ပျော်စရာကောင်းတဲ့မိသားစု

Linn LettSeptember 28, 20101min470

လက်ထပ်ပြီး ၁၁နှစ်အကြာမှ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ယောကျာင်္းလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့အတွက် သူတို့အတွက်တော့ သားလေးဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာ တစ်ပါးပါပဲ။ ရှိသမျှ အချစ်တွေက သားလေးဆီမှာ ပုံနေတော့ တာပါပဲ။

ဒီလိုနဲ့ သားလေးနှစ်နှစ်သား ရောက်လာခဲ့ပါတယ်။ တစ်နေ့မနက်ခင်းမှာ ယောကျင်္ားဖြစ်သူက အဖုံးဖွင့်ထားတဲ့ ဆေးပုလင်းကို တွေ့ပါတယ်။ ဒါပေမယ့် အလုပ်သွားဖို့ နောက်ကျနေတဲ့အတွက် အဖုံးပွင့်နေတဲ့ ဆေးပုလင်းကို မပိတ်တော့ပဲ ဇနီးဖြစ်သူကို ဆေးပုလင်း အဖုံးပိတ်ပြီး ဆေးသေတ္တာထဲ သိမ်းလိုက်ဖို့ ပြောပြီး အလုပ်ကို အလောတကြီး ထွက်သွားလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်နောက်ဖေးမှာ ဟင်းချက်နေတော့ ပုလင်းကို သိမ်းဖို့မေ့သွား ခဲ့တာပေါ့။

အဲဒီမှာ သားလေးက ဆေးပုလင်း ကိုတွေ့တော့ ကလေးတို့ ထုံးစံအတိုင်း ဆော့ကစား တော့တာပေ့ါ။ ဆော့ရင်းနဲ့ ဆေးပုလင်းထဲက ဆေးတွေကို အကုန်သောက် ပစ်လိုက်ရော။ အရွယ်ရောက်နေတဲ့ လူကြီးတွေအတွက် ဆေးတစ်ခွက်စာဟာ ကလေးတွေ အတွက်မှာတော့ အဆိပ်ဖြစ် လာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူက ဆေးတွေသောက်လို့ မကြာခင်မှာ လဲကျသွားတော့ အမေလုပ်သူက ပြေးထွက်လာပြီး ကလေးကို ဆေးရုံတင် ပို့ရတာပေါ့။ မကြာခင်မှာပဲ သားဖြစ်သူ ကလေးက ဆေးရုံမှာပဲ အသက်မဲ့ သွားရပါတယ်။

ဒီတော့မှ သေသွားပြီ ဖြစ်တဲ့ သားလေးကို ကြည့်ပြီး အမေလုပ်သူက သတိလစ် သွားခဲ့ပါတယ်။ ယောင်္ကျားဖြစ် သူကိုလည်း ဘယ်လိုမျက်နှာ ပြရမလဲ ဆိုတာတွေးပြီး အင်မတန် ကြောက်ရွံစိုးရိမ် နေပါတယ်။ ဒါပေမယ့် ယောကျင်္ားဖြစ်သူ ဆေးရုံကို ရောက်ရှိလာတဲ့ အခါမှာ သူတို့ရဲ့ သားလေးအလောင်း ကိုမြင်တော့ မိန်းမဖြစ် သူကိုကြည့်ပြီး စကားလေး လေးလုံးပဲ ပြောလိုက်ပါတယ်။ ကဲ.. အဲဒီလေးခုသော စကားလုံးက ဘာဖြစ်မလဲ မသိဘူးနော်။ ဘာလို့ထင်လဲ?

တကယ်တော့ ယောကျာင်္းဖြစ်သူ ပြောလိုက်တဲ့ လေးလုံးသော စကားက ” I LOVE YOU DARLING”တဲ့။ ယောကျင်္ားဖြစ်သူ ရဲ့တကယ့် ရင်ထဲက ဖြစ်ပေါ်လာတဲ့ အပြုအမူနဲ့ မမျှော်လင့်ထားတဲ့ အားပေးနှစ်သိမ့် တုံပြန်မှု စကားလေးပါ။ ကလေးက တကယ်ကို သေဆုံးသွား ခဲ့ပါတယ်။ ကလေးအသက် ပြန်ရှင်ဖို့ သူလည်းမလုပ်ဆောင် နိုင်တော့ပါဘူး။အကယ်၍သာ သူကလည်း အချိန်လေး နဲနဲပေးပြီး ဆေးပုလင်းကို သိမ်းခဲ့လိုက် မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အခုချိန်မှာမှ အပြစ်တင်ဖို့လည်း မလိုအပ်ပါဘူး။ ဒီအချိန်မှာ အမေဖြစ်သူကို အပြစ်ရှာ နေလို့လည်း ဘာမှထူးမလာ တော့ပါဘူး။ သူမလည်း သားလေးကို ဆုံးရှုံးခဲ့ ရသူပါပဲ။ အခုချိန်မှာ သူမတကယ် လိုအပ်နေတာက ယောကျင်္ားဖြစ်သူရဲ့ အားပေးနှစ် သိမ့်မှုပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် သူလုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်ပါပဲ။

တစ်ခါတစ်ရံမှာ မိသားစုမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ အသိမိတ်ဆွေကြား မှာပဲဖြစ်ဖြစ် ကျွန်မတို့တွေဟာ မည်သူ့မှာ တာဝန်ရှိတယ်၊ မည်သူ့မှာ အပြစ်ရှိတယ် ဆိုပြီး အချိန်ကုန်ခံကာ ပြောဆိုကြပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ ကူညီမှုမှာ လူသားတွေရဲ့ ခင်မင်မှု ချစ်ခင်မှုမှာ နွေးထွေးမှုတွေ လုံးဝလျှော့ နည်းနေပါတယ်။

ဒီတော့ ခွင့်မလွတ်သင့်တဲ့ သူတွေကို ခွင့်လွတ်ရင်း ချစ်ပြလိုက်ခြင်းဖြင့် ကမ္ဘာမှာ အလွယ်ဆုံး အလုပ်ကို လုပ်ဆောင်ပြလိုက်ပါ။ ဒါကြောင့် မည်သည့်အရာ ကိုမဆို တန်ဖိုးထားပါ။ ခွင့်လွတ်နားလည် ပေးခြင်းဖြင့် နာကျင်မှုတွေ၊ စိတ်သောက ရောက်မှုတွေ၊ ဝမ်းနည်းပူဆွေး ရမှုတွေကို မတိုးပွားပါစေနဲ့။

ကမ္ဘာမှာ လူသားတိုင်း ဒီလိုပြသနာ ဖြစ်ရပ်မျိုး လေးတွေနဲ့ ကြုံဆုံနေရ တတ်ပါတယ်။ ဒါကြောင့် မနာလိုခြင်း၊ မနာဖြစ်စေသော အရာများ၊ ခွင့်မလွတ် တတ်မှုတွေ ၊ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ကြောက်ရွံ့စိုးရိမ် တတ်မှုတွေကို ခဝါချလိုက်ပါ။ ဒါဆိုရင် ပျော်ရွှင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းစတဲ့ အရာအားလုံးကို သင်ထင်သလောက် မခက်ခဲဘဲ လွယ်လွယ်ကူကူ ရှာဖွေတွေ့ ရှိလာပါလိမ့်မယ်။