သင့်ရဲ့မနက်ဖန်

Linn LettSeptember 29, 20101min880

ကြောက်ကြတယ် ရှုံးနိမ့်ကြမှာကို
ကြောက်ကြတယ် သေမှာကို
ကြောက်ကြတယ် စွန့်ပစ်ခံရမှာကို
ကြောက်ကြတယ် ဝေဖန်ခံရမှာကို
ကြောက်ကြတယ် ရင်းနှီးတဲ့သူတွေခွဲခွါသွားမှာကို

ဒီလို ကြောက်လန့်မှုမျိုးစုံ ထဲမှာ ရှင်သန်နေရတယ်

အသက်ရှိနေတုန်း ပိုင်ဆိုင်ထားသမျှ အားလုံးအားလုံးကို မြတ်နိုးပါ။ သင့်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကံ တွေက မတူတော့ တခြားသူနဲ့ နှိုင်းယှဉ်ပြီး သင် ရှင်သန်နေဖို့ မလိုပါဘူး။

ဒါကြောင့် တန်ဖိုးထားပါ သင့်ရဲ့ အချိန်၊ သင့်ဘေးနားမှာရှိတဲ့ သူတွေ၊ သင့်ကို ချစ်တဲ့ သူတွေ၊ သင်ပိုင်ဆိုင်ထားတာတွေကို…….

အခက်အခဲကတော့ သင်ရင်ဆိုင်ရမယ်
ဝမ်းနည်းမှုလည်း သင်ခံစားရမယ်
ဝန်ထုပ်ဝန်ပိုးလည်း သင်ထမ်းရမယ်
ဝေဖန်မှုတွေကို သင်ခံရမယ်
သည်းခံရမယ်
အခက်အခဲတွေကို ဖြတ်ကျော်မှ သာ သင်ရရှိပိုင်ဆိုင်ထားတာတွေက ပိုပြီး တန်ဖိုးရှိမယ်၊ ချိုမြိန်မယ်
အမြဲပြောနေတဲ့ စကားရှိတယ် `အလကားရတော့ ဘယ်တန်ဖိုးထားတတ်မှာလဲ´ တဲ့။

သင်အသက်ဘာကြောင့်ရှင်ချင်တာလဲ
သင်ဘာကြောင့် သေမှာလဲ ဆိုတာသင် စဉ်းစားဖူးလား။

သာမာန် ကောင်မလေးတစ်ယောက်
တရက်တရက် ရယ်ရယ်မောမောနဲ့ ဖြတ်သန်းတယ်။ သူမရဲ့ မိဘ၊ မောင်နှမ နှင့် ချစ်သူတွေ သူမဘေးမှာရှိတယ်။
ဒါပေမဲ့ သူူမရောဂါရနေမှန်းသူမသိသွားတယ်။ သူမ ဒါကို လက်မခံနိုင်ဖြစ်နေတယ်။
ကောင်မလေး အရမ်းကြောက်လန့်နေတယ်။ သူမဆေးလိပ်မသောက် အရက်မသောက်ဘူး။
ဘာလို့ သူမ အဲလို ဖြစ်ရမှာလဲ။
သူ လျှောက်စဉ်းစားတယ်……
သူရေတွေအများကြီးသောက်တယ်။ ဒါပေမဲ့ အပေါ့သွားလို့မရဘူး။ သွေးပါလာတယ်။ သူအပေါ့တစ်ခါသွားတိုင်း သူမ မျက်ရည်ကျရတယ်။
အိမ်သာသွားရမှာကို ကောင်မလေးကြောက်လာတယ်
ရေသောက်ရမှာ ကြောက်လာတယ်။
ဆရာဝန်သွားပြရမှာ ကြောက်လာတယ်။
မနက်ဖန်ဆိုတာ မရှိတော့မှာကို ကောင်မလေးပိုကြောက်တယ်။
ဒါပေမဲ့ သူအိမ်သာပဲသွားချင်နေတယ်။ သွားလို့ မရတာကို ဒီလောက်ခံစားနေရတာ….. ဘာကြောင့်လဲ…
ကောင်မလေးပူဆွေးသောကရောက်နေတယ်။
ဒီဖြစ်ပျက်သမျှတွေက ကောင်မလေးဖြစ်စေချင်လို့လား။ ဘယ်သူမှတားလို့မရပါဘူး။
ဒီည ကောင်မလေး
အိမ်ပြင်မှာ အိပ်စရာမရှိ နေစရာမရှိတဲ့ ကြောင်ကလေးတစ်ကောင်ထက် ကောင်မလေး အေးစက်နေတယ်
တစ်ယောက်ထဲ အတွေးကမာ္ဘမှာ နေနေရတယ်။

ဘယ်သူက သူပြောချင်တာတွေကို နားထောင်ပေးနိုင်မှာလဲ။
ဘယ်သူက သူ့ကို ကူညီနိုင်မှာလဲ။

ကောင်မလေး က သူ့ကို သနားတာကို သူလက်ခံနိုင်မှာမဟုတ်သလို
စာနာမှုကိုလဲ သူလိုလားနေမှာ မဟုတ်ဘူး။

ဘာပဲပြောပြောပါ…….
သင့်ရဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းပြီး ကျေနပ်ရောင့်ရဲနိုင်ပါစေ။

ဒါဟာ ရှင်သန်ခြင်းပါ…………….