နှာဘူးဗေဒင်ဆရာ.(မိန်းကလေးတစ်ယောက်၏ကိုယ်တွေ့ဖြစ်ရပ်)

Linn LettSeptember 28, 20101min8811

ဗေဒင်ဆိုတာနဲ့ သိပ်မယုံကြနဲ့နော်..ဗေဒင်ဆရာတို
င်းတော့မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုပြောပြမယ်..
ဒီလိပ်စာအတိုင်း ဆရာဆီကိုသွားခဲ့တယ် အဲချိန်မှာ ကျွန်မအလှည့်မရောက်ခင်
မိန်းကလေး တစ်ယောက်က မေးနေတာတွေ့ရတယ်
ဆရာကပြောတယ်…
ဆရာ… မင်းမှာ ရည်းစားရှိတယ်မဟုတ်လား? မှန်တယ်လို့ပြော…
မိန်းကလေး.. ရှိပါတယ်ဆရာ..
ဆရာ.. မင်းရည်းစားက မင်းကိုအပျော်ကြံလိမ့်မယ်. ဗိုက်ကြီးပြီး
အရှက်တကွဲဖြစ်လိမ့်မယ်…
မိန်းကလေး.. ရှုင်.. အဲဒါဘယ်လိုလုပ်ရမှာလဲ ဆရာ..
ဆရာ.. အင်း ဆရာမမ်း ပေးမယ်..ရှေ့ကိုတိုး..
ိမိန်းကလေး.. ဟုတ်ကဲ့ဆရာ
ဆိုပြီးတော့ အဲချိန်မှာ မိန်းကလေးက
သူ့ရှေ့ကိုတိုးသွားတယ်..ဆရာကလက်အုပ်ချီခိုင်းပြီးတော့
မျက်လုံးမိတ်ခိုင်းထားတယ်
ပြီးတော့ ထမိန်ထဲကို လက်နှစ်ချောင်းနှိုက်နေတယ် မိန်းကလေးရဲ့ကိုယ်က
ကွယ်နေတော့ အနောက်ကလူတွေက မမြင်ရဘူး ကျွန်မက ဘေးဘက်ရောက်နေလို့
မြင်လိုက်ရတယ် အဲဒါကိုမြင်တော့ ကျွန်မ ထိတ်လန့်သွားတယ်..
သူငယ်ချင်းတို့လည်း သိကြမှာပါ
ဗေဒင်မေးရင် လက်ကိုင်ယုံကလွှဲလို့ တစ်ခြားဘယ်နေရာမှ မကိုင်ကြဘူး မဟုတ်လား?
အဲမိန်းကလေးဘယ်လိုခံစားရမယ်ဆိုတာ သူငယ်ချင်းတို့ပဲ
စဉ်းစားကြည့်ပါတော့………
နောက်တော့..ကျွန်မအလှည့်ရောက်လာတယ်..ကျွန်မလည်းခပ်လန့်လန့်နဲ့ပဲ ရှေ့တိုးသွားရတယ်
ကျွန်မကိုကျတော့ နှလုံးရောဂါဖြစ်မယ်လို့ ပြောတယ်..
ဆရာမမ်းပေးမယ်လို့ပြောပြီး ရှေ့တိုးခိုင်းတယ်
ပြီးတော့… ကျွန်မနဲ့အတူပါလာတဲ့ အဖော်ကိုလည်း ဘိုးတော်ကိုဆက်ဖို့ဆိုပြီး
ဆေးလိပ်သွားဝယ်ခိုင်းတယ်
အဲဒါနဲ့ ကျွန်မလည်း လက်အုပ်လေးချီပြီး မျက်လုံးလေးမှိတ်ပြီး
ရှေ့တိုးသွားရတာပေါ့ စိတ်ထဲကတော့ လှန့်နေတယ်
နှလုံးရောဂါ မဖြစ်အောင်မမ်းပေးမယ် ဆိုပြီး ဘယ်ဘက်ရင်ဘတ်ကို အရင်စမ်းပြီး
ဘော်လီထဲထိကို လက်နှိုက်လိုက်တယ်
ကျွန်မမျက်လုံး ဖွင့်ကြည့်လိုက်မိတယ် အဲချိန်မှာ သူက ကျွန်မ
ဘော်လီထဲကိုသေချာကြည့်နေတယ် ပြီးတော့ ကျွန်မကြောက်လို့ မျက်ရည်ဝဲလာတယ်
ဒါပေမယ့် ဘာမှလဲမပြောနိုင်ခဲ့ဘူး….ကျွန်မဗိုက်ကိုလည်း
အကျီႌကိုလှန်ပြီးကိုင်တယ် ..အဲဒါမမ်းတာလား?…….
ကျွန်မနောက်မှာ မိန်းကလေးနှစ်ယောက်ကျန်နေသေးတယ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ
သူငယ်ချင်းတို့ စဉ်းစားသာကြည့်ကြပါတော့……………………………………………….
……………………………………………………………………………………………………………………………။
ကျွန်မအပြန်လမ်းမှာလဲ ရှက်ပြီးဝမ်းနဲလွန်းလို့ မျက်ရည်ကျခဲ့ရတယ်…
ကျွန်မလိုမျိုး ဘယ်မိန်းကလေးကိုမှ ဒီလိုအဖြစ်အပျက်မျိုးနဲ့
မကြုံတွေ့ရအောင်.. သတိပေးရခြင်းဖြစ်ပါတယ်…………။
ကျွန်မပြောပြနေတာတွေက တစ်ခုမှ အလိမ်ငြာမပါပါဘူး.. တစ်ကယ့်ကိုယ်တွေ့ဖြစ်ခဲ့တာပါပဲ..
အဲတော့ ဒီလိပ်စာနဲ့ဗေဒင်ဆရာ ဆီသွားမယ်ဆိုရင်တော့ မိန်းကလေးများ
သတိထားသင့်ပါတယ်…။

(ကိုယ်တွေ့တစ်ဦး)

11 comments

  • bigcat

    September 28, 2010 at 10:18 pm

    လူတွေရှိတာတောင် မအော်ရဲလောက်အောင် ကြောက်နေမှတော့ ခက်တော့နေပြီ။

  • kopauk mandalay

    September 29, 2010 at 2:07 am

    ကျနော်သာ ဗေဒင်သွားမေးတဲ့သူတစ်ယောက်ဖြစ်ရင်
    ကိုယ်ရှေ့ကလူ ကို မဟုတ်တရုတ်လုပ်နေတာမြင်ကတည်းက ထပြန်လာလိုက်မှာဘဲ။
    တကယ်လို့ကိုယ်ခံလိုက်ရရင်လဲ အခုလို နောက်မှ
    ပြောမနေဘဲ ရဲစခန်းသွားတိုင်လိုက်မှာ။
    ဒါပေမယ်ခက်တာက သူခေါ်တာမဟုတ်ဘဲ ကိုယ်ကသွားမိတာကိုး။
    ဒါပေမယ့်အခုလိုပြောပြလိုက်တော့လဲအဲဒီလူစားပေါက်ပိတ်သွားတာပေါ့ ၊
    အခုလောက်ဆို ရင်အဲဒီလူ……………………..

  • onlinezz

    September 29, 2010 at 2:33 am

    kopauk ပြောသလိုပဲ။ကိုယ်ရှေ ့ကလူကို မဟုတ်တာ လုပ်နေတာမြင်ရင် ဆက်မမေးသင့်ဘူးနော်။ဘာပဲဖြစ်ဖြစ် ခုလိုပြောလိုက်တော့ နောက်သွားမယ့် လူတွေဆင်ခြင်စရာ ဖြစ်တာပေါ့။ခက်နေတာက မြန်မာပြည်မှာ ဗေဒင်တို ့၊ ဘိုးတော်တို့ ကို ယုံကြည်လွန်းပြီး ကိုးကွယ်တဲ ့လူတွေ ရှိနေလို ့ဒီလောက်ထိ သောင်းကျန်းနေကြတာ။

  • Kaythayi

    September 29, 2010 at 4:26 am

    ဗေဒင်ယုံလွန်းသူတွေ အတွက် သတိပြု စရာပါပဲ။
    ကိုယ့်ရှေ့မှာ မဟုတ်တာ လုပ်နေတာ မြင်ရင်တော့ လှည့်ပြန်လာတာ အကောင်းဆုံးပါပဲ။

  • MyFirstGreen

    September 29, 2010 at 5:01 am

    အနော်လည်း ကိုပေါက်ပြောသလိုဘဲ တွေးမိတယ်။
    ထပြန်သွားသင့်တယ်။
    ဘာကြောင့် အဲလောက်ကြောက်ရတာလဲ။
    အဲဒီ ဗေဒင်ဆရာဆီမှာ လူမိုက်တွေ အများကြီးရှိလို့ လား။
    လူမိုက်တွေရှိနေရင်တောင် အရေးကြီး ကိစရှိလို့ ထပြန်တယ်လို့ပြောလည်းရတာဘဲ။ ဟုတ်ဝူးလား။

  • cobra

    September 29, 2010 at 7:19 am

    သိသိကြီးနဲ ့ခံလိုက်ရတာကိုကိုယ့်ရှေ့မှာမြင်ပီးနေပီပဲလှည့်ပြန်လိုက်တော့ပေါ့။

  • pan pan

    September 29, 2010 at 7:28 am

    kopauk ပြောတာဟုတ်တယ်။ ကြောက်ကြောက်နဲ့ ရှေ့တိုးမယ့်အစား လှည့်ပြန်ခဲ့ဖို့ ကောင်းတယ်။

  • thihayarzar

    September 29, 2010 at 7:28 am

    အော် မိန်းကလေးဘက်ကလည်း စဉ်းစားကြည့်လိုက်ကြပါ … သူလည်းသူအလှည့်ကြရင် ရှေ့ကလူလို မဟုတ်လောက်ဘူးထင်လို့ပေါ့ဗျာ .. အဲဒီဘိုးတော်ကို တိုင်ပြီးဖမ်းခိုင်းလိုက်ပါ.. နောက်ဆိုပိုဆိုးကုန်မယ်… ဒီကောင့်ဟာကို ဖြတ်ပြီးတော့ ကုန်းကုန်းလုပ်ခိုင်းလိုက်ဗျာ …. မဖြစ်သင့် မလုပ်သင့်တဲ့ လုပ်ငန်းတွေပါ ဗေဒင်ဟောတာဆိုတော့ အခန်းထဲမှာ ဘုရားခန်းတို့ ရုပ်ထုတို့တော့ရှိမှာပေါ့ … တော်တော်မိုက်ရိုင်းတဲ့ကောင် မိန်းကလေးသေချာလား အခုသွားချမယ် …. မင်းဘက်ကသေချာဖို့တော့လိုတယ်နော် …

  • လင်းဝေကျော်

    October 1, 2010 at 8:47 am

    မြန်မာပြည်မှာ ဘိုးတော်တွေ၊တစ်ချို့မထင်ရတဲ့ ပြောလို့မကောင်းတဲ့ ပုဂိ္ဂုလ်အမျိုးအစားတွေက ဒီလိုလုပ်နေကြတာ ကြာလှပါပြီ။
    အဖမ်းခံရတာတွေလည်းခံရ။ မခံရပဲ လုပ်ချင်တိုင်းလုပ်နေကြတာလည်း တစ်ပြည်လုံးအနှံ့ပါပဲ။
    စဉ်းစားကြည့်ရင် မိန်းကလေးတွေက ငြိမ်ခံနေတာအမှားပဲ။
    ဘာမှကိုကြောက်နေစရာမရှိဘူး။ ဘာမျက်ရည်ဝဲနေမလဲ။ ပါးထရိုက်ထဲ့လိုက်ပါလား။ ဘေးမှာလည်းလူတွေရှိနေတယ်ဆိုရင်။
    နောက် ရဲစခန်းသွားတိုင်ပေါ့။ ဗေဒင်မေးတာကို အခွင့်ကောင်းယူပြီး ကာအိန္ဒြေ စော်ကားမှုနဲ့ ဖမ်းလို့ရတယ်။
    လိမ်လည်းဟောကြားတယ်ဆိုပြီးဖမ်းလို့လည်းရတာပဲ။ ရဲတွေက တပ်ချင်ရင် ပုဒ်မတွေ တစ်သီကြီးပါ။
    သွားတိုင်ဖြစ်အောင်တိုင်လိုက်ကြပါ။
    ပြီးရင် မှုခင်းဂျာနယ်ထဲ ပါအောင်ထပ်ထည့်ခိုင်းပါ။

  • search123

    October 1, 2010 at 9:44 am

    လွန်ခဲ့တဲ့ ရနှစ်လောက်ကတည်း ဘိုးတော်တွေအကြောင်းကတော့ မကြားချင်မှအဆုံး…ရပ်ကွက်ထဲက ၃၈ နှစ်လောက်ရှိတဲ့ အပျိုကြီးတစ်ယောက်..ဘိုးတော်ဆီ နှစ်လုံးဂဏန်း သွားတောင်းရင်း တောင်းရင်း ကနေ ကိုယ်ဝန်ရလာလို့..မွေးထားတဲ့ကလေးတောင်..အခု ၁တန်းတက်နေပြီ…အပျိုကြီးက တရားမစွဲတဲ့အပြင်…လုံးဝတောင် စိတ်မနာဘူးဆိုပဲ…ဒါမျိုးတွေရှိလို့လည်း..ဘိုးတော်တွေလုပ်စားလို့ရနေတာပေါ့။

  • unclegyi1974

    October 1, 2010 at 10:17 am

    အားနာတာ အတာလို့ဘဲပြောချင်ပါတယ်
    အခုလိုဖွင့်ပြောတာကိုတော့ဉာဏ်ရှိတာ လို့ပြောချင်ပါတယ်
    နောက်လူတွေသိနိုင်အောင်လက်ဆင့်ကမ်ကြပါလို့

Leave a Reply