ညဘက်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့်အချက် ရှာတွေ့ပြီ

Linn LettSeptember 29, 20101min520

ဗြိတိန်သိပ္ပံပညာရှင်တို့က ညအိပ်သည့်အချိန်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့်
အဓိကအချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။

သိပ္ပံပညာရှင်တို့၏ဖော်ပြချက်အရ လူတို့၏ဦးနှောက်တွင်းရှိ ဦး
နှောက်လှိုင်းပေါက်ကွဲမှုက လျှပ်စစ်ဓာတ်ဆိုင်ရာစေ့ဆော်မှုကို ဖြစ်စေခြင်း
ကြောင့်ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်တွင်းရှိလှုပ်ရှားမှုက အသံဗလံများ ကို
စစ်ထုတ်ပေးသည့်အတွက် အချို့သူများကို ကောင်းစွာအိပ်ပျော်စေခြင်း
ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်လှိုင်းများသည် အသံဗလံများကို စိတ်ထဲ တွင် ပေါ်လာစေရန်
စဉ်းစားပေးသည့်လက္ခဏာ
ဖြစ်လေရာ ထိုအသံဗလံများက အိပ်မပျော်ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။

ဦးနှောက်ကိုချော့ပေးခြင်းသည် လျှပ်စစ်ဓာတ်ဆိုင်ရာလှုပ်ရှားမှုကို
ပိုမိုဖြစ်ပေါ်စေပြီး အိပ်ရေးဝအောင်အိပ်ပျော်စေခြင်းဖြစ်ကြောင်း သုတေသီ တို့က
ပြောကြားခဲ့ကြသည်။

အချို့သောသူများသည် ဆူညံသံများထွက်ပေါ်နေလျှင်ပင် အဘယ် ကြောင့်
ကောင်းစွာအိပ်ပျော်ရသည်။ အချို့လူများက အဘယ်ကြောင့် အခြား သူများထက်ပို၍
အိပ်ရေးဝအောင်အိပ်ပျော်ရသည်ကို အသေးစိတ်စမ်း သပ် စစ်ဆေးရန်ကြံစည်လျက်ရှိသည်ဟု
ဟားဗတ်ဆေးပညာကျောင်းမှ ဂျက်ဖရီအယ်လင်ဘိုဂျင်က ပြောကြားခဲ့သည်။

ဒေါက်တာအယ်လီဘိုဂျင်က ကျန်းမာရေးကောင်းမွန်သော လူ ၁၂ဦး၏
ဦးနှောက်လှုပ်ရှားမှုကို စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးနှောက် တွင်းရှိ
လျှပ်စစ်လှိုင်းလှုပ်ခတ်မှုက အသံဗလံများကို ခံနိုင်ရည်ရှိကြောင်းတွေ့
ရှိခဲ့ရသည်ဟုဆိုသည်။ သို့ရာတွင် အချို့လူများသည် အခြားသူများထက်ပို၍
လျှပ်စစ်လှိုင်းပိုမိုလှုပ်ခတ်မှုပြုသည်ကိုမူ ရှင်းလင်းစွာမသိရသေးဟု သိရ သည်။

*သူတို့နဲ့ အတူမအိပ်ပါနဲ့*

*၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..*
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့
ဝတ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို
ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို
ချွတ်ပြီးအိပ်ကြပါ..

*၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့*
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ
၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ
အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ ………..
🙂 ok

*၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့*
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို
အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့
သုံးပြုတတ်ကြပါတယ်….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ……ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့
လက်ကိုင်ဖုန်းအပါအဝင် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ
သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..
အဲဒီသံလိုက်လှိုင်းများဟာ ကျွန်တော်တိုရဲ့ အာရုံကြောအဖွဲ့အစည်းကို
အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ
ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်…..

*၄.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..*
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ
အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်…မိပ်ကပ်လိမ်းပြီး
အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို
ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို
ပြည့်ပြည့်ဝဝနဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့်
ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ…
*၅. သူတစ်ပါးရဲ့ယောကျင်္ား မိန်းများနဲ့အတူတူမအိပ်ပါနဲ့*
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ
လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့… အဲဒီလို
ခဲ့အိပ်မယ်ဆိုရင် စအိပ်စဉ်တုန်းက အိပ်ယာပေါ်မှာ ဖြစ်ပေမယ့် နိုးလာရင်တော့
ထောင်ထဲရောက်ချင်ရောက်နေပါလိမ့်မယ်။ ( ခြင်ထောင်ဖြစ်ချင် ဖြစ်မှာပေါ့နော့၊
ခြင်ကိုက်မှာဆိုးလို့ နေမှာ။) ဟတ်ဟတ် ကဲကဲ အတည် ပြောပါမယ်။ အဲဒီလို
ခဲ့အိပ်မယ်ဆိုရင် ရရှိလာမဲ့ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ့်ရဲ့
နာမည်၊ ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ အနာဂတ် စတာတွေနဲ့ အလဲ အထပ်
လုပ်ရတတ်ပါတယ်။ သူငယ်ချင်း အားလုံး ကျန်းမာချမ်းသာကြပါစေ။