မင်းကို ချစ်တယ်

MyFirstGreenSeptember 29, 20101min714

မင်းပြောတဲ့စကားအခွန်းတိုင်းကို
ငါ့နှလုံးသားထဲ
ကျောက်ထက်အက္ခရာ တင်ထားတယ်

မင်းအပြုံးလေး
သတိရလိုက်တိုင်း စိတ်လှုပ်ရှားနေလို့
ငါ့နှလုံးသားတွေ နာကျင်နေပြီ

မင်းမျက်ဝန်းလေး
ငါ့အသိဉာဏ်ထဲ စွဲမှတ်နေလို့
လုံးဝကို ရူးသွပ်ချင်နေပြီ

ကြည့်လိုက်တိုင်း နေရာတိုင်းမှာ
မင်းအကြောင်းတွေဘဲ ပြည့်နေလို့
ဘာကိုမှ သေချာမမြင်နိုင်တော့ဘူး

အချိန်တိုင်း အတွေးတိုင်းမှာ
မင်းအကြောင်းတွေဘဲ စိုးမိုးနေလို့
စိတ်တွေအရမ်း ပျံ့လွင့်နေပြီ

သတိမရပါဘူးလို့
အားတင်းရင်း အားတင်းရင်း
အတွေးထဲက ထုတ်လို့မရနိုင်ဘူး

မင်းကိုလွမ်းရလွန်းလို့
ငါ့နှလုံးသားတစ်ခုလုံး
နာကျင်နေပြီ။

ပြင်းထန်လွန်းတဲ့ နှလုံးခုန်သံက
ငါ့ရဲ့အသက်ရှင်သန်ချိန်ကို
. . . . . . . . . .တိုတောင်းစေတယ်။ ။

My First Green

4 comments

  • bigcat

    September 29, 2010 at 5:43 am

    နောက်တာစိတ်မဆိုးလို့ ကျေးဇူးတင်ပါတယ်။ ကဗျာစပ်တာ myfristgreen ကတော်တော် ဝါသနာပါ တယ်နဲ့တူတယ်။ ကောင်းပါတယ် ကဗျာဝါသနာပါတော့ လူနုတာပေါ့။

    မင်းခြစ်ခဲ့ပါတယ်ဆိုတဲ့
    မီးခြစ်ကြိမ်အရေအတွက်
    ငါညှစ်ခဲ့ဖူးတဲ့
    ဝါဆာဘီပဲစပ်မှုန့် အထုတ်တွေကို
    မှီနိုင်ပါ့မလား

    မင်းပြုံးလိုက်ရင် ပေါ်လာတဲ့
    သွားတက်ဖွေးဖွေး
    ငါ့မှာရှိတဲ့ ဒရက်ကူလာ
    သွားတက်လောက်
    အသုံးဝင်မယ်မထင်

    သမင်မလို မင်းမျက်လုံး
    ငါမုန်းလို့ ဖုံးထားရတဲ့
    လစိ(လည်စေ့) လောက်လည်း
    မထင်ပေါ်

    အချိန်တိုင်း သတိရပါလို့
    ဖွဲ့လိုက်တယ် ချစ်သူ့ပုံရိပ်
    ညဉ့်နက်နက် လမိုက်ရက်မှာ
    တွေ့ဖူးတဲ့ နာနာဘာဝ။

    • MyFirstGreen

      September 29, 2010 at 8:23 am

      ဟီး ဟုတ်လား ကဗျာ ဝါသနာပါရင် နုတယ်ဆိုတာ … 😛
      အနော်ကတော့ မနုဘူး ။ အနော့် elder နဲ့ အတူသွားရင် အနော်က elder လို့ အထင်ခံရတာနော့် 😛

  • MyFirstGreen

    September 29, 2010 at 8:43 am

    ကဗျာစပ်တာ တော်တော်ဝါသနာပါတာတော့ မဟုတ်ဘူး… ။ ဒီလိုဘဲ အလိုလို ကဗျာဖြစ်ဖြစ်သွားတာ … ဟီး 😀

  • thuyamon

    October 10, 2010 at 8:23 pm

    အရမ်းမိုက်တယ်ဗျာ ခံစားချက်လေးတွေက တိုက်ဆိုင်လွန်းပါတယ်….နောက်လည်းဆက်ရေးပါဦး အားပေးနေပါမယ်

Leave a Reply