ချစ်တဲ့သူတိုင်းပျော်ရွှင်ကြပါစေ…

Linn LettSeptember 28, 20101min420

တစ်ခါတစ်ခါလောကကြီးက ဆန်းကြယ်တယ်….
လူတွေမကြာခဏ အချစ်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ….ဘာလုပ်သင့်လဲ
စဉ်းစားပြီး စိတ်ညစ်ရတတ်တယ်….နာကျင်ရတတ်တယ်….
တကယ်တမ်းတွေးရင်….အမြဲ တမ်းပျော်ရွှင်နေရတဲ့ သမီးရည်းစားအတွဲ ဆိုတာကော ရှိလို့လား….
တစ်ခုမဟုတ်တစ်ခု….စိတ်ညစ်စရာလေးတွေ ဖြစ်နေတာပဲလေ…..

အဲဒီတော့…..
အချစ်ဆိုတာ…ဘာလဲ….ပျော်ရွှင်မှုဆိုတာ ဘာလဲ….နာကျင်မှုဆိုတာဘာလဲ…..
ကြားဖူးနေကြ စကားလေးတစ်ခွန်းရှိတယ်….
လောကမှာ အသေချာဆုံးက မသေချာခြင်းပဲတဲ့…..
ဘယ်အရာကိုမှ အသေအချာတွက်လို့ မရဘူး…
အဲဒါကြောင့်…..ဘယ်လောက်ချစ်ချစ်……သူငါ့ကိုပဲ တစ်သက်လုံးချစ်သွားမှာလို့ တွေးလို့ မရသလို….
သူနဲ့ တစ်သက်လုံးနေရမှာလို့ တွေးလို့ မရဘူးလိုပဲ…..
အပြောင်းအလဲ အရမ်းမြန်တဲ့အထဲမှာ…..လူ့ စိတ်လဲပါတယ်….
ကိုယ့်ကိုကိုယ်လဲ ငါ ဘယ်တော့မှ စိတ်မပြောင်းဘူးလို့ တွက်လို့ မရပါဘူး….
အချိန်အတိုင်းအတာ တစ်ခုကြာရင်…..လူဆိုတာ စိတ်ပြောင်းပါတယ်…..
အဲဒီတော့….မနက်ဖြန် ဘာဖြစ်မလဲ မသိတဲ့အချိန်မှာ….လက်ရှိဆိုတဲ့ အချိန်လေးကို တန်ဖိုးထားသင့်တယ်….

ဘယ်လောက်ပဲ မယုံကြည်ရဘူးပြောပြော….ဘယ်လောက်ပဲ မချစ်သင့်ဘူးပြောပြော….
လူတစ်ယောက် ကိုချစ်နေရတာ….ဘယ်လောက်ပျော်ဖို့ ကောင်းလဲ….
တစ်ခါတစ်ခါ…..အချစ်ခံနေရတာထက်…..ချစ်နေရတာ ပိုပျော်ဖို့ ကောင်းပါတယ်….
ကိုယ်က ချည်းပဲ လိုချင်နေရင်ပူလောင်တယ်……ဘာမှမလိုချင်ပဲ ပေးနေရတာ…..စိတ်ချမ်းသာဖို့ ကောင်းတယ်….
အဲဒါကြောင့်….သူလဲ ချစ်ကိုယ်လဲချစ်ဆိုရင်…..
အခက်အခဲတွေ များလိမ့်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ နောက်မဆုတ်စေချင်ဘူး…..
အနည်းဆုံးတော့ ရင်ဆိုင်ကြည့်သင့်တယ်……နှစ်ယောက်တူတူပေါ့…..
တစ်ခါတစ်ခါ…အချစ်ဆိုတာက….အံ့ဩဖို့ ကောင်းလောက်အောင်…ကိုယ်မလုပ်နိုင်ဘူးထင်တာတွေ….
လုပ်နိုင်လာစေတယ်…..
ချစ်သင့်လား…မချစ်သင့်လားဆိုတာတွေလည်း….
ထိုင်ပြီး စဉ်းစားနေရင်…..ကိုယ့်ရဲ့ ကြည်နူးစရာ အချိန်လေးတွေ ပဲ့ ပါကုန်တယ်….
အဲလိုကြီးစဉ်းစားနေမယ့်အစား….ကိုယ်ချစ်တာ သေချာရင်….ချစ်လိုက်ပေါ့…..ကိုယ့်ချစ်သူကို…..
ပတ်ဝန်းကျင်တို့………မိဘတို့…..ဆိုတာက…..မသေချာတဲ့အရာတွေပါ….
ကိုယ့်ကိုကိုယ်တောင် သေချာတွက်လို့ မရမှတော့…..
နောက်ပြီး…လူတစ်ယောက်ကို ချစ်ကြောင်း ဖွင့်ပြောသင့်မပြောသင့် စဉ်းစားနေတာလဲ…..
ဖွင့်ပြောလိုက်လို့ အဖြေတစ်ခုခုသိလိုက်ရတာ….
ဖွင့်မပြောလိုက်မိလို့ ရတဲ့ နောင်တထက် ခံသာမယ်ထင်တာပဲ….

ပြောတာတွေအားလုံးက…..ဘာကိုမှမစဉ်းစားပဲ ကလေးတွေးတွေးနေသလိုပဲ……
ဒါပေမယ့်…..
မသေချာတဲ့ လောကကြီးထဲမှာ….တစ်ခါတစ်လေ….ရွေးချယ်မှုဆိုတာလုပ်ရမယ့်အချိန်ရှိလာတတ်တယ်….
မိဘနဲ့ ချစ်သူ….ဘယ်သူ့ ကိုရွေးမလဲဆိုတာမျိုးပေါ့….
မိဘဆိုတာ….အချိန်မရွေး ဆုံးပါသွားနိုင်သလို….
ချစ်သူဆိုတာလဲ အချိန်မရွေး စိတ်ပြောင်းပြီး ကိုယ့်ကို ထားသွားနိုင်တယ်…..
နှစ်ဖက်လုံးက ကိုယ့်ကိုထားသွားနိုင်တဲ့ သူမျိုးတွေပဲလေ….
အဲလို ရွေးချယ်မှုလိုလာရင်တော့…ပြတ်သားသင့်တယ်…….
ရွေးချယ်ပြီးရင်လဲ…..ကိုယ့် ရွေးချယ်မှုကို တန်ဖိုးထားသင့်တယ်…..
တစ်ချို့ အရာတွေက….ရွေးပြီးရင် ပြန်ပြင်လို့ မရတာတွေရှိတယ်လေ…..
တစ်ခါတစ်ခါ…..ချစ်တဲ့သူကို လက်လွှတ်ရမယ့်အချိန်တွေရှိလာတတ်တယ်….
အဲလိုအခါမျိုးကြရင်လဲ…..ပြတ်ပြတ်သားသား လက်လွှတ်လိုက်နိုင်ဖို့ လိုပါတယ်…
ကိုယ့်ဆီမှာမပျော်တဲ့သူကို ဆွဲထားရင်….နှစ်ယောက်လုံးမပျော်နိုင်ဘူးလေ….

ဘယ်အရာမှ မသေချာပါဘူး….
ကိုယ်ချစ်တဲ့ သူ….ကိုယ့်ကိုချစ်တဲ့သူတွေ….ရုတ်တရက် လောကကြီးထဲက ပျောက်ကွယ်သွားနိုင်သလို….
ကိုယ်လဲ ရုတ်တရက်…အားလုံးကိုထားသွားရနိုင်တယ်….
နမိတ်မရှိ နမမရှိပြောတာတော့မဟုတ်ဘူးလေ….
အခွင့်အရေးဆိုတာ….ဘယ်တော့မှ ၂ ခါ ရခဲ့တယ်……
တစ်ချို့ နောင်တတွေက….ပြန်ပြင်လို့ မရတော့ဘူး…..
အဲဒါကြောင့်…..ကိုယ်ချစ်တဲ့သူ….ကိုယ့်ကိုချစ်တဲ့သူကို…..
မသေချာတဲ့အရာတွေကြောင့်…..လက်လွှတ်မခံသင့်ဘူး…..
သူနဲ့ တူတူရှိနေတဲ့ အချိန်လေးကို တန်ဖိုးထားပြီး…..ဘဝ ရဲ့ သေးငယ်တဲ့အချိန်ပိုင်းလေးကို
ပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းသင့်ဘူးလား….
ဘာ့ကြောင့်ပဲဖြစ်ဖြစ်….တစ်နေ့နေ့တော့ လက်လွှတ်ရမှာပါ…..
အဲဒီအခါကျရင်လဲ….ပြတ်ပြတ်သားသားလက်လွှတ်လိုက်ပါ…..
သူနဲ့ တူတူ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေက….ကိုယ့်ဆီမှာ…ဖျောက်လို့မရတဲ့ကြည်နူးစရာ အမှတ်တရလေးတွေ
အနေနဲ့ ကျန်ခဲ့လိမ့်မယ်…..
တစ်ခါတစ်ခါ….အဲလို အမှတ်တရလေးတွေက….လက်လွွှှတ်လိုက်ရတဲ့ နာကျင်မှုကို
ကုစားပေးနိုင်ပါတယ်……
လူတစ်ယောက်ကို ကိုယ်ချစ်တာ သေချာပြီဆိုရင်…..
အခု အသက်ရှုနေတဲ့ သေချာနေဆဲ အချိန်ခဏလေးမှာ…..ဘာလို့….ပျော်ပျော်ရွှင်ရွှင်ချစ်မသွားနိုင်ရမှာလဲ….

ချစ်တဲ့သူတိုင်းပျော်ရွှင်နိုင်ကြပါစေ….