နာလည်းနင့်လိုပဲ ချောက်ယေးဒါပေါ့ Nonsense

စက်တင်ဘာ ၂၈ရက်နေ့မှာတင်တဲ့ MyFirstGreen ရဲ့ကဗျာ လျှောက်ရေးထားသည်။ ကိုခံစားပြီး ရေးပါသည်။

မျောက်ကြီးလိုမှိုင်
ငါထိုင်နေတယ်
ငှက်ပြောသီးတလုံးနဲ့ပေါ့။

မိုးထိမြင့်မား ဆန္ဒများနဲ့
ကျော်ရန်ပွိုင့်တသိန်း
အတင်းပဲဇွတ်
မျက်စိမှိတ်ရေးမှ
ရတော့မယ်။

တဦးပြီးတဦး
တသိန်းပြီးတသိန်း
ထုတ်သွားလိုက်ကြတာ
အမေ့အိမ်က
ပေးနေတဲ့အတိုင်း။

နောက်ဆုံးက
ကိုအီးတုံး
ဘယ်နှစ်သိန်း
ရှိပြီတုံး
နောက်နေကြတာလားဗျာ။

လူမှန်ရင် ခံစားချက်
ကြာလာတော့
ဗလောင်ဆူပွက်
နင်ကတကျပ်
ငါ့ကြတော့တမတ်
လုပ်ကြပါရှင် ရှင်တို့ကရဲတွေပဲ။

တခါတလေတော့လည်း
တကယ်လိုချင်ခဲ့တာမို့
စိတ်နာဟန်ဆောင်ကာ
ချွဲမူပိုလိုက်တယ်
လာစမ်းဟဲ့
ပို့စ်တင်ခ ပွိုင့်။

4 comments

  • etone

    September 29, 2010 at 5:04 am

    အောင်မလေးကိုကြောင်ကြီးရဲ့ …. ရေးစရာရှားလို့ အီးတုံးကိုပါ ကဗျာထဲထည့်ရေးရလား ။ 1ခါတည်းပါဗျာ …။တခြားလူတွေလည်း ပွိုင့်တွေအတွက်ထုတ်ပြီးတာ ရှိတာပဲကို … …… လူတလုံးတို့ဆိုရင် တစ်ခါပြီးလို့ အခုနောက်ထပ် Top Ten List မှာတောင် ပြန်စီနေပြီလေ ။ ( လူတလုံးရေ sorry ကွာ … ကြော်ငြာပေးတာပါ … 😀 ) byoke ကရော ဘယ်ရောက်သွားပါလိမ့်မတွေ့တာ ကြာပေ့ါ … တခြား nick တစ်ခုမှာလဲတွေ့တော့တွေ့မိပါရဲ့… ။

  • kyansitthar101

    September 29, 2010 at 9:55 am

    သိပ်ကောင်းတာဘဲ…………
    ပွိုင့် တိုးဖို့ အတွတ်စိတ်အားထက်သန်နေတယ်။
    ကျနော်လဲ အတူတူပါဘဲ။
    ဒါပေမယ့် ဒါမျိုးကဗျာတော့ မရေးတတ်ဘူး။ ရေးထားတာ လေးကအရမ်းကောင်းတယ်။
    ခံစားချက်ချင်းတူသွားလို့ လေ။

  • michaelaungpu

    September 29, 2010 at 10:11 am

    အလို ဒီရပ်ကွက်ထည်းမှာ အမွေဆိုင်ကိစ္စတွေနဲ ့ အခြေနေမကောင်းပါလား
    လစ်မှ

  • search123

    September 29, 2010 at 10:58 am

    အတူတူပါပဲ သူများတွေလို အရေးအသားမကောင်းတော့လည်းခက်သားလားနော်.
    အားကျတယ်အရမ်းပဲ…..အရေးအသားကောင်းတဲ့သူအားလုံးကို..

Leave a Reply