ကမ္ဘာ့အန္တရာယ်အများဆုံးငှက်

Linn LettSeptember 28, 20101min1165

Guinness စာအုပ်တွေရဲ့ မှတ်တမ်းတွေအရ Cassowaries တွေဟာ
ကမ္ဘာ့အန္တရာယ်အများဆုံး ငှက်မျိုး နွယ် တွေဖြစ်ကြပါတယ် ။ ဒီငှက်တွေဟာ လူကို
သေစေနိုင်တဲ့ အလွန်ပြင်းထန်တဲ့ တိုက်ခိုက် မှုစွမ်းရည် တွေ ရှိကြ ပါတယ် ။
ဒီငှက်တွေဟာ မခန့်မှန်းနိုင်လောက်အောင် ရန်လိုတဲ့အသွင်သဏ္ဍာန်ရှိကြပြီး
အထူးသဖြင့် ဒါဏ်ရာ ရတဲ့အခါ (သို့မဟုတ်) ရန်စခြင်းခံရတဲ့အခါမှာ အလွန်ကို
ကြောက်မက်ဖွယ်ကောင်းလှပါတယ် ။

Australia နဲ့ New Guinea
နိုင်ငံရဲ့ မိုးသစ်တောတွေထဲမှာ Cassowary ဟာ နေထိုင်ကျက်စားပြီး အမှတ်တမဲ့
သတိမ မှုပဲ ကြည့်မယ်ဆိုရင်တော့ အလွန်ကို လှပပြီး ချစ်စဖွယ်ကောင်းလှပါတယ် ။
ဒါပေမယ့် သင်ဟာ သူတို့ရဲ့ အနီးကို နီးနီးကပ်ကပ်သွားရောက်တဲ့အခါမှာတော့
သင့်ကိုရန်သူမှတ်ပြီး အရိုးကျိုးစေတဲ့တိုက်ခိုက်မှု (သို့မဟုတ်)
အန္တရာယ်များတဲ့ချွန်ထက်လှတဲ့ နှုတ်သီးနဲ့ တိုက်ခိုက်ခြင်းကို
ခံရမှာဖြစ်ပါတယ် ။
ဒုတိယကမ္ဘာစစ် အတောအတွင်းမှာ
New Guinea နိုင်ငံမှ စစ်သားတွေဟာ ဒီငှက်တွေနဲ့ ဝေးဝေးနေဖို့ သတိပေး
ထုတ်ပြန်ထားပြီး အချို့ စစ်သားတွေကတော့ ဒီငှက်တွေရဲ့ သားကောင်တွေ
ဖြစ်ခဲ့ရပါတယ် ။

5 comments

  • intro

    September 29, 2010 at 11:00 am

    ပုံစံလေးက မထင်ရဘူးနော်..

  • Gong Zhu

    October 13, 2010 at 5:41 pm

    ကန်တော်ကြီးထဲမှာ သူနဲ့ ခပ်ဆင်ဆင်တူတဲ့ အကောင်ရှိတယ် …

  • char too lan

    October 14, 2010 at 4:45 am

    ပုံကြည့်တော့ လေးကန်မယ့်ပုံစံနော်
    တကယ်မထင်ရဘူး

  • nwl

    October 14, 2010 at 5:08 am

    ငှက်ကုလားအုတ်နဲ့ ဆင်သလိုလိုရှိတယ်နော် .ပုံစံကြည့်တော့ ရန်လိုတဲ့ ပုံလဲမထင်ရဘူး ..

  • doekalay

    October 14, 2010 at 7:13 am

    ဟုတ်တယ်နော်တော်တော်ကိုဆင်တာ

Leave a Reply