အချစ်လေးမျိုးအကြောင်း

Linn LettSeptember 28, 20101min730

အချစ်လေးမျိုးရှိတယ်တဲ့….

1. ego love
2. one sided love
3. blind love
4. true love

Ego love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ ရပါတယ်….
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့…
ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…မျက်စိအောက်ကအပျောက်မခံချင်ဘူး…
သဝန်တိုနေတယ်…ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်….
အဲဒါ ego love ဖြစ်နေပါပြီ…
အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..
ခဏခဏဝင်တတ်ပါတယ်…အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး….အချစ်ကြီးပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့…

One sided love

ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်…အရာရာပေးဆပ်နေချင်တယ်…
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်…
ဒါပေမယ့် တစ်ဖက်လူက…ကိုယ်လုပ်ပေးနေတာတွေကို
လိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး…
အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်…
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..
မကြာခင်မှာဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်…

Blind love

ဒီလိုအချစ်အမျိုးအစားကို…စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်…
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့…
အရာရာကို ရင်ဆိုင်ရဲလာမယ်….သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်…
ဒါဆိုရင် blind loveဖြစ်နေပါပြီ…
ဖြစ်သင့်မဖြစ်သင့်…လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ….
ဒါပေမယ့် ဒီလိုအချစ်မျိုးကကြာကြာမခံပါဘူး….
အချစ်တွေပျောက်သွားတဲ့အချိန်မှ…
ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..

True love

နောက်ဆုံးအမျိုးအစားပါ….မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့…..အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်…
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး….ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ….
ဒီလိုအချစ်မျိုးကတော့….အင်မတန်ရှားပါတယ်…
လူတစ်ယောက်ကို….တစ်ခြားဘာကိုမှမကြည့်ပဲ….သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ….
အသဲကွဲတယ်ဆိုတာလဲမရှိဘူး….သူနဲ့မပေါင်းရလဲ…ဘာမှမဖြစ်ပဲ…တစ်သက်လုံး…စိတ်ထဲမှာထားပြီး….
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ….အဲဒါကြောင့် တစ်ချို့က ၅၂၈
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်….

အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုးမှာ ego love နဲ့ one sided love ကနည်းနည်းဆင်ပါတယ်…
တစ်ချို့က တစ်ခါတစ်လေ…blind love ကို true love နဲ့လဲမှားတတ်ကြပါတယ်…ဆင်တာကိုး…
မတူကတော့… blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး… true love ကတော့ နှစ်တွေ ဘယ်လောက်ကြာကြာမပျောက်သွားတတ်ပါဘူး…အဲဒါကြောင့်…သူငယ်ချင်းတွေလဲချစ်မိပြီဆိုရင်…
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်သုံးသပ်နိုင်ပြီး…ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ………….