 pm

    တူလဲတူတယ် မတူလလဲမတူဘူးလို့ပြောရမယ်ထင်ပါတယ်။
    စီးပွားရေးကတော့ မိမိအတွက် ကိုယ်ကျုးိ
    လူမူ့ရေးကတော့ တစ်ပါးသူအကျိုးလို့ပြောရင်ရပါတယ်။
    တစ်ခါတစ်လေစီးပွါးရေးအတွက် လူမူရေးဆိုတာကို အရေခြုံလို့ဝင်လာတတ်သလို၊
    လူမူရေးလုပ်ရင်းကလဲစီးပါွးရေးပါတွဲပါသွားတတ်ပါတယ်။အကောင်းဆုံးက အတ္တ နဲ့ ပရ မျှတစွာတွဲနေတာအကောင်းဆုံးပါဘဲ။

Leave a Reply