မြန်မာ နိုင်ငံတွင်း နေထိုင်စဉ် က စာရေးခြင်း အသက်မွေး ၀မ်းကျောင်း ပြုက မြှားနတ်မောင် မဂ္ဂဇင်း ကို တည်ထောင် ထုတ်ဝေခဲ့သည့် ဒေါက်တာလွဏ်းဆွေ ၏ အင်တာနက် စာမျက်နှာ တစ်ခု ဖြစ်သည့် www.drlunswe.blogspot.com တွင် ဖော်ပြထား သည့် အဆစ် အမည်ရှိ ဆောင်းပါးရှင် တစ်ဦး ၏ မြန်မာ့နိုင်ငံရေး သုံးသပ် ချက် ဆောင်းပါးမှာ နိုင်ငံခြား သံတမန် များ ပင် ဘာသာပြန်ယူ၍ လေ့လာ ဖတ်ရှု နေရသည်ဟု စုံစမ်း သိရှိရသည်။
အက်ဆစ် ရေးသား ထားသည့် “ သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေ နဲ့  ကျန်ရစ်ကြမလဲနဲ့ ” နှင့် “ အားလုံး နောက်ဆုံးရွေးချယ်ရမည့် လမ်းကို ရောက်နေပြီ” အမည်ရှိ ဆောင်းပါးများ ကို ရန်ကုန် အခြေစိုက် နိုင်ငံခြား သံတမန် များက စိတ်ဝင်စား သောကြောင့် ထိုဆောင်း နှစ်ပါးကို ဘာသာပြန်ပေး ခဲ့ရကြောင်း အက်ဆစ် ၏ ဆောင်းပါးများ ကို ဘာသာပြန် ပေးခဲ့သူ ကိုအောင်အောင် က Freedom News Group သို့ ပြောသည်။

အားလုံး နောက်ဆုံးရွေးချယ်ရမည့် လမ်းကို ရောက်နေပြီ
အက်ဆစ်
မကြာမီအချိန်တွင် စစ်အာဏာရှင်က ၂၀၁၀ ရွေးကောက်ပွဲကြီးကို အဘယ်သူတွေ ကြည်ဖြူသည်ဖြစ်စေ၊ မ ကြည်ဖြူသည်ဖြစ်စေ ကျင်းပပါတော့မည်။ သူတို့ဘာသာ အင်္ကျီဝတ်လိုက် ဘောင်းဘီချွတ်လိုက်လုပ်ရင်း သူ တို့ဇာတ်ကိုသူတို့ ကကြပါတော့မည်။

ဘာပဲပြောပြော ဒီမိုကရေစီကျင့်စဉ်အရ ကြံ့ဖွတ်ပါတီက မဲအပြတ်အသတ်နှင့် အနိုင်ရသွားကြောင်းကို နိုင်ငံ တကာကို ထုတ်ဖော်ပြသတော့မည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီပလိုမေစီနိုင်ငံကြီးများက အထူးစိုးရိမ်မိ သည်၊ ကြိုဆိုပါသည်၊ လူအခွင့်အရေး လေးစားလိုက်နာပါ … စသည့် စကားလုံးများနှင့် (၂၃) နှစ်မြောက် (အ ကြိမ်အရေအတွက် ဘယ်လောက်မှန်းမသိ) ရှိတော့မည်ဖြစ်သည့် မြန်မာအရေးကို စိတ်မပါလက်မပါ တာဝန် ကျေ ပြောဆိုသံကိုလည်း ကြားရပေတော့မည်။ နောက်တက်လာမည့် အစိုးနှင့် ကိုက်ညီသည့် လိုက်လျောညီ ထွေ ဆက်ဆံရေးကို သူတို့ဖော်ဆောင်တော့မည်။ တက်လာသည့် အစိုးရက ဘာအစိုးရပဲဖြစ်ပါစေ အမေရိ ကန်ပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ်၊ ရုရှားပဲဖြစ်ဖြစ် သူတို့အားလုံး တာဝန်ကျေပြောဆိုမှုတွေကို လုပ်လာတော့မည်။

နိုင်ငံကြီးများမှ ခေါင်းဆောင်တွေက ဒီလိုပြောလိုက်မှ ခေတ်မီတာ ဆိုသည့်မူကို ကျင့်သုံးပြီး ပြောဆိုတော့မည့် နိုင်ငံတွေကို တွေ့ရတော့မည်ဖြစ်သလို အကျိုးစီးပွားအရ ငါတို့ ကာကွယ်ရပ်တည်ပေးမှ ရမည်ဆိုသည့် နိုင်ငံ ကြီးများလည်း ရှိပေသည်။ မြန်မာပြည်သူပြည်သားများအနေနှင့် ကံဆိုးလှပေစွ …။
အင်မတန် ကြမ်းကြုတ်ရက်စက်သော အာဏာရှင်တိုင်းပြည်က လူမျိုးတွေဖြစ်ရရုံသာမက ဒီမိုကရေစီကို အာ ဏာရှင်ဆီကနေ လက်ဝါးဖြန့်တောင်းဆိုနေသည့် ဒီမိုကရေစီအင်အားစုဆိုသူများကြောင့် သူတို့တွေ ဘ၀ရေ တိမ်နစ်နေရရှာသည်။ အခုဆိုလျှင် လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ တွင် စစ်အာဏာရှင်က သူတို့ လုပ်ချင် တာကို ဖြစ်အောင်လုပ်ပေလိမ့်မည်။ ၂၀၀၈ ဖွဲစည်းပုံကိုလည်း ပြည်သူတွေ ဒုက္ခဆင်းရဲကြုံနေသည့်ကြားက ရေးဆွဲခဲ့ပေသည်။ ဒီမိုကရေစီအင်အားစုဆိုသူများကလည်း စစ်အာဏာရှင်၏ ရွေးချယ်ရာ လမ်းနောက်က ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနေကြသည်။ အမျိုးသားညီလာခံဆိုလည်း ညီလာခံနောက်လိုက်ကြပြီး တက်သူ မတက်သူတွေ ၀ိဝါဒကွဲပြားသည်။ လမ်းပြမြေပုံ (၇) ချက်ကို ရေးဆွဲတော့လည်း အချက်တိုင်းကို အ ဆင့်တိုင်း တိုက်ဖျက်သွားမည်လို့ဆိုသည် (ဘာမှလည်း မတိုက်ဖျက်နိုင်ခဲ့ပါ)။ ဖွဲ့စည်းပုံကို အတည်ပြုလိုက် တော့လည်း ငွေရသူများက ‘နိုး’ ကမ်ပိန်းကို လုပ်ကြသည်။ ကောင်းမွန်သည့် ဖွဲစည်းပုံဖြစ်ရေး အကြံပြု ဒီပလို မက် စကားပြောသူများကလည်း ခပ်များများပင်။ အန်အယ်လ်ဒီက အစ …။

နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲဆီကို တက်လှမ်းလာပြန်သည်။ ဒီအခါမှာလည်း ရွေးကောက်ပွဲ သမာ သမတ်ရှိရေး ရွေးကောက်ပွဲ ဥပဒေထွက်ဖို့ နှိုးဆော်မူတွေ လုပ်သလို ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖို့ ပြောကြပြန်သည်။ မပါရတော့လည်း မဲပေးခွင့်ရဖို့ တောင်းဆိုပြောဆိုနေကြသည်မှာ အင်မတန် စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသည် (၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို လက်မခံလျှင် ၂၀၁၀ ရွေးကောက်ပွဲကို စကားတောင် မဟသင့်ပါ။ ရွေးကောက်ပွဲကို ဆန့်ကျင်သည်ဆိုလျှင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘာကိုမှ စိတ်ဝင်စားစွာ ပြောနေစရာလိုမည်မထင်ပါ။ သပိတ်မှောက်ပါ ပြောနေသူက မဲပေးသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်စား သည်ဖြစ်ဖြစ်၊ မဲသွားပေးမိလျှင်ဖြစ်ဖြစ် သမိုင်းတွင် ကြီးမာသည့် အမှားကြီးတခုကို ကျူးလွန်သလို ဖြစ်သွာပါ လိမ့်မည်)။

ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဦးတည်ချက်ကို လုပ်ဖို့ မစဉ်းစားဘဲ စစ်အာဏာရှင်ကြိုးဆွဲရာ ကနေသူများအဖြစ် မိ မိကိုယ်ကိုယ်မိမိ ပြန်လည်စဉ်းစားသုံးသပ်သင့်ပါသည်။ မိမိတို့ လုပ်ရမည့် လုပ်ရပ်သည် ၈၈ ခုနှစ်ကတည်းက ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရေးအလုပ်ပင်ဖြစ်သည်။ အတိုက်အခံတွေ မညီညွတ်ခဲ့လို့ ရွေးကောက်ပွဲလမ်း ကြောင်းဆီကို ရောက်သွားခဲ့ရပြန်သည်။ ရွေးကောက်ပွဲတွင် လူထုက အန်အယ်လ်ဒီကို မဲအပြတ်အသတ် ပေး ခဲ့သည်။ စစ်တပ်က ပေးသည့် မဲများကိုပင် အန်အယ်လ်ဒီက ရခဲ့သည်။ မျိုးချစ်တပ်မတော်သားများက အန် အယ်လ်ဒီနှင့် ပူးပေါင်းခဲ့တာတွေလည်း ရှိသည်။

ယခုတာဝန်ယူထားသည့် အခွင့်ရေးသမားကြီးများကို မဆိုလိုပါ။ ဦးတင်ဦးတို့လို လူမျိုးတွေကို ဆိုလိုသည်။ ၈၈ က စွန့်လွှတ်စွန့်စားပါဝင်ခဲ့ကြသည့် တပ်မတော်သားများကို ပြောဆိုချင်တာဖြစ်သည်။ ဒီလို မဲအပြတ်အသတ် အနိုင်ရသည့် ပါတီကြီးလက်ထဲကို လူထုက လုပ်ပိုင်ခွင့်အာဏာတွေကို ထည့်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အ နိုင်ရခဲ့သည့် ပါတီကြီးက အာဏာရယူပြီး ပြည်သူလုထုပေးသည့် တာဝန်ကို ကျေရပါလိမ့်မည်။ တိုင်းပြည်ကို ဆင်းရဲမွဲတေမှုကနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရမည့်တာဝန် သူတို့ပခုံးပေါ် ရောက်နေပေသည်။ လူထုကတော့ တာဝန်တွေ ကျေခဲ့ပါပြီ။ အန်အယ်လ်ဒီပါတီကြီးကတော့ ဘာမှမလုပ်နိုင်ခဲ့ပါ။

သို့သော်လည်း အနှစ် (၂၀) ကာလအတွင်း အန်အယ်လ်ဒီပါတီကြီး လုံးပါးပါးသည့် အခြေအနေဆိုးကို ဆိုက် ရောက်ခဲ့ရသည်။ စစ်အာဏာရှင်၏ ဖိနှိပ်ရက်စက်မှုကြောင့် တခုတည်းလို့ ပြောလို့မရပါ။ ပါတီခေါင်းဆောင် များ၏ ခေါင်းဆောင်မှု အလွဲအမှားများနှင့် စီမံခန့်ခွဲမှုမဟာဗျုဟာ၊ နည်းဗျုဟာ အစီစဉ် ၁၊ ၂၊ ၃၊ ၄ စတာတွေ မရှိခဲ့သည့်အတွက် လုံးပါး ပါးလာခြင်းဖြစ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ထွက်ပေါ်လာခဲ့သော်ငြား အသက်ဝင်လှုပ်ရှားမှုမရှိဘဲ အိုကြီးအိုမ ကျန်းမာရေးမကောင်းသည့် တိုင်းရင်းသားခေါင်းဆောင်များက အန်အယ်လ်ဒီမျက်နှာကြည့်ပြီး ကပြအသုံး တော်ခံရသည်။ နိုင်ငံတကာစာမျက်နှာတွင် အန်အယ်လ်ဒီနာမည်ကို ယူထားပြီး စစ်အာဏာရှင်ကို မည်သည့် ဖီဆန်မျိုးကမျှ မလုပ်ဘဲ ရုံးတက်ရုံးဆင်း လူအိုရုံတွင် လမ်းလျှောက်နေသလို လုပ်နေကြသည့် ခေါင်းဆာင်ဆို သူများကြောင့် လက်အောက်ငယ်သား လူငယ်အဖွဲ့ဝင်များ အားမလိုအားမရဖြစ်ပြီး ကြုံရာတိုက်ပွဲကို မရဲတရဲ နှင့် နောက်ကွယ်က ပါဝင်ခဲ့ကြရှာသည်။ ရဲရဲတင်းတင်း ပါဝင်ပါက နောက်နေ့ထုတ် ပယ်စာရင်းတွင် ပါဝင်ပြီး ကြဉ်ဖယ်မှု စနစ်တကျလုပ်သည်ကို အန်အယ်လ်ဒီတက်ကြွလှုပ်ရှားသူများ ခံရသည်။

အန်အယ်လ်ဒီများ မည်သည့်လှုပ်ရှားမှုတွင်မဆို ၀န်းရံသည်ဆိုသည့်စကားသည် အလွန်မှန်ကန်ပါသည်။ ယခု ချိန်အထိ အန်အယ်လ်ဒီကို နိုင်ငံတကာစင်မြင့်ပေါ် ပခုံးထမ်းတင်ပေးနေသည့် အစတေးခံ အဖွဲ့ဝင်များကို ဤ စာနှင့် အလေးပြုဂုဏ်ယူမိပါသည်။ သို့သော် အန်အယ်လ်ဒီတခုလုံးအရ ပြောရမည်ဆိုလျှင် ၀န်းရံရမည့် အမျိုး အစားထဲကပဲ မထွက်နိုင်သေးသည့်အတွက် ရှက်စရာကောင်းလှသည်။ အန်အယ်လ်ဒီသည် ဦးဆောင်ရမည့် ပါတီကြီးဖြစ်သည်။ အန်အယ်လ်ဒီသည် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ရမည့် ပါတီကြီးဖြစ်သည်။

ထပ်ပြောပါဦးမည်။ စက်တင်ဘာ သံဃာလှုပ်ရှားမှုကြီး လုပ်သည့်အချိန်က အန်အယ်လ်ဒီသည် အစည်းအဝေး ထိုင်ကောင်းတုန်းဖြစ်သည်။ သံဃာတွေနှင့်အတူ လိုက်ပါသူများကို အပြစ်တင် ထုတ်ပစ်မည့် သဘောတွေ လေသံတွေ ပစ်သည်။ ဒီအထဲက တက်ကြွသည့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တချို့နှင့် လူငယ်တွေ အ မျိုးသမီးတွေကြောင့် သူတို့က ၀န်းရံသလို အသံထွက်ခဲ့သည်။ လက်တွေ့အားဖြင့် အန်အယလ်ဒီတခုလုံး ၀န်း ရံသည်လို့ မဆိုနိုင်ပေ။ သံဃာတွေနှင့် လိုက်ပါသူများသည်ပင် အပြစ်ရှိသလို စွပ်စွဲခံကြရသေးသည်။

ဒီလိုနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့နားကို သံဃာများ မေတ္တာပို့လမ်းလျှောက်ထွက်ခဲ့သည်။ ‘မတရားတဲ့ အမိန့်တွေကို ဖီဆန်တဲ့ သံဃာတွေက ကုလသမဂ္ဂက ကိုယ်စားလှယ်တောင် တွေ့ခွင့်မရတဲ့ သူတို့ရဲ့ ချစ်လှစွာ သော ဒါကာမကြီး’ ကို သွားရောက်တွေ့ဆုံခဲ့သည်။ လက်အုပ်လေးချီပြီး ရှစ်ခိုးဦးတင်တာမှအပ ဒေါ်အောင် ဆန်းစုကြည်က စစ်အာဏာရှင် ဥပဒေစက်ဝိုင်းထဲက ရုန်းထွက်ဖို့ စိတ်မကူးခဲ့ပေ။ လူထုကို ဦးဆောင်ဖို့ သူမကို အဘယ်အရာတွေက တားဆီးထားပါသနည်း။ သံဃာတွေကတောင် မကြောက်မရွံ့နှင့် သူမဆီကို ရောက် အောင်လာကြသည်၊ သူမက ဥပဒေမရှိသည့် တိုင်းပြည်တွင် ဥပဒေကြီးကို လေးစားလိုက်နာပြီး လူကြီးလူ ကောင်းဆန်ပြခဲ့သည်။ နောက်ဆုံးတွင်မူ လက်နက်မဲ့ မေတ္တာပို့သသည့် သံဃာတော်များသာ သွေးမြေကျပြီး သေနတ်ရှိသူတွေ၏ အာဏာစက်အောက်တွင် ထုထောင်းနှိပ်စက်ခံရပြီး လူလုံးမလှသည့် ဘ၀ကို ရဟန်းသံ ဃာ၊ ကျောင်းသားပြည်သူများ အခုထိ အကျဉ်းထောင်တွေထဲတွင် ခံစားနေရဆဲ ရှိနေပါသေးသည်။

ဒီလိုနှင့် ကံဆိုးလှသည့် မြန်မာပြည်သူတွေကို ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခတ်သည်။ သေလိုက် ကြေလိုက်ကြသည့် ပြည်သူတွေ၊ အစာရေစာ ပေးဖို့ လမ်းပေါ်တွင် သူတောင်းစားတွေပမာ လုယက်တောင်း စားနေရသည့် ပြည်သူတွေ၏ ဘ၀ကို နိုင်ငံတကာစာမျက်နှာများတွင် တွေ့ရပြန်သည်။ နိုင်ငံတကာအကူအညီ တွေကို အာဏာရှင်တွေက ပိတ်ပင်ထားသည်။ ပြည်သူ့အလှူရှင်တွေကို ဖမ်းဆီးတားမြစ်သည်။ ဤအချိန်တွင် နိုင်ငံတကာအကူအညီတွေ ရနိုင်ဖို့ ၁၉၉၀ ပြည်တွင် အနိုင်ရထားသည့် လူထုက ရွေးချယ်ထားသည့် ပါတီကြီး တွင် တာဝန်မရှိတော့ဘူးလားဟု မေးလိုသည်။ ဆုတွေ အများကြီး ဆွတ်ခူးထားသည့် ငြိမ်းချမ်ရေးနိုဘဲလ်ဆု ရှင်ကြီးကလည်း လူထုကို အကူအညီပေးဖို့ နိုင်ငံတကာကို ပြောရမည့် စကားကို နှုတ်ဆိတ်နေခဲ့သည်။ သဘာ ၀ဘေးဒဏ်ကြီးကြောင့် သောက်ရေတောင် သောက်စရာမရှိ ယခုထိ ဘ၀တွေပျက်နေရသည့် လူထုအတွက် ဘာလို့များ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေရသလဲဆိုသည်မှာ အံ့အားသင့်စရာ ဖြစ်ခဲ့ ရသည်။

သူတို့ လုပ်ခဲ့ပါသည်။ ပါတီအလံထောင်ပြီး မဖြစ်စလောက် သောက်ရေလေးတွေ၊ စားစရာလေးတွေ သွား ရောက်လှူဒါန်းခဲ့သည်။ တားလိုက်ဆီးလိုက်နှင့် သတင်းဖြစ်ခဲ့သည်။ ဒီ့ထက်ပိုပြီး သူတို့ ဘာမှမလုပ်နိုင်ခဲ့ပေ။ သို့သော် ဥပဒေနှင့် ငြိစွန်းစေမည့် ကိစ္စရပ်များအား သူတို့ ဘာမှမလုပ်နိုင်ဆိုသည့် သဘောထားကို မြင်တွေ့ လိုက်ရသည်။ သတင်းဌာနများကနေ ကြားနေရသည့် အင်တာဗျုးများပင်လျှင် နအဖကြီး စိတ်ဆိုးသွားမည်ကို စိုးရိမ်ပူပန်စွာနှင့် ထိန်းထိန်းသိမ်းသိမ်း ပြောနေရသည့် ပြောရေးဆိုခွင့်ရှိသူ၏ ဒုက္ခကိုလည်း မြန်မာပြည်သူလူ ထုအနေနှင့် ထင်ထင်ရှားရှား မြင်တွေ့ကြားသိရသည်။ လူနည်းစုဖြစ်သည့် တိုင်းရင်းသားခေါင်းဆောင်များပင် လျှင် သူတို့တာဝန်ကျေခဲ့ကြသည်။

သို့နှင့် အန်အယ်လ်ဒီကို ၀န်းရံပေးမိတာကို မှားများသွားပြီလားဟု လူထုတွေက တွေးတောလာကြသည်။ နိုင် ငံရေကို စိတ်မ၀င်စားတော့သည့်ပုံမျိုး ဖြစ်လာကြသည်။ နေ့စဉ် စားဝတ်နေရေးက သူတို့၏ အနာဂတ်ဖြစ်လာ သည်။ အန်အယ်လ်ဒီကိုပဲဖြစ်ဖြစ်၊ ကြံ့ဖွတ်ကိုပဲဖြစ်ဖြစ် သူတို့ အာရုံစိုက်ခြင်း မရှိတော့သည်ကိုတွေ့ရသည်။ ယ ခုလည်း တုပ်တုပ်မျှမလှုပ်၊ ခဲမှန်ဘူးသည့် စာသူငယ်များပမာ ဖြစ်နေရသည်က ပြည်သူတွေဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကို စိတ်ဝင်စားအောင်လုပ်နေသည်က ပြည်သူလူထုမဟုတ်ဘဲ အန်အယ်လ်ဒီနှင့် အတိုက်အခံ အင်အားစုတွေ၊ မီဒီယာတွေ ဖြစ်လာသည်ကို တွေ့ရသည်။

စစ်အာဏာရှင်တွေအတွက် ၀ါဒဖြန့်ချိပေးခဲ့သည်။ သူတို့လုပ်ရမည့် ၁၉၉၀ ပြည့်နှစ် ရလဒ်ကို မေ့လျော့နေကြ ပြီး ရွေးကောက်ပွဲအကြောင်းကို တွင်တွင်ပြောနေကြသည်။ နအဖကတော့ အေးအေးဆေးဆေးပင်။ ဒေါ် အောင်ဆန်းစုကြည်ကို အင်းစိန်ထဲထည့်ဖိုတောင် လုပ်ခဲ့သေးသည်။ ဒါလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ် ကြသည့် သူမ၏ အဖွဲ့ဝင်တွေကြောင့်နှင့် နိုင်ငံတကာဖိအားတွေကြောင့် နေအိမ်အကျယ်ချုပ်ကို စေတနာ မေတ္တာထားသည်ဆိုကာ ပြန်ပို့ခံခဲ့ရသည်။ စစ်အာဏာရှင်တွေကတော့ သူတို့လုပ်စရာရှိသည်များကို စနစ်တ ကျ ပြင်ဆင်သွားခဲ့သည်။ ပြင်ဆင်ပြီး အန်အယ်လ်ဒီကို စနစ်တကျ အေးအေးဆေးဆေး ဖျက်သိမ်းခဲ့သည်။

တိုင်းရင်းသားများကို စီးပွားရေးနှင့် ဖျက်ဆီးပြီး အပိုင်းပိုင်း အစိတ်စိတ် ဖြိုခွဲပြီး စီးပွားရေးကျွန်ဘ၀ကို သွတ် သွင်းခဲ့သည်။ နအဖတသိုက် အနှစ် (၂၀) ကျော် အောင်မြင်မှုတွေ ရလာခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် နိုင်ငံကိုတောင် ချဉ်းကပ်ပြီး လော်ဘီလုပ်ခဲ့သည်။ လွှတ်တော်အမတ်ဆိုသူတချို့ကို အသုံးချပြီး ချဉ်းကပ်ခဲ့ သည်။ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်မလာသော်ငြား ဘက်စုံဖွံ့ဖြိုးတိုးတက်ခေတ်မီသည့် နည်း စနစ်များနှင့် သူတို့အင်အားကိုသူတို့ အလျင်အမြန် တည်ဆောက်နိုင်ခဲ့သည်။

ယခုဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲ နီးလာလေပြီ။ ရွေးကောက်ပွဲကို ဆန့်ကျင်ကန်ကွက်နေရသည့် အင်အားစု လေးတွေ၏ လုပ်ရပ်ကလည်း တတိုင်းပြည်လုံး အခြေအနေကို မပြောင်းလဲနိုင်သော်ငြား ရသမျှ မီးပွားတစ လေးဖြစ်နိုး ခက်ခက်ခဲခဲ လုပ်နေကြသူများလည်းရှိသည်။ ရှေ့တန်းစစ်မျက်နှာများနှင့် ပြည်တွင်း၌ ရသမျှလက် နက်လေးများနှင့် တိုက်နေခိုက်နေကြသူများလည်း ရှိကြသည်။ သူတို့ အားနှင့်အင်မမျှ လုပ်နေကြပြီး ဇွဲမလျှော့ ဘဲ ကြိုးစားနေကြဆဲဖြစ်သည်။

နိုဝင်ဘာ (၁၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလေမလား မျှော်လင့်သူများလည်းရှိသည်။ အနှစ် (၂၀) ကျော်လုံး သူ အနစ်နာခံလုပ်နေတာပဲဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုရဲသည့်သူများ မရှိသည် ကလည်း ပုဂ္ဂိုလ်ရေးကိုးကွယ်သည့် စိတ်ဓာတ်တွေကြောင့်ဖြစ်သည်။ ထိုသို့သော လူများနှင့်တော့ ဒီမိုကရေစီ နိုင်ငံဖြစ်လာရန် အလားအလာ မကောင်းပါ။ သူများလုပ်သည်အထိ စောင့်နေချင်သူများ၏ မျှော်တော်ရောင် အတွေးအခေါ်တွေကြောင့်ဖြစ်သည်။

တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် လေးစားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် သည် ယခုကဲ့သို့ နှစ်ရှည်လများ အကျဉ်းကျနေစရာ အကြောင်းမရှိပေ။ အများ ပြောဆိုခံရမည် စိုးသည့်အ တွက်နှင့် ကိုယ်ယုံကြည်ရာကို မပြောရဲမဆိုရဲသည့်သူများ မရှိခဲ့လျှင် သို့တည်းမဟုတ် မိမိတို့၏ ခေါင်းဆောင် ဟု အသေအချာ သတ်မှတ်ထားခဲ့လျှင် အတိတ်ကာလကတည်းက အသက်နှင့်ရင်းပြီး သူမကို ကယ်ထုတ်သူ တွေ ရှိခဲ့လိမ့်မည်။

ကိယ့်ခေါင်းဆောင်အား ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းထားသည်ကို ကြေညာချက်နှင့် တောင်းဆို မှုအနေနှင့် ပြည်တွင်းပြည်ပမှ လူများက တာဝန်ကြီးတရပ်ကဲ့သို့ လုပ်နေကြသည်မှာ အဓိပ္ပါယ်မဲ့ လုပ်ရပ်များ ဖြစ်သည်။ စောင့်ပြီး တောင်းတိုင်းသာ ဒီမိုကရေစီရမည်ဆိုလျှင် မြန်မာပြည်သည် အနှစ် (၂၀) ကျော် ကြာမည် မဟုတ်။ အသက်အရွယ်တွေ ရလာကြပြီး တိုင်းပြည်ကို အုပ်ချုပ်ချိန်က သေလုမျောပါးဖြစ်နေချိန် မက်သည့် အိမ်မက်ထဲတွင်သာဖြစ်နိုင်သည်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ (၁၃) တွင် လွတ်ချင် လွတ်လာမည်၊ လွတ်ချင်မှလည်း လွတ်မည်။ လွတ်ခြင်း မလွတ်ခြင်းထက် ဘာလုပ်ကြမလဲဆိုသည်က အရေးကြီးသည်။ ဤအချိန်သည် နောက်ဆုံးရွေး ချယ်ရမည့် လမ်းကို ရောက်လာပေတော့မည်။ ယခုအချိန် ရွေးချယ်ရမည့် လမ်းသည် ၁၉၉၀ ပြည့်နှစ်တွင် အ နိုင်ရခဲ့သည့် ပါတီကြီးက ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ဖို့ ကြိုးစာရေးသာ အဓိကဖြစ်ပေတော့သည်။

About kotoethet

Ko Toe has written 2 post in this Website..