သူ့ကို တကယ်ချစ်တယ်ဆိုရင် …….

Linn LettSeptember 28, 20101min550

၁။ သူ့ဘဝထဲကို မျက်နှာဖုံးချွတ်ပြီးမှ ဝင်ပါ။

၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။

၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။

၄။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု
ပေးထားလိုက်ပါ)

၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။

၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။

၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။

၈။ သူ့အပါ်ကို တန်ဖိုးထားပါ။

၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။

၁၀။ သူ့အတွက် အချိန်ပေးပါ။

၁၁။ သဘောထားကြီးပါ။

၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။

၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။

၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။

၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။

၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။

၁၇။ လူပုံအလယ်ကို ရဲရဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။

အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ် ။