ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၉)

maungmoenyoSeptember 29, 20101min570

နိုင်ငံတကာဖိအားပေးနိုင်မှုအခြေအနေ

ပြည်ပမှသတင်းနှင့်အကြံညဏ်အပါအဝင်ထောက်ပံ့ကူညီမှုများအားလုံးကစစ်အစိုးရကိုပြောင်းလည်းပစ်နိုင်မည့်အခြေအနေအလွန်အားနည်းပါသည်။ အနောက်နှင့်”အာဆီယံ”ကိုမြန်မာကလိုအပ်သည်ထက် အနောက်နှင့် ”အာဆီယံ”ကမြန်မာကိုလိုအပ်သည်ကထင်ရှားလှသည်။ ”အာဆီယံ”ဝင်နိုင်ငံများအားလုံးလိုလိုကလည်းကိုယ့် နိုင်ငံတွင်းမှာကိုယ့်ပြဿနာနှင့်ပင်။ မြန်မာထက်နှာတဇျားသာရုံသာရှိသည်။ ”အာဆီယံ”အဖွဲ့အစည်းကိုယ်၌ ကပင်လူမှုရေးအဖွဲ့လိုလို၊ယဉ်ကျေးမှုအဖွဲ့လိုလို forum အဖွဲံအစည်းသာဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံခြား ရေးဝါဒအရိပ်အယောင်အပြောင်းအလဲကိုတရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ဆက်ဆံမှုပေါ်မူတည်၍သာမြင်နိုင်သည်။ ယင်းနိုင်ငံ(၂)ခုလုံး၏လွှမ်းမိုးမှုကအဓိကျသည်ဟုနိုင်ငံတကာကမြင်သော်လည်း၊ အမှန်စင်စစ်ယင်းနိုင်ငံတို့၏ ဖျောင့်ဖျမှု၊ကြားဝင်မှုအတော်များများတို့သည်လည်းအဟောသိကံဖြစ်ခဲ့ရသောအကြိမ်မှာမနည်းတော့ပြီဖြစ် သည်။ အမေရိကန်အပါအဝင်အနောက်နိုင်ငံများ၏စီးပွားရေးပိတ်ဆို့မှုတကယ်ထိရောက်မှု ရှိမရှိကို သိရန်အလွန်ခက်ခဲပါသည်။ စစ်ဗိုလ်ချုပ်နှင့်မိသားစုလက်အောက်ခံတို့နိုင်ငံတကာလှည့်ပြီူပင် shopping လုပ်နေကြသည်တို့ကိုကြည့်ပြီး စီးပွားရေးပိတ်ဆို့မှုလက်နက်၏ထိရောက်မှုကိုစာရေးသူကြီးစွာ သံသယ ဖြစ်မိသည်။