အမှတ်တရ

Linn LettSeptember 28, 20101min530

တစ်ခါက
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်
အတူတူလျှောက်သွားကြတယ် ။
သုံးလလောက်နေမှ တစ်ခါလောက် တွေ့ဖြစ်တဲ ့ ရှားရှားပါးပါး အားလပ်ရက်လေးပေါ့ ။
ပထမဆုံး ….
ကော်ဖီဆိုင်တစ်ခုရောက်တော့ ကော်ဖီအတူတူသောက်ကြတယ် ။
နှစ်ယောက်စလုံးက အရသာပြင်းတဲ့ ခါးသက်သက် အက်စ် ပရက်ဆိုကို
ကြိုက်ကြတယ် ။
ကော်ဖီသောက်ပြီး အပြင်သွားဖို့ ထတော့ ကောင်လေးက
သူတို့ အတွက်ချပေးထားတဲ့ တစ်ခါသောက် သကြားထုပ်လေး၂ထုပ်ကို
ကမန်းကတန်းလှမ်းယူပြီး အိပ်ထဲ ထည့် လိုက်တယ် ။
ဒါကို ကောင်မလေးကမြင်တော့ စိတ်ထဲ သိပ် ကပ်စီးနည်းတာပဲ လို့
ထင်ပြီး နှာခေါင်းရှုံတယ် ။
အဲဒီနောက်မှာတော့ သူတို့ တစ်နေ့ လုံးလျှောက်သွားကြပေမယ့်
ပျော်စရာမကောင်းတော့ ဘူး ။
ကောင်မလေးမျက်နှာလေးက သုန်မှုန်နေတယ် ။
ကောင်လေးက မေးပါတယ် ။ဘာဖြစ်လို့လဲ ဆိုပြီး ၊
ကောင်မလေးက ခေါင်းနည်းနည်းမူးတယ်ပြောပြီး ဒီအတိုင်းပဲ နေနေလိုက်တယ် ၊
ကောင်လေးက ဆေးတွေ ဘာတွေ ဝယ်လို့ ပေါ့ ၊ အလုပ်တွေ ရှုပ်နေလိုက်တာ။
ဒါနဲ့ ပဲ မိုးချုုပ်လို့ အိမ်ပြန်တဲ့ အချိန် ရောက်လာလို့ အသီးသီး
လမ်းခွဲ ခဲ့ ကြတယ် ။

အိမ်ပြန်ရောက်တဲ့ အထိကောင်မလေးမျက်စိထဲ မှာ
အဲဒီမြင်ကွင်းက စွဲ နေတယ် ။ စိတ်ထဲမှာလည်း တစ်နုံ နုံ နဲ့ ပေါ့ ။
ညရောက်တော့ လည်း အိပ်မရဘူး ။အဲဒီအကြောင်းပဲ တွေးနေမိတာကိုး ၊
နောက်နေ့ မနက်လဲ ရောက်ရော ကောင်မလေးက မနေနိင်တော့ ဘူး ဖုန်းဆက်ပြီး
မနေ့ ကသူမြင်ခဲ့ တဲ့ ကိစ္ခ္စကို ဘာလို့ ဒီလိုလုပ်ရတာလဲ လို့ မေးလိုက်တယ် ။
ကောင်လေးက
ပြန်မေးတယ် ဘာကိစ္စကိုပြောတာလဲ လို့ ။
အဲဒီတော့ ကောင်မလေးက ရှင် အရမ်းကပ်စေးနဲတာ့ပဲ ၊
ကျွန်မတို့ ကော်ဖီသောက်တုန်း ကပိုတဲ့ သကြားထုပ်လေးတွေ
ရှင်အိပ်ထဲ ကို ထည့် လိုက်တာ ကျွန်မမြင်လိုက်တယ် ။

အော် ….. ဒါလား ……
အင်း ဒါဆို ခဏလေးစောင့် …..
အခုပဲ အိမ်ကို လာခဲ့ မယ်ဆိုပြီး
ကောင်လေး ကရောက်လာပါလေရော၊
သူ ့ လက်ထဲမှာ အပြာရောင်ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ကို ကိုင်လို့ ပေါ့………

ကောင်မလေးကိုတွေတော့ ………
ပြုံးပြီး စာအုပ်လေးကို လှန်ပြီး ပေးလိုက်တယ် ……
ရော့ ……..ဖတ်ကြည့် …….
……………………………………………………………………………………

စက်တင်ဘာ ၂၃ ၊ ၂ဝဝ၉ ခုနှစ် ၊ ဗုဒ္ဓဟူးနေ့

သူနဲ့ ကျွန်တော်
ကော်ဖီဆိုင်အတူတူထိုင်ဖြစ်ခဲ့တယ် ။ရုုပ်ရှင်ကြည့်ဖြစ်ခဲ့ တယ် ။
လျှောက်လည်ဖြစ်ခဲ့တယ် ။

ကျွန်တော်တို့ ၂ယောက် ရောက်ခဲ့ သမျှနေရာတွေက ၊
ပစ္စည်းတစ်မဟုတ်တစ်ခု
အမှတ်တရအဖြစ်နဲ့ သိမ်းထားဖြစ်ခဲ့ တယ် ။

နောင်………. အသက်တွေကြီးလို့ ၊
နင်နဲ့ ငါ အမှတ်တရအသစ်တွေ မဖန်တီးနိင်တော့ ရင် ၊
ဒီအမှတ်တရလေးတွေကို ပြန်ကြည့် ပြီး ကြည့်နူးနေချင်လို့ ………
အမြဲတမ်းအတွက် …………………………………( NAI )
11:45 PM
………………………………………………………………………………
အဲဒါလေးဖတ်ပြီး ကောင်မလေးမျက်နှာမှာ မျက်ရည်စီးကြောင်းတွေဖြစ်လာခဲ့တယ် ။
သူချက်ချင်းမေးလိုက်ရင် ပြီးသွားမယ့် ကိစ္စ ဟာ
ဒီအချိန်ထိစိတ်မကောင်းဖြစ်ခဲ့ ရတယ် ။သူစိတ်မကောင်းဆုံးကတော့ ကောင်လေးအပေါ်
အထင်လွဲံ မိတာထက် သူတို့ ၂ယောက်ရဲ့ ရှားရှားပါးပါး အားလပ်ရက်လေး
အချည်းနှီးကုန်ဆုံးခဲ့ ရလို့ ပါပဲ ။
တောင်းပန်ပါတယ် ………. နိင် …..