အင်တာနက်ကိုအခြေခံပြီးလိမ်ကြသူများအကြောင်း…………

Linn LettSeptember 28, 20101min480

အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်၊ အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်တာအခုမှ တော က တက်လာပြီး ၊ ရန်ကုန်ထဲ မှာ မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ် နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများ ဗဟုသုတ အတွက် တင်ပေးကြပါဦး ။

လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့ စိတ်ကိုယ်ချင်းစာ တတ်တဲ့ စိတ် ၊ သူများ ကို ကူညီလိုတဲ့ စိတ် ၊ အားနာတတ်တဲ့ စိတ်သူများ ‘ဒုက္ခရောက်နေရင် မနေတတ်တဲ့ စိတ် တွေ ကို အခွင့်ကောင်းယူပြီးရိုးရိုး ရှင်းရှင်း လေး လိမ်သွား ကြတာပါ။

အခုရက်ပိုင်း ကြားနေရတာက အင်တာနက် အခြေပြုပြီး လိမ်တာ တဲ့ ဗျ။ယာဟူးမေးလ် ၊ ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို အခြေခံပြီး လိမ်တာ ၊ လိမ်တဲ့ သူ ကလဲ ဗမာပြည်က လူတွေ ဘဲ ဖြစ် ပါတယ် ၊ အလိမ်ခံ ရတာလဲ ဗမာပြည် က လူတွေပါဘဲ။
အခု အင်တာနက် ဆက်သွယ်ရေး က ကောင်းလာတော့ ၊ ခု န ပြောတဲ့ယာဟူးမေးလ် ၊ ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို လူသုံးများလာပါတယ် ။အများစု ကတော့ ဆိုင်တွေ မှာ သုံးကြပါတယ် ။

‘ဒီဟာတွေ က ၊ ပါတ်စ်ဝဒ် တွေကို လုံခြုံအောင် လူအများစု က ဂရုမစိုက်ကြပါဘူး။ငါတို့ က လျို့ဝှက်စရာ မရှိဘူး ၊ မဟုတ်တာ ပြော တာ မဟုတ် ဘူး ၊ဟို လို မျိုး ၊ ရှုပ်ရှုပ် ရှက်ရှက် နိုင်ငံရေး လဲ မပြောဘူး ၊ဆင်ခြေ အမျိုးမျိုး နဲ့ ပေါ့ဗျာ။ကိုယ် ကို တိုင် မသုံးတတ် တာလဲ ပါမှာပါ ၊ သူများ ကို လုပ်ခိုင်းတာ ၊ဆိုင်ကိုဘဲ အားကိုးပြီး အပ်ထားတာ ၊ အကြောင်း အမျိုးမျိုး ပေါ့ ဗျာ။ကိုယ့် အီးမေးလ်တွေ ရဲ့ လုံခြုံရေး ကို ဂရုမစိုက်တတ်ကြ ပါဘူး ခင်ဗျ။

အခု အဲဒီ ပါဆင်နယ် အီးမေးလ်တွေ ၊ ချတ်တင်လော့ဂ် တွေ ကို စိမ်ပြေ နပြေ ထိုင်ဖတ်ပြီးယုတ်တိရှိရှိ အမှန် အကန် ၊ ပုံဖမ်းပြီး လိမ်နေတဲ့ ကိစ္စတွေ ရှိလာပါပြီ။‘ဒီလူလိမ် က သူ့ မှာ နည်းမျိုးစုံ နဲ့ ရှာထားတဲ့ အီးမေးလ် ၊ ချတ်တင် ပါတ်စ်ဝဒ်တွေ နဲ့စာတွေကို နေ့တိုင်း ဖတ်ပြီး လေ့လာတယ် ၊ပြီးတော့ သေချာတဲ့ ဂွင် ဆို သွားလိမ်တော့တာပါဘဲ။

ကျွန်တော့ အသိ က စင်္ကာပူမှာ အလုပ်လုပ်တယ် ၊ မကြာခန တခြားနိုင်ငံတွေ ကို အလုပ်သဘောအရ သွားရတယ် ၊ သူ နဲ့ သူ့ အိမ် နဲ့ ဆက်သွယ်သမျှ ၊ ချတ်တင် ပြောသမျှ တွေ ကို
လူလိမ် က တော်တော် စောစော ကတဲက စာတွေ ခိုးဖတ်ထားလို့ အကုန် သိနေတယ် ခင်ဗျ။

ပြီးခဲ့ တဲ့ အပါတ် က အဲဒီ အသိ ၊ က ထုံးစံ အတိုင်း ခရီးသွားရပါတယ်။ခုန လူလိမ် က အဲဒီအချိန် မှာ စ လိမ်တော့ တာပါဘဲ ၊ မင်္ဂလာဈေး က ၁သောင်းကျော်လောက်ပေးရတဲ့ သစ်သီးဖျော်စက်လေးရယ် ၊ မိတ်ကပ်ဘူး အပေါစားလေးတွေ ရယ်ကိုင်ပြီး ၊ သူ့မိဘ အိမ် ကို ရောက်လာပါတယ် ၊ သူနဲ့ စင်္ကာပူ က သူတို့သား နဲ့လုပ်ဖော် ကိုင်ဘက်ဖြစ်ကြောင်း ၊ အခု သူ က ဗမာပြည်မှာ အလှူ လုပ်စရာရှိလို့ ခွင့်တပါတ်ယူလာတဲ့ အကြောင်း ၊ သူ့ သူငယ်ချင်းလဲ ခရီးသွားကာနီး ၊ သူ ဗမာပြည်ပြန်
မှန်း သိရလို့ ကသောကမျော လက်ဆောင်ဝယ် လူကြုံ ထည့်ပေးလိုက် လို့လာပို့ကြောင်း
ပြောပါတယ် ၊ သူနဲ့ အလွန်ခင်ကြောင်း ၊ သူ့ မိသားစု အကြောင်း တွေ ကိုဟို အီးမေးလ်တွေ ချတ်တင်လောဂ် တွေထည်း က ခိုးဖတ်ထား လို့ သိရတာတွေ ပါရွှန်းရွန်းဝေ အောင် ပြောသကိုးဗျ ၊ မိဘ တွေ က လဲ ၊ သား ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုတွေ့ ရလို့ ဝမ်းတွေ သာ နေသကိုးဗျ။

နောက် ၂ ရက်လောက် ကြာတော့ မိဘ တွေ ဆီ ကို အီးမေးလ် လာတယ်။သားဖြစ်သူ က သူ ခန သွားတဲ့ ဗီယက်နမ် နိုင်ငံ မှာ ပိုက်ဆံအိတ် ခါးပိုက် အနှိုက်ခံရကြောင်း ၊ ပါတ်စပို့တောင် ပါသွားလို့ ၊ အတော် အခက်အခဲ ဖြစ်နေကြောင်းရန်ကုန် မှာ ရောက်နေတဲ့ ၊ သူ့ သူငယ်ချင်း ကို အကူအညီ တောင်းထားကြောင်းစိတ်ပူဘို့ မလိုကြောင်း ရေးထားပါတယ်။

အဲဒီစာ အားလုံး က ခုန လူလိမ် က ကြား ထဲ က ဝင်ရေးတာပါ။ နောက်နေ့မနက် မှာတော့ ဒီလူလိမ် အိမ် ကိုရောက်လာပါတယ် ၊ သူ စင်္ကာပူ ကို ပြန်တော့ မှာမို့လာနှုတ်ဆက်တာပါတဲ့ ၊ တခြား မှာ စရာ ရှိရင်ပြော ပါဆိုပြီးနှုတ်ဆက်ပါတယ်။
တခြားတော့ ဘာ မှာ မပြောပါဘူး ၊ ‘ဒါနဲ့ မိဘ တွေ က မေးရကောင်းနိုးနိုးမမေးရကောင်း နိုးနိုး ပေါ့ ၊ မနေနိုင်လို့ အမေကြီးလုပ်သူ က သူ့ သားဗီယက်နမ် မှာ ပိုက်ဆံအိတ် ပျောက်သွားတာ သိသလား ဆိုတော့ ၊ ဒီ လူ က မှင်သေသေနဲ့ဟာ ၊ မပူ နဲ့ အမေကြီး ၊ ဒါ က ကျွန်တော့ တာဝန်ပါ အကုန်စီစဉ်ထားပါတယ်စိတ်မပူပါနဲ့ ဆိုပီး ရီရီမောမော ပြောပါတယ် ။ ပြီးတော့ တခြား သူခိုးဖတ်ထား တဲ့မိသားစု ရေးရာ တွေ ကို ကောင်းကောင်း ရွှီးနေတော့ တာပါဘဲ တဲ့ ခင်ဗျ။
ပြန်ခါနီး မှ သူ့ မှာ သူငယ်ချင်းဆီ ပိုက်ဆံ ပို့တာ ၊ လက်ထဲ ရှိတဲ့ ဗမာငွေ နဲနေလို့ခြောက်သိန်းလောက် ခနပေး ပါ။ ကျန်တာတော့ သူဘဲ စိုက်ပြီး ချက်ချင်း ငွေ ပို့ချင်လို့ဆိုပြီးပြောပါတယ် ၊ မိဘ က လည်း သူ့သား ကိစ္စ ကို ကူညီ နေသူ ကို ဆိုတော့ခြောက်သိန်း လောက်တော့ ပြော မနေတော့ပါဘူး ဆိုပီး ပေးလိုက်ပါတယ်။အဲဒီ မှာ လူလိမ် ဆီ ကို ပိုက်ဆံ ပါ သွား ပါလေ ရော ဗျာ ။

ရိုးရိုး လေး လိမ်သွားတာပါ ၊ လိမ် ပုံ လိမ် နည်း က ဟုတ်တိ ပါတ်တိ ဆိုတော့ကာ လိမ် နေ မှန်း ချက် ချင်း ဘယ် သိပါ့ မလဲ ၊ ကိုယ် က တောင် ကျေးဇူးတွေ တပုံကြီးတင်လိုက်ရ ပြီး အလိမ်ခံ လိုက်ရတာပါ ။ ဒီလို ဇာတ်လမ်း မျိုး ၊ အီးမေးလ် အကြောင်းပြု ပြီးအလိမ် ခံရတယ် ကြားရတာ ၂ ယောက် ၃ ယောက် ရှိပါပြီ။
ဘာ အကြောင်း ကြားကြား ၊ သွေးပူ သွားစရာ မရှိ ပါဘူး ၊ သေချာ အောင်တယ်လီဖုန်း စောင့်ပါ။ တခြား ရင်းနှီးသူ သူငယ်ချင်းများ ကို ထပ်ဆက်သွယ်ပါ။၂ ထပ်ကွမ်း ၃ ထပ်ကွမ်း စုံစမ်းပြီး ၊ သတင်း ကို သေချာ အောင် စုံစမ်းကြပါ။အီးမေးလ် က ၊ ချတ်တင် က ကြားလို့ သိလို့ က တော့ ၊ ဘယ်သူ ဘယ်ဝါဘယ်သားချင်း ၊ ဘယ် သူငယ်ချင်းဘဲ ဖြစ်ဖြစ် ၊ ချက်ချင်း မယုံလိုက် ကြပါနဲ့။သူ တို့ ကိုယ်တိုင် ရေးတာ ဟုတ်ချင် မှ ဟုတ်မှာပါ။ ဘာ မှ မသေချာပါဘူး ခင်ဗျာ ။

လူလိမ် ဆိုတာက ဂျို ပါ နေတာ မဟုတ်ပါဘူး ၊ကိုယ့် ကို လိမ် ဘို့ ၊ ဘယ် အချိန် ကတဲက ၊ ဘယ်လို ကြံစီ နေတယ် ဆို တာကိုယ် က သိနိုင်တာ မှ မဟုတ် တာ လား၊ ခင်ဗျာ ။
မြန်မာပြည်သူ ၊ မြန်မာပြည်သားများ အားလုံး ၊ လူ အချင်းချင်း လှည့်ပါတ်ခံ ရ ခြင်း၊ ဘေး မှ ကင်းဝေး နိုင်ကြပါစေ။နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ခင်ဗျား ။