အမျိုးသမီးများ သုံးနေကျ စကား (၉) ခွန်း !!!

Linn LettSeptember 28, 20101min400

(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော
အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းပဲ။

( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့
အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး
စောင့်ရမယ် ဆိုတာပါပဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊
အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ
မပိုတော့ပါဘူး။

( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။
ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့
တိုက်ခိုက်မှု့တစ်ခုရှိနေလို့ပဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး
တစ်ထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့
အဖြေတစ်ခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ပဲ။

(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့
မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးပဲ။ မပြုမိအောင် ဂရုပြုပါ။

(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊
မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့
အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့
ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့
သဘောပဲ၊(နံပါတ်(၃) ကိုပြန်လည် အမှတ်ရပါ)။

(6) That’s Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တာရယ် အကြီးမားဆုံးသော
စကားလုံးလေး တစ်ခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တစ်ခုကို
သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။

(7) Thanks: ကျေးဇူးတင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင်
မအံ့ဩလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။
ရင်ထဲက စစ်မှန်သော စကားတစ်ရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့များ
ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့
ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။

(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့
ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။

(9) Don’t worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ်
ကျွန်မ လုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊
စကားချိုသပ်ခြင်းပါပဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊
သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါပဲ။ ဒီနောက်တော့
နံပါတ် (၃)ကို ပြန်ရောက်တော့တာပဲ။