တစ်စုံတစ်ယောက်

Linn LettSeptember 28, 20101min680

သင်ဟာ တစ်စုံတစ်ယောက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်
အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ———–

တစ်စုံတစ်ယောက်ဟာ
သင့်ကြောင့် ဂုဏ်ယူရတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို တွေးတောနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ကို အရမ်းဂရုစိုက်တယ်

တစ်စုံတစ်ယောက်က
သင့်ကို သိပ်လွမ်းနေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့ စကားတွေ ပြောချင်နေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့အတူ ရှိနေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်

တစ်စုံတစ်ယောက်က
သင်ရဲ့ အထောက်အပံ့တွေကို
ကျေးဇူးတင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့လက်ကို ဆုပ်ကိုင်
ထားချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်အတွက် အရာရာကို
အဆင်ပြေစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို ပျော်ရွှင်စေချင်တယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ အောင်မြင်မှုတွေကို
ကျင်းပပေးနေတယ်

တစ်စုံတစ်ယေက်က
သင့်ကို လက်ဆောင်တွေ
ပေးချင်နေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့
မှတ်ယူနေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့
မျှော်လင့်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို ပွေ့ဖက်ချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို ချစ်နေတယ်

တစ်စုံတစ်ယောက်ဟာ
သူ့ကို လက်ဆောင်တစ်ခု
ပေးစေချင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့ အားသာချက်တွေကို အားကျနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းတွေးပြီး ပြုံးနေတယ်

တစ်စုံတစ်ယောက်က
သင်ငိုကြွေးဖို့ ပခုံးတစ်စုံ
ဖြစ်ချင်နေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့အတူ လျှောက်လည်ပြီး
ပျော်ပျော်ရွှင်ရွှ့င် နေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ ကမ္ဘာကြီး ကိုစဉ်းစားနေတယ်

တစ်စုံတစ်ယေက်က
သင့်ကို ကာကွယ်ပေးချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို တစ်စုံတစ်ခု လုပ်ပေးချင်နေတယ်

တစ်စုံတစ်ယေက်က
သင့်ကို ခွင့်လွတ်စေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ ခွင့်လွတ်မှုတွေကို
ကျေးဇူးတင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်နဲ့အတူ အတိတ်ကိုပြန်တွေးပြီး
ရယ်မောချင်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကိုသတိရပြီး
သင့်ကို သူရှိတဲ့နေရာမှာ ရှိနေစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့အချစ်ဟာ ချွင်းချက်မရှိဖြစ်တယ်ဆိုတာ
သိုလိုနေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ အကြံဉာဏ်တွေလို လေးစားတယ်

တစ်စုံတစ်ယောက်က
သူဟာသင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်း
ပြောပြချင်နေတယ်

တစ်စုံတစ်ယေက်က
သင်နဲ့အတူ ရှေးဟောင်းရုပ်ရှင်ကားတွေကို
အတူကြည့်ချင်တယ်

တစ်စုံတစ်ယောက်က
သူ့ရဲ့ အိပ်မက်တွေကို သင်နဲ့အတူ ခံစားချင်တယ်

တစ်စုံတစ်ယောက်က
သင့်ကို သူ့ရင်ခွင်ထဲ ထည့်ထားချင်တယ်

တစ်စုံတစ်ယောက်ကတော့
သင့်ရင်ခွင်ထဲမှာ သူ့ကို ပွေ့ထားစေချင်တယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ စိတ်ဓါတ်ကို တန်ဘိုးထားတယ်

တစ်စုံတစ်ယောက်က
သင့်ကြောင့် အချိန်တွေကုန်တာကို
တားဆီးနိုင်ပါစေလို့
ဆုတောင်းနေတယ်

တစ်စုံတစ်ယောက်က
သင်နဲ့တွေ့ဖို့ စောင့်မနေချင်တော့ဘူး

တစ်စုံတစ်ယောက်က
သင်ဟာ သင်ဖြစ်နေတဲ့အတွက်ကြောင့်ကို
သင့်ကို ချစ်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကြောင့် ခံစားနေရတယ်

တစ်စုံတစ်ယောက်က
သင့်ကို သတိရစေတဲ့ သီချင်းတစ်ပုဒ်ကို
နားဆင်နေတယ်

တစ်စုံတစ်ယောက်က
သူဟာ သင့်အတွက်အမြဲရှိနေကြောင်း
သင့်ကို သိစေချင်တယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့ သူငယ်ချင်းဖြစ်နေလို့
ပျော်ရွှင် ဝမ်းသာနေတယ်

တစ်စုံတစ်ယောက်ဟာ
သင့် သူငယ်ချင်း ဖြစ်ချင်နေတယ်

တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို
ညလုံးပေါက် တွေးနေမိတယ်

တစ်စုံတစ်ယောက်ဟာ
သင့်ကြောင့် အသက်ရှင်နေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ ဒါတွေကို သတိပြုမိဖို့
ဆုတောင်းနေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာ
သင့်ကို သိစေချင်နေတယ်

တစ်စုံတစ်ယောက်က
သင်ဟာ သူ့ရဲ့ စိတ်တူကို်ယ်တူ ကြင်ဖော်ဖြစ်မယ်လို့
ယုံကြည်နေတယ်

တစ်စုံတစ်ယောက်က
သင့်အနားမှာ ရှိနေချင်တယ်

တစ်စုံတစ်ယေက်ဟာ
သင့်ရဲ့ စောင်မကြည့်ရှုမုှုနဲ့ အကြံဉာဏ်တွေကို
လွမ်းဆွတ်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့
အကြံဉာဏ်တွေကို တန်ဘိုးထားတယ်

တစ်စုံတစ်ယောက်က
သင့်အပေါ်မှာ သစ္စာရှိတယ်

တစ်စုံတစ်ယေက်ကဟာ
သင့်ကို အကြွင်းမဲ့ ယုံကြည်တယ်

တစ်စုံတစ်ယေက်က
ဒီစာကို သူ့ဆီပို့စေချင်နေတယ်

တစ်စုံတစ်ယေက်က
သင့်ရဲ့ ထောက်ပံ့မှုကို လိုအပ်နေတယ်

တစ်စုံတစ်ယောက်က
သင့်ရဲ့ သစ္စာရှိမှုကို လိုအပ်နေတယ်

တစ်စုံတစ်ယောက်က
သင့်ကို သူငယ်ချင်းအဖြစ် ဆက်ရှိနေစေချင်တယ်

တစ်စုံတစ်ယောက်က
သင်ဒီစာကို ဖတ်နေချိန်မှာ ငိုကြွေးနေလိမ့်မယ်

သင့်မှာ အဲဒီ တစ်စုံတစ်ယောက် ရှိနေနိုင်သလို
သင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယောက် ဖြစ်နေနိုင်တယ်။