ဗေဒင်ဆိုတာနဲ့ သိပ်မယုံကြနဲ့နော်..ဗေဒင်ဆရာတို
င်းတော့မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုပြောပြမယ်..
ဒီလိပ်စာအတိုင်း ဆရာဆီကိုသွားခဲ့တယ် အဲချိန်မှာ ကျွန်မအလှည့်မရောက်ခင်
မိန်းကလေး တစ်ယောက်က မေးနေတာတွေ့ရတယ်
ဆရာကပြောတယ်…
ဆရာ… မင်းမှာ ရည်းစားရှိတယ်မဟုတ်လား? မှန်တယ်လို့ပြော…
မိန်းကလေး.. ရှိပါတယ်ဆရာ..
ဆရာ.. မင်းရည်းစားက မင်းကိုအပျော်ကြံလိမ့်မယ်. ဗိုက်ကြီးပြီး
အရှက်တကွဲဖြစ်လိမ့်မယ်…
မိန်းကလေး.. ရှုင်.. အဲဒါဘယ်လိုလုပ်ရမှာလဲ ဆရာ..
ဆရာ.. အင်း ဆရာမမ်း ပေးမယ်..ရှေ့ကိုတိုး..
ိမိန်းကလေး.. ဟုတ်ကဲ့ဆရာ
ဆိုပြီးတော့ အဲချိန်မှာ မိန်းကလေးက
သူ့ရှေ့ကိုတိုးသွားတယ်..ဆရာကလက်အုပ်ချီခိုင်းပြီးတော့
မျက်လုံးမိတ်ခိုင်းထားတယ်
ပြီးတော့ ထမိန်ထဲကို လက်နှစ်ချောင်းနှိုက်နေတယ် မိန်းကလေးရဲ့ကိုယ်က
ကွယ်နေတော့ အနောက်ကလူတွေက မမြင်ရဘူး ကျွန်မက ဘေးဘက်ရောက်နေလို့
မြင်လိုက်ရတယ် အဲဒါကိုမြင်တော့ ကျွန်မ ထိတ်လန့်သွားတယ်..
သူငယ်ချင်းတို့လည်း သိကြမှာပါ
ဗေဒင်မေးရင် လက်ကိုင်ယုံကလွှဲလို့ တစ်ခြားဘယ်နေရာမှ မကိုင်ကြဘူး မဟုတ်လား?
အဲမိန်းကလေးဘယ်လိုခံစားရမယ်ဆိုတာ သူငယ်ချင်းတို့ပဲ
စဉ်းစားကြည့်ပါတော့………
နောက်တော့..ကျွန်မအလှည့်ရောက်လာတယ်..ကျွန်မလည်းခပ်လန့်လန့်နဲ့ပဲ ရှေ့တိုးသွားရတယ်
ကျွန်မကိုကျတော့ နှလုံးရောဂါဖြစ်မယ်လို့ ပြောတယ်..
ဆရာမမ်းပေးမယ်လို့ပြောပြီး ရှေ့တိုးခိုင်းတယ်
ပြီးတော့… ကျွန်မနဲ့အတူပါလာတဲ့ အဖော်ကိုလည်း ဘိုးတော်ကိုဆက်ဖို့ဆိုပြီး
ဆေးလိပ်သွားဝယ်ခိုင်းတယ်
အဲဒါနဲ့ ကျွန်မလည်း လက်အုပ်လေးချီပြီး မျက်လုံးလေးမှိတ်ပြီး
ရှေ့တိုးသွားရတာပေါ့ စိတ်ထဲကတော့ လှန့်နေတယ်
နှလုံးရောဂါ မဖြစ်အောင်မမ်းပေးမယ် ဆိုပြီး ဘယ်ဘက်ရင်ဘတ်ကို အရင်စမ်းပြီး
ဘော်လီထဲထိကို လက်နှိုက်လိုက်တယ်
ကျွန်မမျက်လုံး ဖွင့်ကြည့်လိုက်မိတယ် အဲချိန်မှာ သူက ကျွန်မ
ဘော်လီထဲကိုသေချာကြည့်နေတယ် ပြီးတော့ ကျွန်မကြောက်လို့ မျက်ရည်ဝဲလာတယ်
ဒါပေမယ့် ဘာမှလဲမပြောနိုင်ခဲ့ဘူး….ကျွန်မဗိုက်ကိုလည်း
အကျီင်္ီကိုလှန်ပြီးကိုင်တယ် ..အဲဒါမမ်းတာလား?…….
ကျွန်မနောက်မှာ မိန်းကလေးနှစ်ယောက်ကျန်နေသေးတယ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ
သူငယ်ချင်းတို့ စဉ်းစားသာကြည့်ကြပါတော့……………………………………………….
……………………………………………………………………………………………………………………………။
ကျွန်မအပြန်လမ်းမှာလဲ ရှက်ပြီးဝမ်းနဲလွန်းလို့ မျက်ရည်ကျခဲ့ရတယ်…
ကျွန်မလိုမျိုး ဘယ်မိန်းကလေးကိုမှ ဒီလိုအဖြစ်အပျက်မျိုးနဲ့
မကြုံတွေ့ရအောင်.. သတိပေးရခြင်းဖြစ်ပါတယ်…………။
ကျွန်မပြောပြနေတာတွေက တစ်ခုမှ အလိမ်ငြာမပါပါဘူး.. တစ်ကယ့်ကိုယ်တွေ့ဖြစ်ခဲ့တာပါပဲ..
အဲတော့ ဒီလိပ်စာနဲ့ဗေဒင်ဆရာ ဆီသွားမယ်ဆိုရင်တော့ မိန်းကလေးများ
သတိထားသင့်ပါတယ်…။

(ကိုယ်တွေ့တစ်ဦး)

About Linn Lett

Nay Linn has written 53 post in this Website..

Nothing Special