သင့် ဘက်က စပြီးသေချာပါစေ …..

Linn LettSeptember 28, 20101min410

” သေချာမှု ” တဲ့
အဲဒီသေချာမှုကို လူတွေအားလိုချင်ကြတယ် ။

တစ်ခုခု လုပ်မယ်ဆို ကိုယ်လုပ်မယ့် ကိစ္စကို သေချာလား
မသေချာလား အရင်စူးစမ်းကြလေ့ ရှိပါတယ်။

ဒီသေချာမှုဆိုတဲ့ စကားလေးကို
ချစ်သူများရဲ့ ရှု့ထောင့်လေးက တင်ပြဆွေးနွေးပါရစေ ။

သမီးရည်းစားတွေ ပြတ်ကြ ၊ ကွဲကြတယ် ၊
ဒါဟာသဘာဝတစ်ခုပါပဲ မဆန်းပါဘူးလို့ ပြောလေ့ ရှိပါတယ် ။

မဆန်းပါဘူး ဟုတ်ပါတယ် ။
ဆန်းတာတစ်ခုက လူ့ စိတ်တွေပါ ။

အများအားဖြင့် ယောက်ျားလေးတွေပါ ။
ကို်ယ်ရစရာရှိရင် တော့ သေချာရဲ့ လား ၊ အလိမ်ခံရမှာလား
နစ်နာမှာလား သေချာစူးစမ်းလေ့ ရှိပေမယ့်
အချစ်ရေးကိစ္စမှာတော့ သုံးသပ်ခြင်းကင်းလေ့ ရှိပါတယ် ။