မင်းပြောတဲ့စကားအခွန်းတိုင်းကို
ငါ့နှလုံးသားထဲ
ကျောက်ထက်အက္ခရာ တင်ထားတယ်

မင်းအပြုံးလေး
သတိရလိုက်တိုင်း စိတ်လှုပ်ရှားနေလို့
ငါ့နှလုံးသားတွေ နာကျင်နေပြီ

မင်းမျက်ဝန်းလေး
ငါ့အသိဥာဏ်ထဲ စွဲမှတ်နေလို့
လုံးဝကို ရူးသွပ်ချင်နေပြီ

ကြည့်လိုက်တိုင်း နေရာတိုင်းမှာ
မင်းအကြောင်းတွေဘဲ ပြည့်နေလို့
ဘာကိုမှ သေချာမမြင်နိုင်တော့ဘူး

အချိန်တိုင်း အတွေးတိုင်းမှာ
မင်းအကြောင်းတွေဘဲ စိုးမိုးနေလို့
စိတ်တွေအရမ်း ပျံ့လွင့်နေပြီ

သတိမရပါဘူးလို့
အားတင်းရင်း အားတင်းရင်း
အတွေးထဲက ထုတ်လို့မရနိုင်ဘူး

မင်းကိုလွမ်းရလွန်းလို့
ငါ့နှလုံးသားတစ်ခုလုံး
နာကျင်နေပြီ။

ပြင်းထန်လွန်းတဲ့ နှလုံးခုန်သံက
ငါ့ရဲ့အသက်ရှင်သန်ချိန်ကို
. . . . . . . . . .တိုတောင်းစေတယ်။ ။

My First Green

About MyFirstGreen

First Green has written 12 post in this Website..