အချိန်မဖြုန်းပါနဲ့

Linn LettSeptember 28, 20101min440

> ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
>
>
> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
>
>
> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘဝအတွက်မဟုတ်ဘူး။
>
>
> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘဝကို မြှုပ်နှံနေကြတယ်။ ဘဝအတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
>
>
> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
> ကျွန်တော်တို့ များများစားစား ဝယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
>
>
> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
>
>
> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>
>
> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
>
>
> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
> နှစ်ယောက်စာ ဝင်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
>
>
>
> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
> သင့်အိမ်ရှေ့ ဝရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
>
>
> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
> ဘဝဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
>
>
> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>
> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။
> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>
>
> သင့်ဘဝကို ပျော်ရွင်စေမယ့်၊ ဘဝအမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
>
>
> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>
> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။