ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁ဝ ) မျိုး

Linn LettSeptember 28, 20101min420

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊
ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ
ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ
ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်
ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-ဝါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥဝါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥဝါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥဝါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥဝါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ရ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အဝ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁ဝ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥဝါ တို့ထဲမှာလည်း တွေ့နိုင်ပါတယ်။