ရန်ကုန်မြို့တွင် မကြာမီ အသုံး ပြုခွင့်ရတော့မည့် ဖိုင်ဘာဖြင့် အင်တာနက်

etoneSeptember 29, 20101min842

ရန်ကုန်မြို့တွင် မကြာမီ အသုံး ပြုခွင့်ရတော့မည့် ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ခြင်းတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။
ဖိုင်ဘာဖြင့် အင်တာနက်ချိတ် ဆက်ရာတွင် IPTV, VoIP ဖုန်းနှင့် အင်တာနက် သုံးမျိုးလုံး အသုံးပြုမည်ဆိုပါက ကနဦးတပ်ဆင်ခမှာ ကျပ်ကိုးသိန်းဖြစ်ပြီး အင်တာနက်နှင့် VoIP ဖုန်းနှစ်မျိုးသာ အသုံးပြုလျှင် ကနဦးတပ်ဆင်ခမှာ ကျပ်ခုနစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။ အသုံးပြုမည့်သူ ရွေးချယ်သုံးစွဲနိုင်သော မြန်နှုန်းငါးမျိုး သတ်မှတ်ထားပြီး လစဉ်ကြေးမှာ ကွာခြားမည်ဟု သိရသည်။ Bandwidth- 512 Kbps အတွက် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၄ဝ ဖြစ်ပြီး 1 Mb မှာ အက်ဖ်အီးစီ ၇၅၊ 2 Mb မှာ အက်ဖ်အီးစီ ၁၂၅၊ 4 Mb ဆိုပါက အက်ဖ်အီးစီ ၂၇၅၊ အမြင့် ဆုံး 8 Mb  ဖြင့် အသုံးပြုမည်ဆိုလျှင် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၅၅ဝ ဟု နှုန်းထားများ သတ်မှတ်ထား ကြောင်းသိရသည်။ ထို့ပြင်နှစ်စဉ်ကြေး မှာ ကျပ်ခြောက်သောင်းဖြစ်သည်။
” ဝန်ဆောင်မှုသုံးမျိုးလုံး အသုံးပြုမယ်ဆိုရင် IPTV အတွက် Setup Box  တစ်ခုထားရှိရမှာဖြစ်ပြီး Free Channel တွေကို အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ Pay Channel တွေလည်း သီးသန့်ရှိဦးမှာ ဖြစ်ပြီး Package အလိုက် အခကြေးငွေနဲ့ ရွေးချယ်သုံးစွဲနိုင်မှာပါ။ သုံးစွဲသူ အများစုရှိမယ့် ကွန်ဒို၊ ဈေးဝယ်စင်တာစတဲ့ နေရာမျိုးတွေမှာ တပ်ဆင်မယ်ဆိုရင် အကောင်အထည်ဖော်ရတာ ပိုမြန်မှာပါ။   နေရာအနေအထားပေါ် မူတည်ပြီး သွယ်တန်းလို့ရ၊ မရဆိုတာ လည်း  အကန့်အသတ် ရှိနိုင်ပါတယ်” ဟု RedLink  ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် မန္တလေးမြို့တွင် လျှောက်လွှာများ စတင်လက်ခံနေပြီး အောက်တိုဘာ ၁ရ ရက်နေ့မှစ၍ သုံးစွဲခွင့်များ စတင်ချပေးသွားမည်ဟု သိရသည်။
ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု မှလုပ်ကိုင်ခွင့်များရရှိထားပြီး ရန် ကုန်မြို့၌ ယခုနှစ်မကုန်မီ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည်။

2 comments

  • search123

    September 29, 2010 at 6:01 am

    လစဉ်ကြေး က Internet အတွက်ပဲလား။phone bill ကသီးသန့်ပေးရမှာလား။ ဒါမှမဟုတ် Internet and VoIP phone နှစ်ခုလုံး အတွက်လားဆိုတာ သိချင်လို့ပါ…etone သိထားသလောက် ပြောပြပေးပါဦး။

  • doekalay

    September 29, 2010 at 6:45 am

    ကွန်ဒိုတွေကိုပဲဦးစားပေးပြီးချပေးမယ်ထင်တယ်။အဓိကကတော ့အိမ်မှာအင်တာနက်ကိုသုံးလို ့ရရင်တော ့တော်ပါပြီ။သီးသန် ့တလိုင်းထဲ သုံးလို ့ရရင်တော ့ပိုကောင်းတာပေ ါ ့။ကျေးဇူးပါ

Leave a Reply