ဘုန်းကြီးတွေဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲတော့မသိတော့ဘူး။

cobraSeptember 29, 20101min27617

သိရင်ပြောပြကြပါ…

ဒါဘာတွေလုပ်နေတာလဲဆိုတာ။

forward mail မှရောက်လာခြင်းဖြစ်သည်။

17 comments

  • fatty

    September 29, 2010 at 8:16 am

    ဘုန်းကြိးတွေထိထိမိမိ အသုဘ ကမဌန်းရှုတာလဲဖြစ်နိုင်တယ် ဒါမှမဟုတ် anatomy ကိုလေ့လာချင်တာလားမသိဘူး။

  • char too lan

    September 29, 2010 at 9:48 am

    (ခန္ဓာ တရားများ ရှုနေသော နိုင်ငံခြားမှ ဆရာတော်များ)
    ကျွန်တော်တို့သေရင် ဘာမှ တန်ဖိုး မရှိတော့တဲ့ အပုပ်ကောင်ကြီးပါ။မသေခင်တော့ အရေးမပါတဲ့ ငါဆိုတဲ့အတ္တတွေ မာန်မာန တွေကို အမှိုက် ပုံးထဲ လွှတ်ပစ်ပြီး အများ အကျိုးအတွက် အများ ဆန္ဒသဘောတိုင်း လိုက်နာကျပါ စို့ယခု ဓာတ်ပုံ ကလေးကိုကြည်ပြိး တရား ရကျပါဆို့

  • michaelaungpu

    September 29, 2010 at 9:53 am

    ရွှေဘိုက ငပိန် ပြောတဲ့အတိုင်းပါဘဲ ဟဲဟဲ
    တစ်ရွာတည်းသားခြင်းတွေ ့
    တွေ ့ရတာဝမ်းသာပါတယ်

  • intro

    September 29, 2010 at 10:43 am

    အသည်းယားစရာကြီးဗျာ…

  • ဆူး

    September 29, 2010 at 11:51 am

    အပေါ်ဆုံး နှစ်ပုံက အသားအရေက ဝင်းပြီး ခြောက်ရှုံ့သွားတဲ့ ကိုယ်ခန္ဓာ အမျိုးအစား ထင်တာတော့ ထင်တယ် ဘာထင်လဲလို့ မပြောတော့ဘူး။ အောက်က ပုံကို ကြည့်တော့ သာမာန် လူသေကောင်ကို ရင်ခွဲရုံမှာ ရင်ခွဲတာ ကြည့်နေသလိုဘဲ ထင်တယ်။ သာမာန်လူနဲ့ အသားအရေ ခြောက်တဲ့ ကိုယ်ခန္ဓာနဲ့ ကွာခြားတာ ကို လေ့လာ စစ်ဆေးနေတာ လို့ထင်ပါတယ်။

  • kopauk mandalay

    September 29, 2010 at 3:55 pm

    အသုဘ ကမ္မဌာန်းရူ့ဘို့ ကြွလာတယ်လို့ထင်ပါတယ်။
    မမြဲသော အပုတ်ကောင်ရုပ်ဆောင်တယ်ဆိုတာကို
    လက်တွေ့ရူ့မြင်ရအောင်လာတာလဲဖြစ်နိုင်ပါတယ်။
    အလဟသတော့လာပြီးကြည့်မှာမဟုတ်ဘူးလို့ယုံကြည်ပါတယ်။ အပြင်မှာများမြင်ရရင်ဘယ်လိုနေမယ်မသိဘူး၊
    ဓါတ်ပုံမြင်ရတာကို စိတ်ထဲမှာ တစ်မျိုးကြီးဘဲဗျာ။သေသွားရင် တန်ဘိုးမဲ့သွားတာကတော့အမှန်ပါဘဲ။

  • weiwei

    September 29, 2010 at 6:35 pm

    ကမ္မဌာန်းတရားအားထုတ်ရာမှာ ခန္ဓာကိုယ်ကို ၃၂ ပုံခွဲပြီး ရှုရတယ့် ကမ္မဌာန်းအတွက် လက်တွေ့လေ့လာနေတယ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်ကြီးကို တစစီခွဲစိတ်ကြည့်လိုက်ရင် ငါဆိုတယ့် ပညတ်ပျောက်ပြီး စွဲလန်းတယ့်အတ္တလဲပျောက်သွားနိုင်တယ့်အတွက် တရားသဘောနဲ့ကြည့်ပြီး ဆင်ခြင်သင့်ပါတယ်။

  • pan pan

    September 30, 2010 at 3:49 am

    အသုဘ ကမ္မဌာန်းရှုတာပါ။ လက်တွေ့ မျက်မြင်ရှုတာပေ့ါ။

  • thidakywewa1

    October 7, 2010 at 6:49 am

    တရားမရှိဘူးပဲပြောပြော နာကတော့ကြောက်တယ်။ ကြည်ရဲဘူး။

  • Infinitexs

    August 29, 2011 at 3:39 pm

    ကျနော်တို့လုပ်ရတော့မှာပါဗျား။ 2nd yr ရောက်ရင်။ ဟီး

  • R Ga

    August 29, 2011 at 3:52 pm

    တရားရစရာ အနေနဲ့ ကြည့်တာနေမှာပါ။ ခန္ဒာ ငါးပါး။ ရုပ်နာမ် ၂ပါး။။။။ ဒီခန္ဒာကြီးရှိနေသ၍ တော့ ဝေဒနာ ဆိုတာ ရှိနေဦးမှာပဲလေ.။

  • hmee

    August 29, 2011 at 4:20 pm

    အမလေး ဘာလဲလို့ ဝင်ကြည့်ပါတယ် ကြောက်စရာကြီးပါလား။ ကမ္မဌါန်းတရား ကျင့်တာ ထင်တယ်နော်။

  • manawphyulay

    August 29, 2011 at 5:12 pm

    ကမ္မဌါန်းတရား ကျင့်တာ ဖြစ်မယ်ထင်တယ်နော်။ ဆေးကျောင်းသားတွေ လေ့လာသလိုမျိုးပဲ။

  • zaw min

    August 29, 2011 at 8:22 pm

    လက်တွေ့ကျကျမှ နှစ်သက်တက်တဲ့ နိုင်ငံခြားက ဆရာတော်တွေလို့ ထင်ပါတယ်၊လက်တွေ့ကမ္မဌာန်းရူ့နေစဉ်ဟုထင်ရပါတယ်၊ချာတူးလန်ရဲ့ ကွန်မန်းကိုသဘောကျတယ်၊တကယ်တော့ ယခုပိုင်ဆိုင်ထားတဲ့ ခန္ဒာကိုယ်ကြီးက ဘာမှတန်ဖိုးမရှိပါဘူး၊တန်ဖိုးရှိသွားအောင် မိမိမသေခင်ထဲက မိမိရဲ့ခန္ဒာကြီးကိုလှူတန်းခဲ့မယ်ဆိုရင် တစ်စုံတစ်ယောက်သောသူကို တစ်စုံတစ်ခုအကျိုးကျေးဇူးပေးလိုက်နိုင်တယ်ဆိုရင်တော့ တန်ဖိုးရှိသွားပီပေါ့။

  • ငရဲသား

    August 29, 2011 at 9:48 pm

    သေရင် အသက်မရှိ ၊ အနိစ္စ ၊
    ဒုုက္ခ ၊
    အနတ္တ ၊

  • Sonny

    August 29, 2011 at 11:50 pm

    အပုတ်ကောင်ရုပ်ဆောင် တာကိုရှုမြင်ကြတာနေမှာပါ။ ရေမွှေးများ ကိုယ်လိမ်းပေါင်ဒါများ နှုတ်ခမ်းနီများ Deodorant များ ကိုယ်သန့်စင်ဆေးများ ဂေါင်းလိမ်းဆီများ မကယ်နိုင်သော ဤခန္ဓာ။ ဘာမာန်မာနများ ကြီးစရာလိုသလဲ။

Leave a Reply