တွေးကြည့်လိုက်တော့

MyFirstGreenSeptember 29, 20101min630

မဟူရာကောင်းကင်ကြီးထဲမှာ
နေမင်းရယ် လမင်းရယ်
အစင်းပေါင်းများစွာ – လင်းလက်လို့

စကြာဝဠာကြီး အကြီးကြီးထဲက
ဟောဒီ ကမ္ဘာဆိုတဲ့ ဂြိုဟ် ပိစိလေးပေါ်မှာ
G ဆိုတဲ့ လူပိစိလေး က – ရပ်ကြည့်လို့

မျက်လုံးသေးသေးလေးနဲ့
မြင်နိုင်သမျှ တွေက
အရာအားလုံး မဟုတ်သေးပါဘူး

ငါတို့ မမြင်တွေ့ရသေးတဲ့
ခန်းနားကြီးကျယ်မှုများစွာက
အဆပေါင်းများစွာ ကျန်နေပါသေးတယ်။ ။

My First Green