မြောက်ကိုရီယား ခေါင်းဆောင် သူ့သားငယ်အား ဗိုလ်ချူပ်ရာထူး တိုးမြှင့်ပေး

etoneSeptember 29, 20101min923

တနင်္လာနေ့က ကျင်းပခဲ့တဲ့ ၆၅ ကြီမ်မြောက် မြောက်ကိုရီယား အလုပ်သမားပါတီ အခမ်းအနားပွဲတွင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က စစ်ရာထူး ၃ဝ ကျော်တိုးမြှင့်ပေးခဲ့ရာ သူ့အငယ်ဆုံးသား ကင်ဂျုံအန် ကိုလည်း စစ်ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခဲ့သည်။

အသက် ၂၉ နှစ်ရှိ ကင်ဂျုံအန်မှာ မကျန်းမာသော အသက် ၆၈နှစ်ရှိ သူ့ဖခင် အရိုက်အရာ ဆက်ခံမည်ဟု သတင်းများ ပြေးလျက်ရှိသည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် ရဲ့ ညီမ ကင်ကျောင်ဟွီးကိုလည်း ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခဲ့ကြောင်း အစိုးရသတင်းဌာန KCNA မှ ကြေငြာသွားသည်။

အမေရိကန် အစိုးရ အာရှဌာန အဆင့်မြင့်အရာရှိ Kurt Cmpbell က ကင်ဂျုံအီလ်ရဲ့ သားငယ်ကို ယခု ပထမဆုံး အစိုးရ မီဒီယာမှာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် မြောက်ကိုရီယားရဲ့ ဖြစ်ပေါ် တိုးတက်မှု မှန်သမျှ အသေအချာ စောင့်ကြည့်နေကြာင်း ပြောခဲ့သည်။

၎င်းသည် ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို ့တွင် ပညာသင်ကြား ခဲ့သူဖြစ်ပြီး ကင်အီဆွန်း တက္ကသိုလ်မှ ဘွဲ ့ရရှိ
ခဲ့သူ ဖြစ်သည်။ နှင်းလျှောစီး ကျွမ်းကျင်ကာ ဘတ်(စ)ကတ်ဘော အကျော်အမော် မိုက်ကယ်ဂျော်
ဒန် ၏ ပရိတ်သတ်ဖြစ်ပြီး ရုပ်ရှင် မင်းသား ယန်းကလော့ဗန်ဒိမ်း နှင့် တွေ ့ဆုံ နိုင်ရန် စီစဉ် ထားသည်။
ဖခင် လို ပင် အနောက်တိုင်း ရုပ်ရှင် ကား များ ကို နှစ် သက်သူ ဖြစ်ပြီး သွားလေရာ ဗီဒီယို ကင်မရာ
တစ်လုံး ပါရှိသည်။

မိန်းမလိုက်စားမှု နှင့် ပတ်သက်၍ လူပြောများ ခြင်း မရှိ သော် လည်း ဝိုင် အရက် နှင့် ဆွစ်ဇာလန်
ဂျာမန် ဘီယာ များ ကို နှစ်သက်သည်။ ကင်ဂျုံအန်း သည် ကင်အီဆွန်း ၏အရိုက်အရာ ကို ဆက်ခံမည့်
သူ ဖြစ်သည်။

3 comments

  • eros

    September 29, 2010 at 3:43 am

    ဟဲ ဟဲ လေးဖြူပြောသလိုပဲ အားလုံး ကျွန်တော့် အမျိုးတွေချည်းပဲ

  • michaelaungpu

    September 29, 2010 at 4:45 am

    ခံတဲ့လူရှိလို ့လုပ်တဲ့လူရှိတာ မဆန်းပါဘူး
    တရားမမျှတမှု ့ကို စိတ်မကျေနပ်မှု ့အဖြစ်ပုံပြောင်းလိုက်ရင် အဆင်မပြေတာတွေဖြစ်တတ်တယ်
    ဒေါသနှင့်တုံ ့ပြန်ဘို ့ထက် ဥပက္ခာပြုပြစ်ခြင်းဟာလည်း လုံခြုံစိတ်ချရတဲ့ အကြောင်းတစ်ရပ်ဖြစ်မယ်ထင်တယ်
    ဒါပေမယ့်တစ်ယောက်တည်းတော့ လုပ်လို ့ရနိုင်ဘူး

  • pan pan

    September 30, 2010 at 4:03 am

    ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်တော့မပေ့ါ။

Leave a Reply