အိမ်ထောင်ပြုတော့မလား

Linn LettSeptember 28, 20101min440

အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က
ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို
မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ်
မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆ
ိုထားပါတယ်။

ကွာသုံးကွာ
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် (၂) အယူဘာသာကွာလျှင် (၃)
စိတ်ဓာတ်ချင်း ကွာလျှင် တို့ပဲဖြစ်ပါတယ်။
တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့
ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ
လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ
၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။

ပါသုံးပါ
(၁)အနာရောဂါပါလာလျှင်(၂)အကြွေးပါလာလျှင်(၃)အပိုစားမည့်(လူပိုတွေ)ပါလာလျှင်
တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး
မဟုတ်ပဲနာတာရှည်မျိုးကိုဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့
လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘဝ အညွှန့်လူဖို့
အတော်ခဲယဉ်းသွားပါပြီ။အပိုစားမည့်သူပါလာလျှင် ကျွေးနိုင်သည်ပဲထားဦး
စကားပိုလာသည့်အတွက် ရှင်းရတ ဲ့ပြဿနာနဲ့ ကြုံတွေ့ နိုင် ပါတယ်။

ချာသုံးချာ
(၁)ပညာရေးချာလျှင် (၂)စီးပွားရေးချာလျှင် (၃)လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။
ပညာဆိုရာမှာ..အတန်းပညာက လူတစ်ယောက်ရဲ့
ကိုယ်ရည်ကိုယ်သွေးကိုမြင့်မားစေတာမို့ ပညာတတ်
တယောက်ဖြစ်ဖို့လိုပါတယ်။ပညာဆိုရာတွင် အဆင့်ဆင့်မခွဲပဲ
အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဉာဏ်
ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။
စီးပွားရေးဟာလည်းပညာရေးနှင့် ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာလျှင်
ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။ ပညာမတတ်ပဲချမ်းသာနေသူတွေကိုတွေ့ရပေမဲ့
ပညာမတတ်ခဲ့လျှင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်ပါဘူး။
လူမှုရေးချာလျှင်…..ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုပဲ ချမ်းသာလာတဲ့သူ
အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ
ငွေပါတာက လွဲပြီး အသိဉာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား
ခေါင်းပါးတတ်ပါတယ်။

အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့်
မိမိစိတ်အလိုလိုက်လို့ဖြစ်စေ၊ မလွဲမရှောင်သာလို့ဖြစ်စေ၊
တဇွတ်ထိုးလုပ်လိုစိတ်ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး
စဉ်းစားလို့လက်တွဲလိုက်ပြီးရင်တော့ ဘဝမှာ အမှားနှင့်တစ်သက်လုံး
ရင်ဆိုင်ရပါလိမ့်မယ်။ အိမ်ထောင်သည်ဘဝရောက်ပြီးမှ အမှားကို
ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွားမှာဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝဟာ
တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့
ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကိုပြန် အမှတ်ရရင်း
မှတ်မိသလောက်ပြောပြခြင်းပါ။

ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊
ခံစားတာတွေလို့ အဓိကထင်တာပါ၊ အခု အသက်လေးရလာတော့ လူမှုဘဝ ပတ်ဝန်းကျင်
အသိုင်းအဝိုင်း၊ ဘဝ တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့
မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မပူချင်လို့
ယောက်မရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ
အောင်ဘာလေထီထိုးတဲ့ သူတွေလိုပါပဲ။

ကျပ်သိန်း ၁၀၀ဝဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေရွေးတာပဲ၊
ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ…ထိုးပြီးရင်လည်း
စိတ်ကူးယဉ်ရတာပဲ။ ဘယ်လိုသုံးစွဲမယ်၊ လှူမယ်စသည်ဖြင့်ပေါ့။ ထီဖွင့်တဲ့အခါ
မှာလည်း သိန်း ၁၀၀ဝ ဆုမှန်းပြီး ပထမကြည့်တယ်။ နောက်သိန်း ၁၀ဝ နောက် ၅၀
စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင် တောင်မဆိုးပါ
ဘူးပေါ့။ တွက်ကိန်းတွေနဲ့ … တိုက်လာလိုက်တာ…ထီစာရင်း
လည်းကုန်သွားရော…ဘာမှ မပါတော့ သွားပြန်တော့
ဒီတစ်ခါဆိုသလို…ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ်…မပြောနိုင်ပါဘူး။
ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အခါလည်း ထီဆုကြီးမှန်းသလို
အားလုံးတော့ အကောင်းမြင်ဝါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေသွားမှာပါ။
စိတ်ကူးကြီင်္းတွေနဲ့ပေါ့။ ဗလာမဲနဲ့ လည်းတိုးနိုင်ပါတယ်။

ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်းဆိုတာကလည်း ကုသိုလ် နှင့်လည်း
ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေပါ။ မိမိတို့
အတိတ်ဘဝများက ပြုခဲ့သည်ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော
အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘဝကံ မမြင်ရ၍ မသိစေဦးတော့ ယခု
မျက်မှောက်ဘဝ၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင်လုပ်ပါက
ကောင်းကျိုး ပြန်ရနိုင်ပါတယ်။ အိမ်ထောင်ရေး သည်
ထီထိုးခြင်းလို့ယူဆပါက…အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊
ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်းစသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း
၁၀၀ဝ ဆုကြီးမပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။