နက်နဲတဲ့သက်ရောက်မှု

Linn LettSeptember 28, 20101min440

သင့်ဘေးနားမှာ သင်သိပ်ချစ်ရတဲ့ ကောင်မလေးရှိရင်
သင့်စကားတစ်ခွန်းကြောင့်ထိခိုက်
မှုတွေ မဖြစ်ရလေအောင် ဒီပုံပြင်လေးကို
ဖတ်ကြည့်ပါ။
ကျွန်တော် ပန်းစည်း၊ သစ်သီးတွေ နဲ့ စာအုပ်တွေကို ယူပြီး ဆေးရုံကို သွားခဲ့တယ် ။
ကျွန်တော် ဒီဆေးရုံကို လာနေတာ တော်တော်ကြာနေပါပြီ။
ခေါင်းငုံ့ပြီးလမ်းလျှောက်သွားရင်တောင် လူနာခန်းကို ရောက်အောင်သွားနိုင်နေပြီ။
ကျွန်တော် အမြဲလာနေတာပါ။
ကျွန်တော်အမြဲလာနေတဲ့အတွက် လူနာကုတင်ပေါ်မှာလဲနေတဲ့လူနာက ကျွန်တော့်အတွက်
အရမ်းအရေးကြီးပါ။
တံခါးကို တဖြေးဖြေးဖွင့်လိုက်တော့ သူမ အိပ်နေတယ်။ စာအုပ်တွေ ပန်းစည်းတွေကို
ထားလိုက်ပြီးတယ်။ စာအုပ်က သူမအတွက် အပျင်းပြေအောင်လို့ပါ။ သူမဒီဆေးရုံကနေ
ဆင်းရအုံးမှာမဟုတ်ပါဘူး။
ကျွန်တော် အခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်။ ဧည့်သည်နားနေတဲ့နေရာမှာ ကျွန်တော်
သူမနိုးလာတာကို စောင့်နေခဲ့တယ်။ ဖြတ်သွားဖြတ်လာနေတဲ့လူတွေကို ကြည့်ပြီး
ငေးငိုင်နေမိတယ်။
ကျွန်တော်ဘာမှမစဉ်းစားပဲ ငေးငိုင်မှသာကျွန်တော် နောင်တတွေနဲ့မခံစားနေရမှာ….
ဒီအချိန်မှာပဲ ကောင်မလေးတယောက်ကျွန်တော်ဘေးမှာလာထိုင်တယ်…. ကျွန်တော်
သတိမထားမိဘူး… ကျွန်တော် ဆက်ငေးနေခဲ့တယ်…. ဒါပေမဲ့ ကျွန်တော် မျက်စိထဲမှာ
သူမခြေထောက်က ဒဏ်ရာကို မြင်သွားတယ်။ အလွန်ကြည့်ရဆိုးတဲ့
ရေနွေးပူလောင်ထားတဲ့ဒဏ်ရာပါပဲ…..
သူမ ဒဏ်ရာကို မဖုန်းမကွယ်ပဲ လူမြင်သာအောင် ဘောင်းဘီ ဒူးလောက်နဲ့ ဖိနပ်ကိုလဲ
ဒဏ်ရာကို ဖုန်းစေတဲ့ ဖိနပ်မျိုးမဝတ်ထားဘူးးးးးးးးးးးးးးးးး
ကျွန်တော် သူမခြေထောက်ကိုကြည့်နေတာကို သူမ သိတော့ `အရမ်းအံ့ဩနေတာလား´
လို့မေးတယ်။
`ကျွန်တော် အံ့ဩတာဒီဒဏ်ရာမဟုတ်ပါဘူး၊ သတ္တိကိုအံ့ဩတာ၊
သာမာန်မိန်းကလေးတယောက်ဆိုရင် ဒီလိုဒဏ်ရာနဲ့ဆို ဖုန်းကွယ်ထားမှာသေချာ်တယ်´
`ကျွန်မအရင်က ဖုန်းထားတယ်။ ဒါပေမဲ့ အခုမဖုန်းတော့ဘူး။ ကြိုက်တဲ့ဖိနပ် ကြိုက်တဲ့
ဘောင်းဘီဝတ်လို့ရပြီ´
“ဘာလို့လဲ´´
`ကျွန်မချစ်သူကဒီဒဏ်ရာကို လက်ခံတယ်။ သူတောင်လက်ခံတယ် ကျွန်မဘာလို့မလက်ခံရမှာလဲ´
အဲဒီဒဏ်ရာလေးက ကြည့်ရတာတော်တော်ရုပ်ဆိုးပါတယ် ….
သူမရဲ့စကားကို ကျွန်တော် စဉ်းစားနေမိတယ်…
မိန်းကလေးရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ဘာများပတ်သက်နေလဲ… အထူးသဖြင့်
ချစ်သူကောင်လေးပြောလိုက်တဲ့ ဝေဖန်စကားတစ်ခွန်းကြောင့်…..?????
ကျွန်တော်ချစ်သူကောင်မလေးဆေးရုံတက်တာ အစားမစားတဲ့ရောဂါဖြစ်နေတယ်။
အစားတွေမစားတော့ pressure တွေကျတယ်၊ နှလုံးခုန်တာတွေ မမှန်တော့ဘူး။ ဒီလိုနဲ့
အချိန်မရွေးအသက်အန ္တရာယ်ရှိနိုင်လို့ဆေးရုံတင်လိုက်ရတယ်။
ကျွန်တော် ရေနွေးလောင်ဒဏ်ရာရှိတဲ့ကောင်မလေးကြောင့် ကျွန်တော်သိလိုက်ရပြီ။
ကျွန်တော့်ချစ်သူဆေးရုံတက်ရအောင် ကျွန်တော် လုပ်ခဲ့မိတယ်။
ကျွန်တော်က `ဒီ့ထက်နည်းနည်းပိန်ရင်ကောင်းမှာပဲ´ လို့ပြောခဲ့မိတယ်။
လူဆိုတဲ့ သဘာဝအလျောက်ကျွန်တော် လောဘကြီးမိတယ်။ ပြီးပြည့်စုံတာကို လိုလားခဲ့တယ်။
ကျွန်တော် အမြဲ model girl တွေနဲ့ နှိုင်းယှဉ်ပြီးပြောလေ့ရှိတယ်။
သူ့ရဲ့မိသားစုထဲမှာပိန်တာမရှိတဲ့အကြောင်းအမြဲပြောခဲ့တယ်။ သူအရမ်းမဝပါဘူး။
ကိုယ်အလေးချိန်နဲ့ အရိပ်နဲ့ ဆိုရင် ရှိသင့်တဲ့ အလေးချိန်မှာရှိနေတယ်။
ဝတယ်တော့မဟုတ်ပေမဲ့ ပြည့်ပြည့်လေးပေါ့။
ဒါလဲကျွန်တော် မကျေနပ်ပါဘူး သူမ အားကစားမလုပ်ဘူးဆိုပြီး
ကြိုးခုန်ဖို့ကြိုးဝယ်ပေးခဲ့တယ်…. သူမ မခုန်ချင်ခဲ့ဘူး ကျွန်တော်က ` ဒီကမာ္ဘမှာ
ဆင်ပဲ ကြိုးမခုန်တတ်တာ´ ဆိုပြီး သူမကို လောင်ရယ်ခဲ့တယ်။
ရက်အနည်းငယ်ကြာတော့ ဘယ်အချိန်ကမှန်းမသိ သူမ ပိန်ပိန်လာတယ်။ ကျွန်တော်ကြည့်ပြီး
ဝမ်းသာလာတယ်…. လုပ်မယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး လို့ပြောခဲ့သေးတယ်……
ဒီလိုနဲ့ ဒီကိစ္စက ဖြစ်ပျက်သွားတာက ခုထိမပြီးသေးပါဘူး။ သူမ ခဏခဏမူးလဲခဲ့တယ်….
စားပြီးရင် ပြန်အန်စေခဲ့တယ်။ အန်ရင်းကနေ လူပုံလဲမပေါက်တော့ဘူး….
အခု သူမအစာအိမ်တွေယောင်နေတယ်။ အစာအိမ်အလုပ်ကောင်းကောင်းမလုပ်။ အစာလမ်းကြောင်းလဲ
သွေးတွေထွက်နေတယ်……. အန်တာက အလေ့အထလိုဖြစ်ပြီး အစားမစားလဲ အန်နေတယ်…..
သူမအားမရှိလို့ ပုံမှန်လည်ပတ်နေတဲ့ အမျိုးသမီးတယောက်တောင် သူမ မဖြစ်တာ
ဘယ်လောက်ကြာမှန်းမသိဘူး။
သူမကတော့ သူပိန်သွားပြီ ဆိုတာကို ပဲ ဝမ်းသာအားရပြောနေတယ်…..
ကျွန်တော်အတွေးတွေကို ရပ်လိုက်ပြီး ကျွန်တော်လူနာခန်းထဲကို
ပြန်ဝင်လာခဲ့တယ်……သူမနိုးနေပြီ ပျော့ဖတ်နေတဲ့ လက်ကလေးကို ကိုင်ပြီး
`မြန်မြန်ကျန်းမာအောင်လုပ် အိမ်ပြန်မယ် ပိန်ဖို့မလိုတော့ဘူး….´´
`ဘယ်ရမလဲ ဒီမှာကြည့် အသားတွေပဲ ဝလွန်းတယ်´ ဆိုပြီးပြောနေတဲ့သူမကိုကြည့်လိုက်တာ
သွားတွေလဲ သွားပိုးတွေစားကုန်ပြီ။ အမြဲအန်တော့ အစာအိမ်က အချဉ်ရည်တွေကြောင့်
သူမသွားတွေကို ပိုးစားစေခဲ့တယ်။
ဆရာဝန်က သူမကို စိတ်ရောဂါပါ ကုပေးရမယ်လို့ပြောတယ်… ဒီလို အစားမစားတဲ့လူနာတွေဟာ
အရိုးပေါ်အရည်တင်နေတာတောင် ဝလွန်းတယ်ပဲထင်နေတယ်။
ဘာလို့ဒီလိုတွေဖြစ်ကုန်တာလဲ…. ကျွန်တော် နောင်တရတယ်….
ကျွန်တော်သိပ်ချစ်တဲ့ သူ……… ကျွန်တော့်ကြောင့်…..
သူမဒီလို ဝေဒနာတွေခံစားနေရတာထက် ကျွန်တော် သူမဒီထက်ဝနေလဲ ကျွန်တော် လက်ခံပါတယ်…

ကျွန်တော် ချစ်ခဲ့တာ ပိန်လို့ ဝလို့မဟုတ်ပါဘူးးးးးးးးးးးး
ရေနွေးလောင်ဒဏ်ရာနဲ့ ကောင်မလေးရဲ့ချစ်သူက ဒဏ်ရာကို လက်ခံခဲ့လို့ ကောင်မလေး
သူ့ကိုယ်သူ လက်ခံနိုင်ခဲ့တယ်….
ကျွန်တော်က ကျွန်တော် အတွက် နဲ့ ကျွန်တော့်ချစ်သူကို သူ့ကိုယ်သူ
မလက်ခံနိုင်အောင် လုပ်ခဲ့တယ်…
ကိုယ်ကို confident ရှိတယ်ဆိုတာလဲ တခြားသူရဲ့သက်ရောက်မှုရှိပါတယ်….
စကားတစ်ခွန်းနဲ့လဲ မထင်မှတ်တဲ့ ပြောင်းလဲမှုကြီးကို ဖြစ်စေပါတယ်….
ကျွန်တော် ဒီလိုနဲ့ သူမကို စားလာအောင် သူမကို ကျွေးရင်း `အခုအရမ်းပိန်နေပြီ
ဘာလို့ ဆက်ပိန်နေအုန်းမှာလဲ´´ လို့ မေးတယ်.
“ ဘာလို့လဲဆို…ငါအရမ်းကြောက်တယ်.. ငါမပိန်ရင် နင်ငါ့ကို မချစ်တော့မှာကို….´´
ပြောရင်း မျက်ရည်လေးတွေဝဲနေတယ်…
ဒီလောက် နက်နဲတဲ့သက်ရောက်မှုရှိသွားရတာလဲ….
သူမ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ တခုနဲ့………
ကျွန်တော် မသိခဲ့ပါလားးးးးးးးးးးးးးးး