ငါ တစ်ခါတစ်ခါ ပြုံးနေတတ်တယ်
ဝမ်းနည်းမှုတွေနဲ့ပေါ့

ငါ တစ်ခါတစ်ခါ မှိုင်တွေနေတတ်တယ်
အတိတ်တွေကို သတိရရင်းပေါ့

ငါ တစ်ခါတစ်ခါ ပျင်းနေတတ်တယ်
စိတ်လေစွာနဲ့ပေါ့

ငါ တစ်ခါတစ်ခါ ကြိုးစားနေတတ်တယ်
အနက်ရှိုင်းဆုံးမာနတွေနဲ့ပေါ့

ငါ တစ်ခါတစ်ခါ မုန်းနေတတ်တယ်
လူတွေရဲ့ အတ္တ,တစ်ကိုယ်ကောင်းဆန်မှုကိုပေါ့

ငါ တစ်ခါတစ်ခါ ချစ်ခြင်းကို အယုံအကြည်ကင်းနေတတ်တယ်
ငါ့ ချစ်သူကလွဲလို့ပေါ့

ငါ တစ်ခါတစ်ခါ လွမ်းနေမိတယ်
မေမေနဲ့ သိပ်ချစ်ရတဲ့ချစ်သူကိုပေါ့

ပြီးတော့….
ငါ တစ်ခါတစ်ခါ သေချင်မိတယ်
သေတဲ့သူတွေနေတဲ့ သေရွာဆိုတာ ရှိခဲ့ရင်ပေါ့။

My First Green

About MyFirstGreen

First Green has written 12 post in this Website..