ကျွန်တော်က ခေါက်ရိုးကျိုးနေသော လူကြောက်တစ်ယောက်ပါ။

အာဂSeptember 29, 20101min18415

မသိအောင် ၊မတတ်အောင် လုပ်ထားခြင်း ခံရလေလေ

အလိုလို ကြောက်ရွံ့လေပဲ။

ဆင်းရဲမှာကို ကြောက်လို့
ငတ်မှာကို ကြောက်လို့
သိက္ခာကြမှာကိုကြောက်လို့
ဂုဏ်ငယ်ရှိမှာကို ကြောက်လို့
ကြောက်တတ်တဲ့ ဆွေမျိုးတွေကိုကြောက်လို့
ကြောက်တတ်တဲ့ မိဘတွေကိုကြောက်လို့
ကြောက်တတ်တဲ့ ချစ်သူကိုကြောက်လို့
ကြောက်တတ်တဲ့ ဆရာကိုကြောက်လို့။
ရှူး …တိုး…တိုး…ပြောပါကွာလို့
ကြောက်တတ်တဲ့ သူငယ်ချင်းကသတိပေးတဲ့ စကားကို ကြောက်လို့
ကြောက်တတ်တဲ့ အလုပ်ရှင်ကိုကြောက်လို့
ကြောက်တတ်တဲ့ လူကြီးလူကောင်းကိုကြောက်လို့
သွေးသံရဲရဲတွေကို ကြောက်လို့
သေနတ်တွေ၊ ဓားတွေ၊တုတ်တွေ၊ကြိုးတွေ လှောင်အိမ်တွေ၊ထောက်ချောက်တွေကိုကြောက်လို့
ကြောက်လို့လိုက်လုပ်ရတဲ့သူကို ကြောက်လို့
လုပ်ပိုင်ခွင့်ကလေး ပျောက်သွားမှာကိုကြောက်လို့
ကြောက်လို့….
ကြောက်လို့…..
ကြောက်လို့……..
ကြောက်လို့……….အနာဂတ် တစ်ခုလုံး…လုံးပါးပါးခဲ့…။
ကျွန်တော်အပါအဝင် ကြောက်တတ်တဲ့ ပတ်ဝင်းကျင်သာ
ကြားဖူးတဲ့ စကားပုံတစ်ခုအတိုင်း ကြောက်တတ်ရင်သိပ်ကောင်းမှာပဲ။
`သူရဲကောင်းတို့ အကြောက်ဆုံးအရာက ကြောက်ရမှာကို ကြောက်တာပါပဲ´
ကဲ … ဘယ်အချိန်အထိ ကျွန်တော်ကြောက်နေရဦးမှာလဲ..
ခင်းဗျာတို့ရော……………..။

(ကြောက်ရမှာကိုကြောက်သောသူရဲကောင်းလမ်းလျောက်သမားများသို့)

15 comments

  • MyFirstGreen

    September 29, 2010 at 9:48 am

    ဒီကဗျာလေးကို အရမ်းကြိုက်တယ်…။
    ဆုံးရှုံးရမှာ ကြောက်ရွံ့မှုကြောင့် ဆုံးရှုံးရတာတွေ ပိုများတာပါ။

  • MyFirstGreen

    September 29, 2010 at 9:53 am

    ကွန့်မန့်ကို like တာမဟုတ်ဘဲ ကဗျာကို ဘယ်နားမှာ Like လို့ရမလဲ အဲဒါရှာတာ မတွေ့ဘူး…

  • nwl

    September 29, 2010 at 10:00 am

    အခုလဲ နည်းနည်းတောင်ကြောက်နေသလိုပဲ ကဗျာဆရာရေ … ကဗျာလေးကိုတော့ ကြိုက်ပါတယ် …
    ကဗျာလေးကိုလဲ Like လုပ်ချင်ပါတယ် ဒါပေမဲ့ ရှာမတွေ့ဘူး သိရင်ပြောပေးပါဦး …

  • char too lan

    September 29, 2010 at 10:22 am

    ကျနော်က တီကောင်နဲ့မြွေတွေကို ကြောက်တယ်
    ပီးတော့ တစ္ဆေကြောက်တယ် အမြဲတမ်းကြောက်နေတာကတော့ သူများပြောတာခံရမှာကြောက်တယ်။ အဲဒါကြောင့်အပြောမခံရအောင် အမှားမဖြစ်အောင် ကိုယ့်ကိုယ်ကိုအမြဲဂရုစိုက်နေပါတယ်ခင်ဗျာ………

  • michaelaungpu

    September 29, 2010 at 1:45 pm

    သိပ်ကြောက်နေကြသလား
    မကြောက်ပါနဲ ့
    မိုးပေါ်ထောင်ပစ်နေတာပါ
    ကြောက်တယ်ဆိုတာ ငါရှိလို ့ကြောက်တာပါ ငါမရှိရင် ကြောက်စရာ မလိုတော့ဘူး ငါမရှိအောင်ငါ့ကိုယ်ငါ ပွဲပြီးသွားအောင်စီမံလိုက်လေ
    ဟီးးးးးးးးးးး
    နောက်တာ သိပ်ကောင်းတာပဲ
    ရင်းတွင်းဖြစ်တွေလား အဲ့သည်လို လုပ်ပါကြစမ်း

  • R Ga

    October 10, 2012 at 4:25 pm

    အရင်က အဟောင်းလေးတွေပြန်ဖတ်မိတော့ လည်း တစ်မျိုးတစ်မည် ခံစားရတယ်ဗျ.။

    michaelaungpuဆိုတာ က အခုနာမည်တစ်မျိုး ဖြစ်နေသလို။
    Nwl ဆိုတာကလည်း အနော့ မိန်းမဖြစ်နေသတဲ့..။
    ချာတူးလန်ကိုတာ့ အဲဒီတုန်းက ယောက်ျားလေးမှတ်ခဲ့ တာ..။ အခုတော့ မိန်းကလေးမှန်းလည်းသိ။ သူမြွေတွေ တီတွေကြောက်မှန်းလည်းသိခဲ့။

    • mayjuly

      October 10, 2012 at 4:49 pm

      ကြော်ငြာဝင်တာများလားမသိ .. :kwi:

  • etone

    October 10, 2012 at 6:50 pm

    တခြားဟာတွေကြောက်တာပြသနာ မရှိဘူး
    မိန်းမအလုပ်ကူလုပ်ရမှာမကြောက်နဲ့ :kwi:
    ယောက္ခမခိုင်းတာ လုပ်ရမှာ မကြောက်နဲ့ :harr:
    ခယ်မလေးကို စာပြပေးရမှာမကြောက်နဲ့ ဟိဟိ :hee:

    • R Ga

      October 11, 2012 at 12:57 pm

      သားအကြောက်ဆုံးအလုပ်က အဲဒါတွေပဲ မမ အီတုံးရဲ့ 😀

      • etone

        October 11, 2012 at 4:36 pm

        ကြောက်တယ်ပြောပြီး ……… တကတည်းနော် …… ဟွင်းဟွင်း …

        ပိုးဖလံမျိုး .. မီးကို တိုးဆိုတာ … သူမှ အစစ် …

        ခွိခွိ .. နှိပ်ပြီး ပြေးဘီ 😉

  • Shwe Ei

    October 11, 2012 at 9:19 am

    မိန်းမ မသိအောင် အရက်ခိုးသောက်တာကျ ဘာခေါ်တလဲ ကိုဂ။
    ကြောက်တာလား ချစ်တာလား ခိခိ။ :mrgreen:

    • R Ga

      October 11, 2012 at 1:23 pm

      ဒါက ကလို ရှိသတဲ့ နံပါတ် ၁ အနေနဲ့ပြောရမယ် ဆိုရင် ပြောပြီးသောက်ရင် သူက နည်းနည်းသောက်တို့။ မသောက်နဲ့တို့ စသဖြင့် အမှာစကားတွေ
      လာဦးမယ်ဂျ..။ ဒီတော့ ခိုးသောက်တယ်။ အမှန်ပြောရရင် ချစ်လို့ပေါ့။ အဟိ..။ သူလည်းလာဖတ်မှာဆိုတော့လေ ။ ချစ်ကြောက် ယိုသေ အဲ ရိုသေပေါ့ဂျာ

    • etone

      October 11, 2012 at 4:44 pm

      မကြည်ပြာကလည်းအေ သိဘူးလား .. အဲ့ဒါ…… ကြောက်သလိုလို ၊ ချစ်သလိုလို လုပ်ပြီးးးးးးးးးးးး မထုံတတ်တေးနဲ့ … ပြောင်ကျကျ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာအေ့ …. ။ အဲ့လို လူမျိုး ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာလျှင် ငရုတ်ကျည့်ပွေ့စာကျွေးပစ်ရတယ်လို့ …. တို့အဖွားတွေ ပြောဖူးတယ် …. ။
      (မနွယ်ပင် ဖတ်မိပါစေ …. ခွိခွိ .. ကျလိ ..ကျလိ .. ) 😆

  • surmi

    October 11, 2012 at 1:42 pm

    ပြန်ဖတ်ရတော ့လည်း လွမ်းစရာတွေပေါ ့နော်
    ဒါနဲ ့
    အဲဒီအချိန်တုန်းက တစိမ်းတွေပဲထင်တယ်
    ခုတော ့ လက်တွဲဖေါ်တွေပေါ ့
    ကျုပ်လည်း တစ်ခါတစ်လေ အဟောင်းတွေရှာဖတ်ရင်း ဟိုတွေးဒီတွေး

Leave a Reply