စက္ကူငှက်ရဲ.ပိုင်ရှင်ဘယ်သူလဲ

Linn LettSeptember 28, 20101min640

နာမည်ကျော် အဆိုတော် သရုပ်ဆောင် စာရေးဆရာ စိုင်းစိုင်းခမ်းလှိုင်ရဲ.
လူငယ်ထုကြားထဲမှာရေပန်းစားခဲ.တဲ.စက္ကူငှက်လုံးချင်းဝတ္ထုရဲ.
မူရင်းဇာတ်လမ်းပိုင်ရှင်ဟာ စိုင်းစိုင်းမဟုတ်ပါဘူးလို. သတင်းတွေကြားနေရပါတယ်။
အဲဒီသတင်းကို
ကျွန်တော်ကရှမ်းပြည်နယ်ဘက်ကသူငယ်ချင်းတစ်ယောက်ဆီကသိခဲ.ရတာဖြစ်ပြီးအဲဒီဝတ္ထုရဲ.မူရင်းစာရေးဆရာကရှမ်းလူမျိုး
စာရေးဆရာဟိန်းစိုင်ခိုင် လို.သိရပါတယ်။ စက္ကူငှက်ဝတ္ထုရဲ. ဇာတ်လမ်းကျောရုိုးက
စာရေးဆရာ
ဟိန်းစိုင်ခိုင်ရဲ.အချစ်ပျံလွှားငှက်ဆိုတဲ.ဝတ္ထုရဲ.ကျောရိုးနဲ.တစ်ထပ်တည်းနီးပါးတူတယ်လို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်၊၊
အဲဒီအချစ်ပျံလွှားငှက်ဝတ္ထုကမြန်မာလိုရေးထားတဲ.ဝတ္ထု
မဟုတ်ပါဘူး။ရှမ်းဘာသာနဲ.ရေးထားတဲ.ဝတ္ထုလို.သိရပါတယ်။အဲဒီဝတ္ထုကိုစာရေးဆရာကရေးထား
ခဲ.တာနှစ်တွေကြာခဲ.ပြီဖြစ်ပြီးကျွန်တော်.သူငယ်ချင်းရဲ.ပြောပြချက်အရ 1996
ဝန်းကျင်လောက်ကဖြစ်မယ်ထင်တယ်လို.ဆိုပါတယ်။စာရေးဆရာဟိန်းစိုင်ခိုင်ကဒီအကြောင်းနဲ.ပတ်သတ်လို.ရှင်းလင်းတာတွေဘာတွေလုပ်မနေချင်တော.ပါဘူး။သူ.ကိုလဲဒီအကြောင်းတွေ
ဆက်စပ်ယှက်ယှက်ပြောပြနေမှာမဟုတ်ပါဘူး။ွဘာလို.လဲဆိုတော.စာရေးဆရာကအခုဆိုရင်သာသနာ.ဘောင်မှာရဟန်းတစ်ပါးအဖြစ်နဲ.တရားအလုပ်တွေကိုလုပ်ကိုင်နေပြီလို.ကျွန်တော်.သူငယ်ချင်းကပြောပါတယ်။

သူ.ရဲ.ဝတ္ထုတွေကိုရှမ်းလူငယ်တော်တော်များများကကြိုက်နှစ်သက်ကြပြီးသူတို.အနေနဲ.ဒီလိုမျိုးပုံတူကူးချတာကိုမခံချင်လို.တနည်းနည်းနဲ.ဖော်ထုတ်ပေးစေချင်လို.ကျွန်တော်.ကိုအကူအညီတောင်းတာလို.ဆိုပါတယ်။သူရဲ.ဝတ္ထုကရေးခဲ.တာအချိန်တော်တော်ကြာခဲ.ပြီဖြစ်ပါတယ်။
ရှမ်းစာဖတ်ကြတဲ.ရှမ်းလူငယ်အသိုင်းအဝန်းမှာတော.သူကနာမည်ရစာရေးဆရာတစ်ဦးလို.သိရပါတယ်။

နာမည်ကျော်ဟစ်ဟော.အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ.စက္ကူငှက်ဝတ္ထုကလူငယ်ပရိသတ်ကြားထဲမှာအလွန်ရေပန်းစားခဲ.တဲ.ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးရုပ်ရှင်ရိုက်တဲ.နေရာမှာလည်းလူငယ်တွေကြိုက်နှစ်သက်ခဲ.တဲ.ပေါက်ကားတစ်ကားဖြစ်ခဲ.ပါတယ်။
သူရဲ.စက္ကူငှက်ဟာသူကိုယ်တိုင်ဖန်တီးခဲ.သလား။ဒါမှမဟုတ်
ပုံတူကူးချခဲ.သလားဆိုတာကတော.သူမှသိမှာပါပရိသတ်ကြီးရေ။ကျွန်တော်ကကျွန်တော်သိတာကိုရေးပေးတာပါ။