ပြင်ဦးလွင်ကရက်ရက်စက်စက် လူသက်မှုကြီး ….

thihayarzarSeptember 29, 20101min43018

ပြင်ဦးလွင်မှရက်ရက်စက်စက်လူသက် အနုကြမ်းစီးတဲ့အမှုကြီးပါ..လွန်ခဲ့တဲ့ ၂၅.၉.၂၀၁ဝ ည ရးဝဝ လောက်မှာဖြစ်ခဲ့တာပါ… ဖြစ်ပုံမှာ အသက် ( ၅၂ )အရွယ်အမျိုးသမီးကြီးတစ်ယောက်ကို ရက်ရက်စက်စက် ဓားနှင့်အချက်ပေါင်းများစွာ ထိုးပြီးတော့ ပစ္စည်းများကိုယူသွားတာပါ… ပြင်ဦးလွင်ရဲ့မြို့လယ်ခေါင် မြို့ပတ်လမ်းနံဘေး စာပန်းအိမ် ဘော်ဒါဆောင် ရုံးချုပ်နားက အိမ်ကြီးတစ်အိမ်မှာပါ … အသက် (၅၂ )အရွယ်အမျိုးသမီး တစ်ဦးတည်းနေထိုင်တဲ့ အိမ်ကြီးမှာဖြစ်ပျက်ခဲ့တာပါ .. အမျိုးသမီးဟာ ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရပါတယ်.. ထိုမိန်းမကြီးကိုသတ်သွားတဲ့တရားခံဟာ .. အသက်က (၃၂)အရပ်ရှည်ရှည်နဲ့ဖြစ်ပါတယ်… တရားခံ၏ထွက်ဆိုချက်အရ ည ရးဝဝ လောက်အချိန်တွင်ဖြစ်ပါသည်… သူသည်အုတ်နံရံကိုကျော်တက်ပြီးအိမ်ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ် … သေဆုံးသူအမျိုးသမီးသည် အိမ်တံခါးများကိုပိတ်ပြီးတော့ တီဗီကြည့်နေတာပါ.. အိမ်ရဲ့နောက်ဖေးအပေါက်မှာ အသံကြားလို့ ထပြီးတံခါးဖွင့်ပြီး ကြည့်လိုက်ရာ တရားခံကအမျိုးသမီးကိုဆောင့်ထွန်းလိုက်ရာ လှဲကြသွားပါသည်… အမျိုးသမီးက ကယ်ကြပါဦး ဟုအော်ဟစ်အကူအညီတောင်းရာ တရားခံသည် အသင့်ပါလာသည့် ဓားဖြင့်ထိုးသတ်လိုက်ပါသည်… အဘယ်ကြောင့်အချက်ပေါင်းများစွာထိုးသတ်သွားသည်ကိုတော့ မေးမြန်းဆဲဖြစ်ပါတယ်… တရားခံသည် အိမ်အတွင်းမှာရှိတဲ့ သေတ္တာများကို တစ်လုံးခြင်းလိုက်လဲဖွင့်ပြီး ပစ္စည်းများကို လိုက်လံရှာပါတယ် …. ဘာပစ္စည်းမှရှာလို့မတွေ့တော့ တရားခံသည် လက်ကိုင်ဖုန်းတစ်လုံးနှင့် အိမ်ရှိဆိုင်ကယ်အား ယူပြီး မိထ္ထီလာဘက်ကိုသွားပြီး လက်ကိုင်ဖုန်းကို လိုက်လဲရောင်းချနေရာ ဖုန်းနံပါတ်အားမသိသဖြင့် နယ်မြေခံရဲများက မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ဖုန်းနံပါတ်များကို ဆက်သွယ်ကြည့်ရာ အမှုမှန်ပေါ်ပေါက်ခဲ့ပါတယ်….

သေဆုံးသူအမျိုးသမီးသည် ပြင်ဦးလွင်ကော်ဖီခြံတွင် အရာရှိတစ်ယောက်ဖြစ်ပါသည်.. သူသည်သားကောင်းမိခင်တစ်ယောက်လည်းဖြစ်ပါသည် … သူတွင်သားသုံးယောက်ရှိပါသည် …. အကြီးဆုံးသားသည် စစ်ဗိုလ်တစ်ယောက်ဖြစ်ပါသည် … နိုင်ငံတော်မှ ဗီယက်နမ်သို့ ပညာတော်သင် စေလွှက်ခြင်းကို ခံထားရသူဖြစ်ပါသည်….သားအလတ်သည် လည်း စစ်ဗိုလ် တစ်ယောက်ပင်ဖြစ်ပါသည် …. တိုက်ကြီးမြို့နယ် အမြှောက်တပ်တွင် တာဝန်ထမ်းဆောင်နေပါသည်… သားအငယ်ကတော့ မန်းတလေး အိုင်စီကျောင်းမှာ တက်နေပါတယ်… ထိုအမျိုးသမီးကို ရက်ရက်စက်စက်သတ်သွားတဲ့ တရားခံဟာ အမျိုးသမီး အား ဓားဖြင့် (၁၂)ချက်ထိုးသတ်ခဲ့ပါသည်.. သေလောက်သည့်ဓားချက်မှာ (၉)ချက်ပါဝင်နေပါသည်….သူသည် ပိုက်ဆံနှင့် ရတနာများထားရှိ သေတ္တာကို မတွေ့သဖြင့် တွေ့ရာကိုယူကာ ထွက်ပြေးသွားခြင်းဖြစ်ပါသည်… သေဆုံးသူအမျိုးသမီးအား ၂၇.၉.၂၀၁ဝ ရက်နေ့တွင် ဂူသွင်းသဂြိုလ်လိုက်ပါသည်…..

မှတ်ချက်။   ။ လူမျိုးရေး၊ဘာသာရေးထိခိုက်နိုင်သည့် အချက်အလက်တချို ့အယ်ဒီတာမှ ဖြတ်တောက်ထားသည်။ ( 9/29/2010 8:00pm PST)

18 comments

  • cobra

    September 29, 2010 at 7:55 am

    သေသေချာချာမရှာဘူး။

  • kyansitthar101

    September 29, 2010 at 9:35 am

    ကျနော် ဒီနေ့ မေမြို့ ရောက်ခဲ့တယ်။
    လမ်းဘေးမှာ မိန်းမ နှစ်ယောက်ပြောနေတာ ကြားလိုက်တယ်။
    အဘွားကြီးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ပြီးပစ္စည်းတွေယူသွားတယ် လို့ ပြောနေကြတယ်။
    ကျနော်လဲ သွားရင်းလာရင်းနဲ့ မို့လို့ သေချာ နားမထောင်လိုက်ရဘူး။

  • michaelaungpu

    September 29, 2010 at 10:06 am

    ဪ ဒါကြောင့် ဈေးထည်းမှာ ရုပ်ရုပ်
    ရုပ်ရုပ် ဖြစ်နေတာကိုး
    တစ်ချို ့ကတော့ သနားကြတာပေါ့နော် ရက်ရက်စက်စက် သတ်သွားတာကိုး တစ်ချို ့ကြတော့လဲ မဆီမဆိုင် စစ်တပ်ကကောင်တွေရဲ ့အမေပေါ့ဆိုပြီး ဘုနေကြတယ်
    တစ်ချို ့ကလည်း ကလားတွေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့
    တစ်ချို ့ကြတော့လည်း တော်တော်ညံ့တဲ့ကလားပေါ့
    ကျွန်တော်ကတော့ အမေတစ်ယောက် ပိုးဆိုးပက်စက် အသေခံလိုက် ရတဲ့သူတွေတွက် အရမ်းဝမ်းနည်းမိပါတယ်

  • kyawkyar

    September 29, 2010 at 10:06 am

    ဘာပဲပြောပြော….အခုလိုသားကောင်းမိခင်တယောက်ဆုံးရှုံးရတာနိုင်ငံတော်အတွက်နစ်နပါတယ်..ဒါပေမဲ့စစ်သားတွေမဟုတ်ရင်သိပ်ကောင်းမှာပဲ…..

  • search123

    September 29, 2010 at 10:39 am

    စစ်သား ဟုတ်ဟုတ် မဟုတ်ဟုတ် မိခင် ဆုံးရှုံးရတာဟာ သားသမီးတွေ အတွက် စိတ်အထိခိုက်ရဆုံး case ပါ..
    စစ်သားအမေ မို့လို့ဆိုတာနဲ့ မဆိုင်ပါဘူး…
    လူဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ရှင်သန်နေထိုင်နေကြရတာပဲလေ…ကိုယ့်စိတ်နဲ့ မကိုက်တာနဲ့တော့ ကောင်းတယ် မကောင်းဘူးဆိုတာ မပြောသင့်ပါဘူး..အမေ ဆိုတာ ဘယ်သူ့အမေ ဖြစ်ဖြစ် အမေပါပဲ…သားသမီးတိုင်းရဲ့နှလုံးသား..သားသမီးတိုင်းရဲ့အသွေးအသား…သားသမီးတိုင်းရဲ့အနှိုင်းမဲ့ ကျေးဇူးရှင်ပါ။

  • intro

    September 29, 2010 at 10:54 am

    အင်း… ဘာလို့များ တစ်အိမ်လုံးမှာ အမျိုးသမီးတစ်ဦးတည်း နေရတာလဲဗျာ… စိတ်မကောင်းပါဘူး.

  • ဆူး

    September 29, 2010 at 11:09 am

    ကြားရတဲ့ သတင်းက စိတ်မကောင်းစရာဘဲ။ ဘာတွေများ ရန်ငြိုးတွေ ရှိနေလို့လဲ ပိုက်ဆံအတွက်များ ကွယ်.. လွယ်လွယ်ရချင်တော့ လူသတ်မိတာပေါ့..

  • kopauk mandalay

    September 29, 2010 at 3:22 pm

    ကြားရတာစိတ်မကောင်းပါ။
    အခုလိုမလှပသော သေခြင်းမျိုးကိုတော့ မည်သူ့ကိုမှမကြုံစေချင်ပါ။
    ဝဋ်လည်တယ်လို့များဆိုရင် ကျနော်အပါအဝင်လောကမှာရှိသမျှသောလူသားတွေ
    ကြားမှာ ပြန်ပေးတာ ပြန်ယူတာ အသစ်ပြုတာဆိုတဲ့ ဝဋ်ကြွေးတွေအားလုံးကျေစေချင်ပါတယ်ဗျာ။
    မိခင်မဲ့သွားသော သားသမီးများအတွက် ဝမ်းနည်းကြောင်းပါဗျာ။

  • Machitsu

    September 30, 2010 at 1:33 am

    ဒီသတင်း တင်ပေးတဲ့အတွက်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တင်ပေးတဲ့သူမှာ လူမျိုးရေး မုန်းတီးမှုများ ရှိသနေလား ထင်ရအောင် မလိုအပ်တဲ့ သတင်းအချက်အလက်ကို အတင်းကာရော ထည့်ထားတဲ့ အတွက် စိတ်ပျက်မိပါကြောင်း။

  • etone

    September 30, 2010 at 2:08 am

    စိတ်မကောင်းစရာပဲ အသေဆိုးနဲ့သေရတယ်လို့ …။
    Machitsu ပြောသလိုလူမှူရေးမုန်းတီးမှူတွေတင်ပေးတဲ့လူမှာရှိမရှိတော့မသိပေမဲ့ သတ်သွားတဲ့လူနာမည်အတိကျမသိရသေးခင် သူပုံပန်းသွင်ပြင်ကြည့်ပြီး ကုလားလို့ပြောတာ မလိုအပ်တဲ့သတင်းအချက်လက်ကိုအတင်းကာရော ထည့်ပေးရာမရောက်ပါဘူး။
    လူတယောက်လုံးကိုတောင် ရက်ရက်စက်စက်သတ်သွားရက်ခဲ့တဲ့ အပြစ်သားရဲ့ နာမည်မှမသိပဲ ခေါ်တတ်သလိုခေါ်တော့မှာပေါ့ ။
    ်သတ်မှတ်ချက်တစ်ခုခေါ်တာဟာ သူ့အပြစ်တွေနဲ့ နှိုင်းစားရင် အပြတ်သတ်ကွာပါတယ် ။

  • bigcat

    September 30, 2010 at 2:22 am

    မချစ်စုပြောတာ ထောက်ခံပါတယ်။ ဘာကြောင့် လူမျိုးရေးဆန်တဲ့ စာလုံးတွေကို မလိုအပ်ပဲ ထည့်ရေးရမှာလဲ။ အခုဟာက လူမျိုးရော ဘာသာရော နှစ်ခုစလုံး ပါနေတာတော့ ဆိုးပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ကွဲပြားခြားနားတဲ့ အုပ်စုတွေကို ရည်ညွှန်းတဲ့ ပုဂ္ဂလိက ခံစားချက်တွေကို အများနဲ့ဆိုင်တဲ့ နေရာတွေမှာ သိုသိုသိပ်သိပ်ရေးတာ သင့်တော်ပါလိမ့်မယ်။ ကျွန်နော်တို့လည်း အရင်က ကိုယ့်တိုင်းပြည်မှာ ကိုယ်နေတော့ သိပ်ပြီးနားမလည်ခဲ့ဘူး။ ပြည်ပရောက်လို့ ကိုယ်ကလူနည်းစုဝင် ဖြစ်သွားရင် စာနာနိုင်ပါလိမ့်မယ်။ ကမာ္ဘမှာ မြန်မာဆိုတာ သေးသေးလေးပါ။

  • Machitsu

    September 30, 2010 at 2:42 am

    အသားမည်းမည်း မြင်ရင် ကုလား၊ ဖြူစွပ်နေတာမြင်ရင် တရုပ်၊ ရွှေရောင် ဆံပင်လေးနဲ ့များ မြင်ရင် ဘို ဆိုပြီး အလွယ်တကူ ခေါ်ကြတာကို အပြစ်မပြောလိုပါ။ ဒါပေမယ့် သိက္ခာရှိတဲ့ သတင်းစာ၊ အဆင့်အတန်းရှိတဲ့ သတင်းထောက်တို ့ရဲ့ သတင်းတွေမှာ ပြစ်မှုပြုလုပ်သူဟာ ဘယ်ဘာသာဝင် ပါလို ့ ဘယ်တုန်းကမှ မဖော်ပြကြပါဘူး။ ဘယ်တုန်းကမှလဲ မဖတ်မိဖူးပါဘူး။ သတင်းက သတင်း မဖြစ်ပဲ အတင်းသဘောဆန်နေလို ့ ထောက်ပြတာ တစ်ခုပါပဲ။ ကျွန်မ ဘယ်သူနဲ ့မှ စကားအခြေအတင် မပြောလိုပါ။ လွန်တာရှိ ဝန္ဒာမိပါ။

  • Ba Gyi Taw

    September 30, 2010 at 5:38 am

    ဟိန္နူ ကို (ကုလည်) ၊ မွတ်ဆလင် ကို (ကုလား) လို ့အကြမ်းဖျင်း ခွဲ နိုင်ပေမယ့် ၊ ကုလားရုပ်၊ကုလားမျိုးဖြစ်ပြီး ဗုဒ္ဒ ဘာသာကိုးကွယ်တဲ့ သူတွေရှိနေတယ်လေ ။ တရုပ် မျိုးလို ့ပြောပြီး အန်းကုန်း တို ့၊ သရဲကြီး တို ့ပူဇော်နေတဲ့ ၊တရုပ် စာကို (၁။၂။၃။၄) လောက်သာရွတ်ပြီး အတယ် ၊ အားမား လုပ်နေတဲ့ ငချိပ်တရုပ်တွေလဲ ရှိနေတာဘဲလေ ။

  • thihayarzar

    October 5, 2010 at 8:16 pm

    ကျွန်တော်ဟာ ကုလားများကိုအရမ်းမုန်းပါသည်….. မွေးကတည်းကကို မုန်းတာပါ …. ဘာလို့ရယ်တော့မသိဘူးဗျ …. သိတာတွေတော့ မပြောပြတော့ပါဘူး …. ဒါပေမဲ့ အခုလူသတ်တရားခံဟာ ကုလား(မွတ်ဆလင်)တစ်ယောက်ဖြစ်ပါသည်…. ပြစ်မှုဖြစ်ပွားခဲ့တဲ့ အိမ်နားလေးကပါ …. အထင်ကိုပြောတာ မဟုတ်ပါဘူး ….. မယုံရင်နီးစပ်ရာကို စုံစမ်းကြည့်ပါ…..ကျွန်တော်လည်းနောက်ထပ်မရောက်သေးတဲ့အတွက် ပြည့်စုံအောင် မတင်နိုင်တာ ခွင့်လွှက်ပါ ….

  • Machitsu

    October 7, 2010 at 3:22 am

    ဪ … တော်ကြာနေ ကိုယ်မွေးလာတဲ့ သားသမီးလေးတွေက ကုလားသွေးလည်း မပါရပါပဲနဲ ့ ကုလားရုပ်ကလေးများ ထွက်လာပါဦးမယ်။ စိတ်ကိုလျှော့ပါရှင်။

  • michaelaungpu

    October 7, 2010 at 4:41 am

    (ထပ်ပြီးကြပ်ဦးမှ)
    တကယ်တော့ ဒီစာပုဒ်ကလေးဟာ သတင်းတစ်ပုဒ်ဘဲဖြစ်ပါတယ်။
    သတင်းရဲ ့သဘောဟာ ဒီလို ရှိရပါတယ်လို ့ လူတစ်ယောက်က ပြောတာပေါ့ဗျာကျွန်တော့်ကို
    ဥပမာ သေနေတယ်ပေါ့ လူတစ်ယောက် ထားပါတော့ရွာသူကြီး ကျွန်တော်ဆိုလည်းရပါတယ်
    ပိုးစိုးပက်စက်ကြီးပေါ့ဗျာ သတင်းသမားဟာ သေဆုံးသူနှင့် တရားခံ ကို မိမိလိုသလို ရေးလို ့မရပါဘူး။
    သက်ဆိုင်ရာမှု ့ခင်းဌာနရဲ ့ထုပ်ပြန်ချက်ကို ကိုးကားလို ့ရပါတယ်။ သက်ဆိုင်ရာကလည်းကိုယ်လိုသလို ထုတ်ပြန်လို ့မရနိုင်ပြန်ပါဘူး
    စာအုပ်ထည်းက ကိုဒဥပဒေကိုပြောတာပါ ကျန်တာတော့တိဝူး
    ရွာမှာတော့ ထမီခိုးတဲ့ကောင်မိရင်ဝိုင်းဘေကြတာဘဲ။

  • thidakywewa1

    October 7, 2010 at 6:46 am

    စိတ်မကောင်းစရာပဲ ။အဝေးရောက်နေတဲ့ သားတွေ ဘယ်လိုဖြေမလဲမသိဘူးနော် ။ ရိုးရိုးသေတာဆိုတမျိုးဖြေသိမ့်လို့ရတာပေါ့ ။ အဲလိုကြီးဆိုတော့ တကယ်မခံစားနိုင်ဘူး။

  • meengelay

    October 7, 2010 at 11:21 am

    သနားဖို့ကောင်းတဲ့ ဖြစ်ရပ်လေးပါပဲ ဒါပေမယ့် ဘယ်သူမို့ ဘယ်ဝါမို့နဲ့ မဆိုင်ပါဘူး လူတိုင်းမိခင်ဆုံးရှုံးမှာကိုတော့ ကြောက်ကြတာပါပဲ ပစ္စည်းပဲယူရင် တော်ပြိပေါ့ လူပါသတ်စရာလား မေတ္တာမဲ့တဲ့ လုပ်ရပ်မျိုး နောက်ထပ်မဖြစ်ကြပါစေနဲ့

Leave a Reply