အဝေးရောက်မြန်မာတွေထဲက ..ရွှေဘိုသားတွေများရှိရင် …..

fattySeptember 29, 20101min732

ရွှေဘိုမြို့ အ.ထ.က.( ၁ ) မှ အာစရိယပူဇော်ပွဲ ကို တဆောင်မုန်းလပြည့်နေ့မှာ ကျင်းပ ပါမယ်။ အဝေးရောက် နေသူများရှိရင် ဆက်သွယ်နိုင်အောင် အကြောင်းကြား
ရခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာက ပင်စင်စားဆရာဆရာမကြီးများ ကျောင်းသူကျောင်းသားဟောင်းများ နှစ်စဉ်လာကြပါတယ်။
ဒါရိုက်တာကြည်စိုးထွန်း လဲရွှေဘိုသားမို့လာလေ့ရှိပါတယ်။ ဆရာဆရာမတွေကို အာစရိယ ဂုဏ်တော အရ ပူဇော်တဲ့ဓလေ့ဟာ မြန်မာတနိုင်ငံမှာဘဲရှိတယ်လို့မှတ်သားဘူးပါတယ်။ တဆင့်စကားတဆင့်ကျေးဇူးပြုပြီး အကြောင်းကြားပေးကြပါ။

2 comments

  • kai

    September 29, 2010 at 9:21 am

    ငါးမည်ရတဲ့ ရွေဘိုမြို ့အမည်လေး.. ရေးပါဦး..ရွေဘိုသားရေ..။
    နောက်ပြီး..တန်ဆောင်မုန်းလပြည့်နေ့က..ဘယ်နေကျသလဲ..ဆိုတာလေးပါ..ရေးပါဦး။
    အဟင်း..
    နိုင်ငံခြားမှာ..မြန်မာပြက္ခဒိန်က… ရှာရခက်သဗျ..။

    တလက်စထဲ .. မှတ်တမ်းကျန်သွားအောင်.. နောက်မြို ့တခုပါ ရေးကြည့်မယ်..။
    ပြင်ဦးလွင်
    တောင်လှေကား
    မေမြို ့
    ပန်းမြို ့တော်
    ..?

    သီချင်းတွေသိတဲ့..ကိုပေါက်တော့ လွယ်လွယ်ဖြည့်ပေးနိုင်မယ်ထင်ပါရဲ့..။

  • fatty

    September 29, 2010 at 10:08 am

    အေးဗျာ ကျနော်က ရွှေဘိုသမိုင်းရေးမှ ထည့်မလို့ပါ …ဒီလိုဗျ ..ရွှေဘိုမြို့ကို ..
    ရန်ကြီးအောင်
    ကုန်းဘောင်
    ရတနာသိင်္ခ
    မုဆိုးဘို
    ပြည်ရွှေဘ ို…လို့ ငါးမည်ရပါတယ်။
    တန်ဆောင်မုန်းလပြည့်က november 21
    တနင်္ဂနွေ နေ့ကျပါတယ်ခင်ဗျား ..။

Leave a Reply